ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၄ ဒသမ ၁ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၃၁


ကချင်ပြည်နယ်       မြစ်ကြီးနားမြို့တွင်   ငွေကျပ် ၂ ဘီလီယံကျော်    တန်ဖိုးရှိ   ဘိန်းဖြူ ၃၄ ဒသမ ၁ ကီလို   ဖမ်းဆီးရမိ ခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။ 

 


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်း အဖွဲ့သည်   ဇူလိုင် ၃၀ ရက်    မွန်းလွဲ ၂ နာရီခန့်တွင်   မြစ်ကြီးနားမြို့     တပ်ကုန်း(အင်ဂျန်ဒုံ)     တောင်ရပ်ကွက်      လမ်းသွယ်(၂)လမ်း နေ ထွန်းငြိမ်းဝင်း(၂၇ နှစ်)၏    နေအိမ် ကို   သတင်းအရ     ရှာဖွေရာ    ၎င်းနှင့် အတူ   ကျော်မျိုးထွန်း(၂၃ နှစ်)နှင့် မိုးကျော်သူ  (၃၄ နှစ်) တို့  သုံးဦးအား   တွေ့ရှိပြီး    နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့်      CANTER အမျိုး အစား        ကွန်တိန်နာမော်တော်ယာဉ် နှင့် WISH  အမျိုးအစား    မော်တော် ယာဉ်နှစ်စီးတို့ကို       စစ်ဆေး ရှာဖွေရာ    ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဘီလံယံ ကျော်တန်ဖိုးရှိ    ဘိန်းဖြူ ၃၄ ဒသမ ၁ ကီလို     သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး      ပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော    ဘိန်းဖြူများ အား   ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် မှ  ကချင်ပြည်နယ်    မြစ်ကြီးနား မြို့သို့      သယ်ဆောင်ခြင်းဖြစ်ကြောင်း       သိရှိရသဖြင့်     ၎င်းတို့အား     မူးယစ် ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ   အရေး ယူထားရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား      ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။ 

သတင်းစဉ်