
နေပြည်တော် ဇူလိုင် ၃၁
အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှုမရှိဘဲ တရားမဝင် အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အပြစ်မဲ့ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်း၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် လုယက်မှုများကိုပါ ကျူးလွန် လျက်ရှိရာ ထိုသို့ တရားဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်နေမှုကို ထပ်မံဖြစ်ပွားမှု မရှိစေရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းမှု များ ဆောင်ရွက်လျက်ရှိရာတွင် အစွန်းရောက် လူငယ်များအနေ ဖြင့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အုပ်ချုပ် ရေးမှူးများအား အဓိကပစ်မှတ် ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက် နိုင်ရေးအတွက် ခင်ကျော်(UNRA)နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့နှင့် ချိတ်ဆက်၍ သင်တန်းတက် ရောက်လျက်ရှိကြောင်း သိရှိရ သဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၄ ရက် တွင် စမ်းချောင်းမြို့နယ်၌ စမ်းချောင်း PDF အဖွဲ့ဝင် ကျော် ဇောဟိန်း(၃၂နှစ်)၊ ဂျယ်ရီ ကောင်းထက်(၂၉နှစ်)၊ ပြည့်စုံသူ (၃၀နှစ်)တို့ကို လည်းကောင်း၊ ဂျွန်ကိုကို (၂၁နှစ်)ကို Hi Puppy Dog Spa ဆိုင်၌ Glock ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ရှစ်တောင့်နှင့် လည်းကောင်း၊ သက်ကိုကိုထွေး (၂၅နှစ်)နှင့် ခိုင်ခိုင်ဝင်း (၂၇နှစ်)တို့ကို သင်္ဃန်း ကျွန်းမြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သက် ကိုကိုထွေး၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၌ ထက် အောင်ဝင်း(၃၀နှစ်)ကို ဖမ်းဆီး ရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၁၄)ရပ်ကွက် တိုက်(၂၂) အခန်း(၁၀၁)ရှိ သက် ကိုကိုထွေး၏နေအိမ်မှ လက်လုပ် မိုင်းမျိုးစုံ ၂၇ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လည်း ကောင်း၊ အောင်ရဲဝင်း (ဖမ်းဆီးရန် ကျန်)၏ နေအိမ်မှ MG လက်ပစ်ဗုံး နှစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ၉ မမကျည် အတောင့် ၂၀၊ လက်လုပ်မိုင်းမျိုးစုံ ၃၆ လုံးနှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် ယဉ် လဲ့လဲ့သူ (၂၂နှစ်)နှင့် အိဖြူသန့်(ခ)Emilly (၂၂နှစ်) တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်ခိုင်ဝင်း၏ ထွက်ဆိုချက်အရ ဇူလိုင် ၁၈ ရက် တွင် ဗဟန်းမြို့နယ်၌ ဖြိုးမိုးသိင်္ခ (၁၇နှစ်)ကို လည်းကောင်း၊ လှိုင် မြို့နယ်၌ တင်ထွဋ်(ခ)တင်ထွဋ် ပိုင်(၃၁နှစ်)နှင့် အောင်မင်းဦး (၂၁နှစ်)တို့နှစ်ဦးကို ပစ္စတို တစ်လက်၊ ၎င်းကျည် အတောင့် ၃၀၊ ကျည်အိမ်နှစ်ခု၊ လက်လုပ် မိုင်းမျိုးစုံငါးလုံးနှင့် လက်လုပ်မိုင်း ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ သည်။
