မြင်းခြံမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့သူများနှင့်ပတ်သက်ဆက်နွှယ်သည့် တရားခံများအား လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၃၁


နိုင်ငံတော်က  အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG ၊ CRPH စသည့် အကြမ်း ဖက်အဖွဲ့အစည်းများသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရန်နှင့်  ၎င်းတို့၏  ဝါဒဖြန့် စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရား  လွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့်  ပညာရေးအဆောက် အအုံများကို မိုင်းများဖြင့်   တိုက်ခိုက်ခြင်း၊   မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ လူပုဂ္ဂိုလ်များအား    ဒလန်အဖြစ်    စွပ်စွဲ သတ်ဖြတ်ခြင်း၊   လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား  လုပ်ကြံသတ်ဖြတ်ခြင်းများကို  လူသားချင်း စာနာထောက် ထားမှုမရှိဘဲ    လုပ်ဆောင်လျက်ရှိသည်။ 

 


ထိုသို့    အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ    ဖြစ်ပွားမှုမရှိစေ ရေးအတွက်   လုံခြုံရေးတပ်ဖွဲ့ဝင် များက  လိုအပ်သည့်  စုံစမ်းဖော်ထုတ်မှု များ ဆောင်ရွက်ကာ   အကြမ်းဖက်သမားများ၏   လက်နက်၊ ခဲယမ်း များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို  ဖော်ထုတ် သိမ်းဆည်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ  ဇူလိုင် ၃၀ ရက်တွင် မန္တလေးတိုင်း ဒေသကြီး  မြင်းခြံမြို့နယ်  အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ  သရဝဏ်ခန်းမရှေ့သို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး    လက်လုပ်ဗုံးတစ်လုံး    ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရှိရသဖြင့်     လုံခြုံရေးအဖွဲ့ဝင်များကလိုက်လံဖမ်းဆီးခဲ့ရာ   မြင်းခြံ-ညောင်ဦးကားလမ်း ရွာစည်ကျေးရွာလမ်းဆုံ၌ တရားခံ မင်းမင်းလှိုင် (၂၂ နှစ်) နှင့် ကျော်ရဲခန့် (ခ) ဘယ်ကျော် (၂၁ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ သည်။

 


ဖမ်းဆီးရမိတရားခံ မင်းမင်းလှိုင်နှင့် ကျော်ရဲခန့် တို့၏   ထွက်ဆိုချက် အရ    ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများတွင်  ပါဝင်ပတ်သက်သူ ဖြိုးဇော်ဦး (ခ) ဖြိုးဇော်    (၂၀ နှစ်)အား      တောင်သာမြို့နယ်  ဖက်တော ကျေးရွာအနီး   ရှင်ပင်ဒေါနဲမိုးကောင်းကျောင်းအတွင်း၌    ၉ မမ ကျည်   ၇၂ တောင့်၊   ပလတ်စတစ်လက်ပစ်ဗုံးတစ်လုံး၊ BA - ၉၁ လက်ပစ် ဗုံးတစ်လုံး၊ Shark အချိုရည်ဘူးခွံဖြင့်   ပြုလုပ်ထားသော လက်လုပ်မိုင်း တစ်လုံးနှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး   ၎င်းတို့၏   ထွက်ဆိုချက်အရ  ဆက်စပ်တရားခံ   ရှိုင်းထက်(ခ)ငရှိုင်း   (၂၃ နှစ်)အား    မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆိုချက်အရ ၎င်းတို့သည်   မြင်းခြံ မြို့နယ်အတွင်း  တရားမဝင် ဖွဲ့စည်းထားသော ZERO NINE အကြမ်း ဖက်အဖွဲ့တွင် ပါဝင်သူများဖြစ်ပြီး   ၎င်းအဖွဲ့တွင်   အဖွဲ့ဝင် ၁၇ ဦး ခန့်ရှိကြောင်း၊    အဆိုပါအဖွဲ့အား    မြင်းခြံမြို့ ကိုးဆောင်ကျောင်းတိုက်မှ    ဉူးဇင်းပန် (ဖမ်းဆီးရန်ကျန်)နှင့် ဆုမြတ်လင်း (ဖမ်းဆီးရန် ကျန်)တို့မှ ဦးဆောင်လျက်ရှိကြောင်း၊    ၎င်းအဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်း   ဖောက်ခွဲဖျက်ဆီးရေးနှင့်  အပြစ်မဲ့ပြည်သူများအား   လုပ်ကြံ သတ်ဖြတ် မှုများ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

 


ဖမ်းဆီးရမိ တရားခံများသည်  မြင်းခြံမြို့နယ်အတွင်း ဖောက်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၇ ကြိမ်ခန့် ပါဝင်ခဲ့ပြီး မေ  ၂၇ ရက်တွင် ဆားခါးကျေးရွာ၊ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော  လုံခြုံရေးတပ်ဖွဲ့ဝင်အား    သေနတ်ဖြင့်  ပစ်ခတ်ခဲ့ခြင်း၊ ဇွန် ၁၈ ရက်တွင်  အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် လမ်းကြောင်းရှင်းပေးနေသည့်  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အား   ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ဇွန် ၂၇ ရက်တွင်   ရွာစည်ကျေးရွာအနီး   မြင်းခြံ- ညောင်ဦး ကားလမ်းပေါ်၌  သဲဖြူကျေးရွာ မှ  အပြစ်မဲ့ ပြည်သူတစ်ဦးအား ပစ္စတိုသေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်း၊  ဇူလိုင် ၄ ရက်တွင် အမှတ်(၁၉) ရပ်ကွက်ရှိ  အပြစ်မဲ့ပြည်သူ တစ်ဦးအား ပစ္စတိုသေနတ်ဖြင့်  ပစ်ခတ်ခဲ့ခြင်းများတွင် ပူးပေါင်းပါဝင် ကျူးလွန်ထားသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


သို့ဖြစ်ပါ၍   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးကို    ထိခိုက်ပျက်ပြားအောင်   အဖျက်အမှောင့်လုပ်ငန်းများ    လုပ်ဆောင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား   တိုက်ခိုက်ရန်   လုပ် ဆောင်မည့်  တရားခံလေးဦးအား ၉ မမ ကျည် ၇၂ တောင့်၊    ပလတ် စတစ်လက်ပစ်ဗုံးတစ်လုံး၊ BA-91 လက်ပစ်ဗုံးတစ်လုံး၊    လက်လုပ်မိုင်း တစ်လုံးတို့နှင့်အတူ     ဖမ်းဆီးနိုင်ခဲ့ပြီး    ၎င်းတို့အား    ဥပဒေအရ ထိရောက်စွာ    အရေးယူနိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊  လှုပ်ရှားသွားလာနေထိုင်မှု  သတင်းများ ရရှိပါက  သက်ဆိုင်ရာသို့  လျှို့ဝှက်စွာ   သတင်းပေးနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံထားကြောင်း သိရသည်။                                                                

 

သတင်းစဉ်