
နေပြည်တော် ဇူလိုင် ၂၉
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH ၊ NUGနှင့် PDF အဖွဲ့များ သည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလျက်ရှိသည့်အချိန်တွင် ပြည်သူလူထုကို အကြောက်တရားလွှမ်းမိုးနေစေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူလူထုအားနည်းမျိုးစုံအသုံးပြု၍ သတ်ဖြတ်ခြင်း၊ အများပြည်သူ လူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်းစသည့် လုပ်ရပ်များကို လူသားချင်းစာနာထောက်ထားမှုမရှိဘဲ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဖမ်းဆီး ထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့ည နေပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း/ ၈၅၊ ၈၆ လမ်းကြားရှိ မြတောင်ဘုန်းကြီး ကျောင်းတိုက်အတွင်း အကြမ်းဖက်သူများ ခိုအောင်း နေကြောင်း သတင်းအရ တိုက်အုပ်ဆရာတော်ကြီးထံ လျှောက်ထားခွင့်ပန်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး အဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဖောက်ခွဲရေး တာဝန်ခံ နေလဝင်း(ခ)နို့ဆီဘူး ၃၇ နှစ် (ယာပုံ)(ဘ)ဦးနေဝင်းကို ရှော့တိုက် လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်းအကြီး လေးတောင့်၊ အကြမ်းဖက် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအများအပြား နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မြတောင်ဘုန်းကြီးကျောင်းတိုက် ဝင်းအတွင်းရှိ ဦးဩဘာသကျောင်းကို သတင်းအရ ဆက်လက်ရှာဖွေဖော်ထုတ်ခဲ့ရာ Air Gun အတို တစ်လက်၊ လက်လုပ်မိုင်းအကြီး ၁၄ လုံးနှင့် ငွေကျပ် သိန်း ၂၅၀ ကို ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့ပြီး တရားခံ များအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မန္တလေးမြို့အတွင်း ခိုအောင်းလျက်ရှိသော အကြမ်းဖက်အဖွဲ့များမှ မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးမှုများကို ကြီးမားစွာပြုလုပ်နိုင်ရေး ကြံစည်လျက်ရှိပြီး ၎င်းတို့၏ အဖျက်လုပ်ရပ်များ ဖြစ်ပွားမှုမရှိစေရေး၊ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ ရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်