တရားခံ တင်ထွဋ်ပိုင်၏ ထွက်ဆိုချက်အရ ဇူလိုင် ၂၀ ရက် တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၅)ရပ်ကွက် ဦးအုန်းလွင်လမ်းရှိ အပ်ချုပ်စက်ပစ္စည်းများ သိုလှောင် ထားသည့် ဂိုဒေါင်အား ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ကောင်း ပြည့်စုံ(၁၆နှစ်)၊ အာကာမင်းထက် (၂၂နှစ်)၊ ထက်ကိုဦး (၂၃နှစ်)တို့ကို လက်လုပ်သေနတ် တစ်လက်၊ ၉ မမကျည်၂၃၈တောင့်၊ ကျည်အိမ် သုံးခု၊ လက်လုပ်မိုင်းမျိုးစုံ ကိုးလုံး နှင့် လက်လုပ်သေနတ်ပြုလုပ်ရန် သေနတ် အစိတ်အပိုင်းမျိုးစုံနှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဝင်းပပ(ခ)ရွှေဖြိုး(၂၄နှစ်)ကို လည်း ကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌ ရဲရင့်ကျော်(ခ)ရဲရင့် (၂၄နှစ်)နှင့် ကျော်သီဟ(၂၂နှစ်)တို့ကို လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ အိဖြူသန့်(ခ)Emi-lly၏ ထွက်ဆိုချက်အရ ဇူလိုင် ၂၃ ရက်တွင် ခိုင်သဇင်ဦး (၃၆နှစ်)အား မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေးအတွင်း၌ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် အတောင့် ၂၀၊ MG1 လက်ပစ်ဗုံး သုံးလုံး၊ ၎င်းစနက်တံ သုံးခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာဒုံ မြို့နယ် အနန်းပင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ လက်လုပ် သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၁၄၈ တောင့်နှင့် လက်လုပ်မိုင်း ပြုလုပ်သည့် ဆက်စပ်ပစ္စည်း များကို လည်းကောင်း၊ ဇူလိုင် ၂၄ ရက်တွင် အိဇာနွေ(ခ)မအိ (၃၈နှစ်)နှင့် မြင့်မြတ်စု(ခ)မကိတ် (၃၅နှစ်)ကို လည်းကောင်း၊ တရားခံ ရဲရင့် ကျော်၏ ထွက်ဆို ချက်အရ ဒေါ်စန်းကြည် (၆၀နှစ်) ကို မြောက်ဥက္ကလာပမြို့နယ်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ဆက်စပ် ဖောက်ခွဲရေးသတင်း အရ ဇူလိုင် ၂၁ ရက်တွင် မင်္ဂလာ ဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံ၌ ထက်ဝေယံ(၂၀နှစ်)ကို ဖမ်းဆီး ရမိခဲ့ကာ ၎င်း၏ထွက်ဆိုချက်အရ ယဉ်ကျေး(၂၀နှစ်)၊ ချစ်ရင်ထူး (၂၃နှစ်)၊ အောင်ကိုဝင်း(၄၁နှစ်)တို့ကို တိုက်ကြီးမြို့နယ် သပြု ကျေးရွာအနီး၌ လက်လုပ်မိုင်း နှစ်လုံး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း ၈၅ လုံးနှင့် လက်လုပ်မိုင်းပြုလုပ် ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်တရားခံများဖြစ် သော