မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်း ဂက်စ်သေနတ်၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင် ၃၁    

 

အကြမ်းဖက်    အဖွဲ့အစည်းများ   ဖြစ်သည့် CRPH၊ NUG နှင့်  PDF အဖွဲ့များသည်   နိုင်ငံတော်တည် ငြိမ်အေးချမ်းမှုကို    ပျက်ပြား ထိခိုက်စေရန် ရည်ရွယ်၍   လူငယ် များ အား    တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များထဲတွင်      အကြမ်း ဖက်သင်တန်းများ    တက်ရောက် စေပြီး   တရားမဝင်   ငွေကြေး ထောက်ပံ့မှုများရယူကာ  အများ ပြည်သူသွားလာ လှုပ်ရှားလျက်ရှိ သည့်နေရာများအား    မိုင်းထောင် တိုက်ခိုက်ခြင်း၊  အစိုးရအဆောက် အအုံများအား  ဖောက်ခွဲဖျက်ဆီး ခြင်း အစရှိသည့်    အကြမ်းဖက် တိုက်ခိုက်ခြင်းများကို    လူသား ချင်းစာနာမှု  မရှိဘဲ  လုပ်ဆောင် လျက်ရှိသည်။

 


ထိုကဲ့သို့   လုပ်ဆောင်လျက်ရှိ မှုများကို  လုံခြုံရေးတပ်ဖွဲ့ဝင်များ က    ဖမ်းဆီးထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး   ဇူလိုင် ၂၉ ရက်တွင်  တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ မဟာအောင် မြေမြို့နယ်    မြတောင်ကျောင်း တိုက်အတွင်း   ဝင်ရောက်ရှာဖွေ ခဲ့ရာ ဓမ္မဝါစက္က  ဘောဇနသာလာ ငွေတာရီအုဋ်ကျောင်းနှင့် သာသန ပါလ ရွှေဝါဝင်းကျောင်းတိုက်တို့၏ မြေအောက်ခန်းများ   အတွင်းမှ ဂက်စ်သေနတ်တစ်လက်၊    လက် လုပ်မိုင်းမျိုးစုံ ၂၄ လုံး၊    အင်ဂျင် နီယာသုံးဦးထုပ်   ၂၄ လုံးနှင့်  ဓာတ်ငွေ့ကာ ပါးစပ်၊ နှာခေါင်းစည်း ၇၆ ခုနှင့်  ဆက်စပ်ပစ္စည်း ၁၅ မျိုးတို့ကို   အကြမ်းဖက်လုပ်ငန်း များ        ဆောင်ရွက်လျက်ရှိသူ နေလဝင်း   (ခ)     နို့ဆီဗူးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


တရားခံ နေလဝင်း(ခ)နို့ဆီဗူး ၏    ထွက်ဆိုချက်အရ    KNLA တပ်မဟာ(၇)    နယ်မြေတွင်  သင်တန်း     တက်ရောက်ခဲ့ပြီး မန္တလေးမြို့ပေါ်ရှိလူငယ်များအား KIA ၊    KNU    နယ်မြေများ၌ သင်တန်းတက်ရောက်ရန်အတွက် စည်းရုံးပို့ဆောင်ခဲ့ကြောင်းနှင့် ရွှေဘို-ကျောက်မြောင်း ကားလမ်း ဘေး၌ PDF သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 


ထောက်ပံ့မှုရရှိ


ထို့ပြင်       ဖောက်ခွဲရေး လုပ်ငန်းများ    လုပ်ဆောင်ရန်နှင့် PDF သင်တန်းများ ဖွင့်ရန်အတွက် အမေရိကန်တွင်    နေထိုင်သူ တောသားကြီးထံမှ ငွေကျပ် သိန်း ၂၀ ၊    အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော   CRPH  ပြန်ကြားရေး  အလယ်ပိုင်းတိုင်း     တာဝန်ခံ   ဖက်တီးထံမှ  ငွေကျပ် ၂၄ သိန်း၊ နန်းရှေ့နေထိုင်သူ     သီဟထံမှ ငွေကျပ် ၇ သိန်း    ၅ သောင်း စုစုပေါင်း  ငွေကျပ် ၅၁ သိန်းအား ထောက်ပံ့မှုရရှိခဲ့ကြောင်း  သိရှိရ သည်။

 


