အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၇၇၉၁ ဦးထပ်မံတွေ့ရှိ

ဂျကာတာ ဇူလိုင် ၂၈

 


အင်ဒိုနီးရှားနိုင်ငံ၌     လွန်ခဲ့သော တစ်ရက်တာအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၄၇၇၉၁ ဦး တွေ့ရှိခဲ့ရာ    ရောဂါကူးစက်ခံရသူ ပေါင်း  ၃၂၈၇၇၂၇    ဦးရှိလာကြောင်း နှင့်         အဆိုပါရောဂါကြောင့်     ၁၈၂၄  ဦး    ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း  ၈၈၆၅၉     ဦး ရှိလာကြောင်း        ကျန်းမာရေး ဝန်ကြီးဌာနက   ယနေ့ပြောကြား သည်။ 

 


အလားတူ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၃၈၅၆ ဦးမှာ  ဆေးရုံမှဆင်းသွားခဲ့သဖြင့် ပြန်လည်ကျန်းမာလာသူပေါင်း  ၂၆၄၀၆၇၆    ဦး       ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ပြော ကြားသည်။ 

 


လက်ရှိအချိန်တွင် နိုင်ငံအတွင်း ရှိ  လူဦးရေထူထပ်သည့်  ဂျာဗား ကျွန်းနှင့်  ကမ္ဘာလှည့်ခရီးသည် များ အပန်းဖြေရာ   ဘာလီကျွန်း အပါအဝင် ဒေသအများအပြား၌ အသွားအလာကန့်သတ်မှုများကို အစိုးရက ချမှတ်ထားသည်။

 


အင်ဒိုနီးရှားနိုင်ငံတွင်     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် စလုံးထိုးနှံပြီးစီးသူ  ၁၉ ဒသမ ၁၀ သန်းရှိပြီး        ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ       ၄၅ ဒသမ ၇၃ သန်းရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက    ပြောကြား သည်။     

 


                   ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