ထက်ဝေဦး(၂၁နှစ်)၊ အောင် ဇော်လွင် (၂၂နှစ်)၊ ထူးခန့်ထည် အောင်(၂၀နှစ်)၊ မင်းအောင်ခန့် (၂၁နှစ်)နှင့် အောင်သူရဦး(၂၀နှစ်) တို့ကို တိုက်ကြီးမြို့နယ် ကျွဲဘုတ် ကျေးရွာလမ်းဆုံ၌ လည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် ရီဝေထွန်း (၃၁နှစ်)အား လက်ပစ်ဗုံးတစ်လုံး၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် အစိတ်အပိုင်း မျိုးစုံတို့နှင့်အတူ စမ်းချောင်းမြို့နယ်၌ လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံ အိဇာနွေ၏ ထွက်ဆို ချက်အရ ဇူလိုင် ၂၈ ရက်တွင် မရမ်းကုန်းမြို့နယ်၌ လျှန်တိုး မြင့်ဦး(၃၈နှစ်)ကို လည်းကောင်း၊ တရားခံ ခိုင်သဇင်ဦး၏ ထွက်ဆို ချက်အရ ဇူလိုင် ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၌ အေးမင်းထွန်း (ခ)ဇူးလူး(၄၃နှစ်)ကို လည်း ကောင်း၊ အိဇာနွေ၏ ထွက်ဆိုချက် အရ ဥမ္မာအောင် (၄၀နှစ်)ကို ဗဟန်းမြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများအနက် သက်ကိုကို ထွေး၊ ကျော်သီဟ၊ ဇင်ယော် (ဖမ်းဆီးရန်ကျန်)၊ အောင်ဇော် လွင်၊ ယဉ်ကျေး၊ ထက်ဝေဦး၊
မင်းအောင်းခန့်တို့သည် KNLA၊ တပ်မဟာ(၁)နယ်မြေ၌ လည်း ကောင်း၊ ကျော်ဇောဟိန်း၊ ဂျယ်ရီ ကောင်းထက်၊ ပြည့်စုံသူ၊ ကျော် ဇေယျာဝင်း (ဖမ်းဆီးရန်ကျန်)တို့သည် KNLA၊ တပ်မဟာ(၇)နယ်မြေ၌ လည်းကောင်း၊ ထက် ကိုဦး၊ အာကာမင်းထက်တို့သည် KNLA၊ တပ်မဟာ(၅) နယ်မြေ၌ လည်းကောင်း၊ အောင်သူရဦးသည် လိုင်ဇာအနီး KIA စခန်း၌ လည်း ကောင်း၊ ထူးခန့်ထည်အောင် သည် TNLA နယ်မြေ၌ လည်း ကောင်း ဖောက်ခွဲရေးသင်တန်း များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့သော တရားခံများအနက် ကျော်ဇော ဟိန်းသည် ဇူလိုင် ၂ ရက်တွင် ပြည့်စုံသူ၊ အလင်းသစ် (ဖမ်းဆီး ရန်ကျန်)အပါ ရှစ်ဦးနှင့်အတူ မြေနီကုန်းတံတား၊ ကြော်ငြာ ဆိုင်းဘုတ်အနီးတွင် လက်လုပ်မိုင်း ဖောက်ခွဲခဲ့ကြောင်း သိရသည်။
တရားခံ သက်ကိုကိုထွေး သည် ဇွန် ၁၀ ရက်တွင် သင်္ဃန်း ကျွန်းမြို့နယ် ငမိုးရိပ်(၅)လမ်းထိပ် ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ငမိုးရိပ်(၉)လမ်းရှိ အပြစ်မဲ့ပြည်သူ တစ်ဦး၏ နေအိမ်အနီး၌ လည်း ကောင်း၊ ဇွန် ၂၃ ရက်တွင် ထက် အောင်ဝင်းနှင့်အတူ ငမိုးရိပ်(၆)လမ်းတွင် မြောင်းမြမုန့်ဟင်းခါး ဆိုင်အနီးရှိ အပြစ်မဲ့ပြည်သူ တစ်ဦး၏နေအိမ်ကို လည်း ကောင်း၊ ဇွန် ၂၆ ရက်တွင် ငမိုး ရိပ်ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ တစ်ဦး၏ နေအိမ်ခြံဝင်းအနီး၌ လည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် စံပြ(၆)လမ်းရှိ အပြစ်မဲ့ပြည်သူ တစ်ဦး၏နေအိမ်ကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် လေးထောင့် ကန်လမ်းမပေါ်ရှိ အေဝမ်း ဆောက်လုပ်ရေးပစ္စည်း ဆိုင်အနီး တွင်လည်းကောင်း လက်လုပ်ရီမု မိုင်းနှင့် ချိန်ကိုက်ဗုံးများ ဖောက်ခွဲ ခဲ့ကြောင်း သိရသည်။
