
မနီလာ ဇူလိုင် ၂၈
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၇၈ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၁၅၆၆၆၆၇ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန် သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၈၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၂၇၄၀၁ ဦးရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၆၁၄၉ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၁၄၈၄၇၁၄ ဦးရှိလာ ပြီဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင် နိုင်ငံ၌ ပြည်သူ ၁၅ သန်းကျော်အား ရောဂါရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်