အကြမ်းဖက်   အဖွဲ့အစည်း ဖြစ်သော  CRPH၊ NUG တို့၏ ခိုင်းစေမှုဖြင့်  မန္တလေးမြို့အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ  လုပ် ဆောင်ရန် NLD  ပါတီဗဟိုသုတေ သန    အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အမေရိကန်နိုင်ငံသို့    ထွက်ပြေး တိမ်းရှောင်နေသူ   အကြမ်းဖက် သမား   မျိုးရန်နောင်သိမ်းသည် Signal Application မှတစ်ဆင့် နေလဝင်း(ခ)နို့ဆီဗူးအား အများ ပြည်သူများ     ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်    ဧပြီလတွင် New Ocean Super Center အနီးရှိ    ဘောလုံးကွင်းသစ်တွင် လည်းကောင်း၊ ၇၈ လမ်း၊ ၃၈x ၃၉ လမ်းကြားရှိ ခန်းမရှေ့တွင် လည်း ကောင်း၊ မန္တလေး-စစ်ကိုင်းသွား လမ်းမကြီးဘေး၌ လည်းကောင်း စုစုပေါင်း      နေရာသုံးနေရာ၌ ဖောက်ခွဲမှုပြုလုပ်ရန်     စေခိုင်း ခဲ့သောကြောင့်     နေလဝင်း(ခ) နို့ဆီဗူးအနေဖြင့်   ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 


ဖောက်ခွဲဖျက်ဆီးရန် စေခိုင်း


ထို့ပြင်   မျိုးရန်နောင်သိမ်း သည်     နေလဝင်း(ခ)နို့ဆီဗူးအား ဇူလိုင် ၂၃ ရက်တွင်     အစိုးရ အဆောက်အအုံများ၊   ပြည်ခိုင်ဖြိုး ရုံးများ၊     ပြည်သူ့ဆေးရုံများ၊ Quarantine Center များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများနှင့်    အများပြည်သူ အနားယူ   အပန်းဖြေနိုင်သော မနော်ရမန်ဥယျာဉ်ရှေ့ရှိ    ပန်း ဥယျာဉ်နေရာနှင့်    မနော်ရမန် ကစားကွင်းတို့အား ဖောက်ခွဲဖျက် ဆီးမှုများပြုလုပ်ရန်   စေခိုင်းထား ကြောင်း၊ သို့သော်  နေလဝင်း(ခ)နို့ဆီဗူးအနေဖြင့်   လုံခြုံရေးအဖွဲ့ များကြောင့်   ဆောင်ရွက်နိုင်မှု မရှိသေးသဖြင့်      ဇူလိုင်  ၃၀ ရက်တွင်        ဖောက်ခွဲမှုများ   အပြီးဆောင်ရွက်ရန် ထပ်မံစေခိုင်း ထားကြောင်း          သိရှိရသည်။ သို့သော်  တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့်  ဖောက်ခွဲ ရေးပစ္စည်းများနှင့်   ဖောက်ခွဲရေး သမားများ   ပုန်းရှောင်ခိုအောင်း နေသော  မြတောင်ကျောင်းတိုက် အား အချိန်မီဝင်ရောက်ရှာဖွေနိုင် ခဲ့သဖြင့်   မျိုးရန်နောင်သိမ်း၏ အကြမ်းဖက် ဆောင်ရွက်မည့် အစီ အမံအား  ကြိုတင်တားဆီးနိုင်ခဲ့ ကြောင်း သိရှိရသည်။

 


ထိရောက်စွာ အရေးယူရေး


သို့ဖြစ်၍   အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော  NUG ၊ CRPHနှင့် အကြမ်းဖက်သမား  မျိုးရန်နောင် သိမ်းတို့၏   လုပ်ဆောင်ချက်များ သည်   နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးကို   ထိခိုက်ပျက်ပြားစေ ရန်နှင့် အပြစ်မဲ့အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏  အကျိုးစီးပွား အား ပျက်စီးစေရန် ပေါ်လွင်လာ ကြောင်း   တွေ့ရှိရသဖြင့် အဆိုပါ အကြမ်းဖက်     လုပ်ငန်းများတွင် ပါဝင်    ပတ်သက်နေသူများအား ဥပဒေအရ  ထိရောက်စွာ အရေး ယူနိုင်ရေး   ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်   ဆက်စပ်တရား ခံများအား   အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက်   ၎င်းတို့ပုန်းခိုရာ နေရာများ၊   လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့     လျှို့ဝှက်စွာ သတင်းပေး    တိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း   ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း   သိရ သည်။                      

သတင်းစဉ်