တရားခံ ဝင်းပပသည် မေ ၅ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ရဲညီထက် ၏ ဦးဆောင်မှုဖြင့် အောင်ကျော် မြင့်ဦး၊ ရန်နိုင်၊ အောင်မြင့်မြတ်၊ သန့်ဇင်တို့နှင့်အတူ ကိုဝိုင်း(ခ)နံပါတ်ဖိုးထံမှ လက်လုပ်မိုင်းရယူ ပြီး ဒဂုံတက္ကသိုလ်ကျောင်းဝင်း အတွင်း ပြေးဆွဲသည့် YBS ယာဉ် ပေါ်တွင် ဖောက်ခွဲသည့်ဖြစ်စဉ်၌ ပါဝင်ခဲ့ကြောင်းနှင့် တရားခံ တင်ထွဋ်ပိုင်သည် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ အပ်ချုပ်စက် ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်တွင် အာကာမင်းထက်၊ ကောင်းပြည့်စုံ၊ ထက်ကိုဦးတို့ကိုလက်လုပ်မိုင်းနှင့် လက်လုပ် သေနတ်များ လုပ်ဆောင်ရန် စေခိုင်းခဲ့ကြောင်း သိရသည်။
တရားခံ ခိုင်သဇင်ဦးသည် UAE နိုင်ငံတွင်နေထိုင်သူ ဖမ်းဆီး ရန်ကျန် တရားခံ အောင်နိုင်ဝင်း (ခ)ကိုအောင်နှင့် ဟန်သာမြင့်ဦး တို့၏ ခိုင်းစေမှုဖြင့် ဇွန်လတွင် အေးမင်းထွန်း(ခ) ဇူးလူးထံမှ Glock ပစ္စတိုနှစ်လက်၊ CZ ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၂၀၃ တောင့်၊ လက်ပစ်ဗုံးခြောက်လုံး တို့ကိုလည်းကောင်း၊ တိုးတိုး (ဖမ်းဆီးရန်ကျန်)ထံမှ ဒီတိုနေတာ ၄၅ ခုကို လည်းကောင်း ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါလက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ အနက်မှ Glock ပစ္စတိုတစ်လက်၊ ကျည် ၁၀ တောင့်အား ကျော်ဇောဟိန်း ထံသို့ လည်းကောင်း၊ Glock ပစ္စတိုတစ်လက်၊ ကျည် ၂၅တောင့် အား အိဖြူသန့်(ခ) Emilly ထံသို့ လည်းကောင်း၊ လက်ပစ်ဗုံးသုံးလုံး အား ရဲရင့်ကျော်ကို လည်းကောင်း ပေးအပ်ခဲ့ပြီး ရဲရင့်ကျော်မှ လက်ပစ်ဗုံးများအား ဒေါ်စန်း ကြည်ထံသို့ ရောင်းချခဲ့ကြောင်း ဒေါ်စန်းကြည်မှ သိန်းထွန်း (ဖမ်းဆီးရန်ကျန်)ထံ အဆင့်ဆင့် ပြန်လည် ရောင်းချခဲ့ကြောင်း၊ တရားခံ အာကာမင်းထက်သည် ကိုဝိုင်း(ခ)နံပါတ်ဖိုး(ဖမ်းဆီးရန် ကျန်)ထံမှရရှိသော ပစ္စတို နှစ်လက်၊ ကျည်အတောင့် ၃၀ တို့အား တင်ထွဋ်ပိုင်ထံ ပေးအပ် ခဲ့ကြောင်း သိရသည်။
တရားခံ ထက်ဝေယံသည် ဧပြီလဒုတိယပတ်တွင် ချစ်ရင် ထူး၏ ချိတ်ဆက်ပေးမှုဖြင့် တိုက်ကြီးမြို့နယ် သပြုကျေးရွာရှိ အောင်နိုင်(ခ)နဂါး (ဖမ်းဆီးရန် ကျန်) ခြံအတွင်း ယာယီအဆောက် အဦ ဆောက်လုပ်၍ ချစ်ရင်ထူး၊ အောင်ဇော်လွင်၊ ဖိုးဇော်(ဖမ်းဆီး ရန်ကျန်)၊ ယဉ်ကျေးတို့နှင့်အတူ နေထိုင်ခဲ့ပြီး မေလပထမပတ်မှ စ၍ ဖမ်းဆီးရန်ကျန်သူများဖြစ် သည့် သူသူဇင်၊ ထက်ထက်တို့နှင့် လက်လုပ်ဗုံးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက်တွင် တရားခံ ကျော်စိုး (ဖမ်းဆီးရန်ကျန်)သည် သက်ကိုကိုထွေးနှင့် အာကာ (ဖမ်းဆီးရန်ကျန်)အား ရွှေနန်း တော်ရတနာ ရွှေဆိုင်များအား တစ်ချိန်တည်းဖောက်ခွဲ လုယက် မည့်အစီအစဉ်ကို ပြောကြားခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကျော်စိုးမှ သက်ကိုကိုထွေး၊ ထက်အောင်ဝင်း၊ ဇင်ယော်၊ ဆုပိုပိုအောင်(ခ)စာကလေး၊ ခိုင်ခိုင်ဝင်းတို့အား ၎င်း၏ယာဉ်ဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် သက်ကိုကိုထွေးအား ၂၃ လမ်း၊ ရွှေနန်းတော်ရွှေဆိုင်နှင့် ထက် အောင်ဝင်းအား ၁၉ လမ်းရှိ ရွှေနန်းတော် ရွှေဆိုင်တို့အား မွန်းလွဲပိုင်းတွင် တစ်ချိန်တည်း ဖောက်ခွဲ၍ ဝင်ရောက်လုယက်ရန် လက်လုပ်မိုင်းများ ထုတ်ပေးခဲ့ ကြောင်း သိရသည်။
တရားခံ ကျော်စိုးမှ လမ်းမတော်ရွှေဆိုင်အား ဖောက်ခွဲ ရန် ရွှေပေါက္ကံ PDF အဖွဲ့ဝင်များ ဖြစ်သည့် ဇင်ယော်၊ ရဲလင်း၊ စိုင်းမင်းခန့်တို့အား ဖောက်ခွဲရေး အဖွဲ့အဖြစ် စေခိုင်းခဲ့ပြီး စောင့် ကြည့်အဖွဲ့အား ဆုပိုပိုအောင်(ခ)စာကလေး၊ မျိုးပပနှင့် အာကာ တို့မှ ဆောင်ရွက်ရန်နှင့် ပန်တာ မှ ဖောက်ခွဲပြီးပါက ရွှေထည် များအား ဝင်ရောက်လုယက်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များ အနေ ဖြင့် ဖောက်ခွဲမှုများအား တစ်ချိန် တည်း ဆောင်ရွက်ရန် စီစဉ်ထား သော်လည်း လက်ဝတ်ရတနာများ အား ခွဲဝေခြင်းမပြုလုပ်လိုသဖြင့် လမ်းမတော်ရှိဆိုင်အား ဇင်ယော် ဦးဆောင်သည့်အဖွဲ့မှ သတ်မှတ် ချိန်ထက်စော၍ ဖောက်ခွဲခဲ့သဖြင့် သက်ကိုကိုထွေးနှင့် ထက်အောင် ဝင်းတို့သည် ၎င်းတို့ ဖောက်ခွဲ ရမည့် ရွှေဆိုင်များအား ဖောက်ခွဲ ခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ပထမပတ်ခန့်တွင် အောင်ဇော်လွင်၊ ယဉ်ကျေး၊ ချစ်ရင်ထူးနှင့် ထက်ဝေယံတို့မှ လက်လုပ်မိုင်း ၃၅ လုံးအား
လက်ပံတန်းPDF အဖွဲ့ခေါင်းဆောင် လူရှင်း (ဖမ်းဆီးရန်ကျန်)ထံ ရောင်းချခဲ့ကြောင်း၊ ထက်ဝေယံ သည် Nero geal ခြောက်တောင့်၊ ဒီတိုနေတာ ၂၄ ခု၊ ကလိုရိုက် တစ်အိတ်အား စမ်းချောင်းမြို့နယ် နေ ရီဝေထွန်းထံမှရယူပြီး လက်လုပ်မိုင်းများ ထပ်မံပြုလုပ် နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ အား ဦးဆောင်သူ အောင်နိုင်(ခေါ်)နဂါးမှ လုံခြုံရေးအဖွဲ့များနှင့် အဆောက်အဦများအား အချိန် ကိုက်ဖောက်ခွဲနိုင်ရန် ချိန်ကိုက် မိုင်းနှစ်လုံးအား Emilly ထံ ဆက် သွယ်၍ မှာယူခဲ့ကြောင်း သိရ သည်။
တရားခံ သျှန်တိုးမြင့်ဦးသည် အစ်ကိုဖြစ်သူ ဟန်သာမြင့်ဦး (ဖမ်းဆီးရန်ကျန်) ၏ စေခိုင်းချက် အရ အမည်မသိ အမျိုးသမီးနှစ်ဦး ထံမှ ငွေကျပ် ၂၈ သိန်းနှင့် ခိုင်သဇင်ဦးထံမှ ငွေကျပ်သိန်း ၆၀ စုစုပေါင်းငွေကျပ် ၈၈ သိန်းခန့် လက်ခံရရှိခဲ့ပြီး ၎င်းငွေများအား ခိုင်သဇင်ဦးထံ လက်နက်/ ခဲယမ်း များ ရောင်းဝယ်မှုပြုလုပ်ရန်နှင့် ကျန်ငွေများအား ဖောက်ခွဲရေး လုပ်ငန်းများတွင် သုံးစွဲထားရှိ ကြောင်း၊ လက်ကျန်ငွေ ၄၂ သိန်း အား ဂိုဒေါင်၌ ဝှက်ထားခဲ့ ရာမှ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။
ဒဂုံမြို့နယ် ယောမင်းကြီး လမ်း အိုလံပစ်ဘားအပေါ်ထပ် တိုက်ခန်းတွင် လက်လုပ်မိုင်းများ အားပြုလုပ်၍ ရန်ကုန်မြို့အတွင်း ရှိ အကြမ်းဖက်အဖွဲ့များထံသို့ ပြန်လည်ဖြန့်ဖြူးရန် ရည်ရွယ်၍ တရားမဝင် ဖွဲ့စည်းထားသည့် RRAT (Rangon Revolution Attack Team)အဖွဲ့မှ မင်းစိုး(ခ)ကိုနစ်(ဖမ်းဆီးရန်ကျန်)၏ စည်းရုံး မှုကြောင့် အိဖြူသန့်(ခ) Emilly၊ ယဉ်လဲ့လဲ့သူ၊ အိဇာနွေနှင့် မြင့်မြတ်ဆုတို့လေးဦးသည် RRAT အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့် အတူ နေထိုင်ခဲ့ကြောင်း၊ ၎င်း တိုက်ခန်းတွင် မင်းစိုး(ခ)ကိုနစ် (မေ ၁၈ ရက်တွင် တိုက်ခန်း၌ လက်လုပ်မိုင်း ပြုလုပ်ရာမှ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ)မှ ဦးဆောင်ကာ ဒိုက်၊ ပြည့်ဖြိုးကျော်၊ စိုင်းသီဟ၊ ယဉ်လဲ့လဲ့သူတို့သည် လက်လုပ်မိုင်းများ ရောင်းချခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား တိုက်ခိုက်ရန်လုပ်ဆောင် မည့် ရန်ကုန်မြို့တွင်း ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများတွင် ပါဝင်သော စမ်းချောင်းမြို့နယ် PDF အဖွဲ့ဝင် ကျော်ဇောဟိန်းအပါ တရားခံလေးဦး၊ သင်္ဃန်းကျွန်း မြို့နယ် PDF အဖွဲ့ဝင် သက်ကိုကို ထွေးအပါ တရားခံလေးဦး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် အာကာမင်းထက်အပါ တရားခံလေးဦး၊ ရွှေပေါက္ကံ PDF အဖွဲ့ဝင် တင်ထွဋ်ပိုင်အပါ တရားခံ သုံးဦး၊ တိုက်ကြီးမြို့နယ် PDF အဖွဲ့ဝင် ထက်ဝေယံအပါ တရားခံ ၁၀ ဦးနှင့် ဆက်စပ်တရားခံ ခြောက်ဦး၊ စုစုပေါင်း တရားခံ ၃၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုသေနတ် သုံးလက်၊ လုပ်သေနတ်နှစ်လက်၊ ကျည်မျိုးစုံ ၄၆၄ တောင့်၊ ကျည် အိမ်ခုနစ်ခု၊ လက်လုပ်မိုင်းမျိုးစုံ ၇၉ လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၈၅ လုံး၊ လက်ပစ်ဗုံးခြောက်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဒီတိုနေတာ ၄၅ ခု၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိသူများ အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရ သည်။
သတင်းစဉ်