ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင်များနှင့် လမ်းမတော် ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲလုယက်မှုတွင် ပါဝင်သူများ ဖော်ထုတ်ဖမ်းဆီးရရှိ

နေပြည်တော်    ဇူလိုင်    ၃၁


အကြမ်းဖက်အဖွဲ့များအဖြစ်   ကြေညာထားသော CRPH၊ NUG အဖွဲ့များသည်    မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ်     စာနာထောက်ထားမှုမရှိဘဲ တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အပြစ်မဲ့ ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်း၊ အဆောက်အအုံ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် လုယက်မှုများ ကိုပါ ကျူးလွန်လျက်ရှိရာ ထိုသို့ တရားဥပဒေမဲ့လုပ်ရပ် များပြုလုပ်နေမှုကို   ထပ်မံဖြစ်ပွားမှု  မရှိစေရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ဖမ်းဆီးရမိ


ထိုသို့  ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက် လျက်ရှိရာတွင် အစွန်းရောက်လူငယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်း ချက်အရ  စက်ရုံ၊  အလုပ်ရုံများအား  မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့်  အုပ်ချုပ်ရေးမှူးများအား  အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင် ရေးအတွက်  ခင်ကျော်(UNRA)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ချိတ်ဆက်၍ သင်တန်း တက်ရောက်လျက်ရှိကြောင်း  သိရသဖြင့်  ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၄ ရက်တွင် စမ်းချောင်းမြို့နယ်၌   စမ်းချောင်း   PDF   အဖွဲ့ဝင် ကျော်ဇောဟိန်း(၃၂)နှစ်၊    ဂျယ်ရီကောင်းထက်(၂၉)နှစ်၊ ပြည့်စုံသူ(၃၀)နှစ်တို့ကိုလည်းကောင်း၊ ဂျွန်ကိုကို (၂၁)နှစ်အား Hi Puppy Dog Spa ဆိုင်၌ Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ရှစ်တောင့် နှင့်လည်းကောင်း၊      သက်ကိုကိုထွေး(၂၅)နှစ်နှင့်  ခိုင်ခိုင်ဝင်း(၂၇)နှစ်တို့ကို    သင်္ဃန်းကျွန်းမြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ သက်ကိုကိုထွေး၏ထွက်ဆို ချက်အရ သင်္ဃန်းကျွန်းမြို့နယ်၌ ထက်အောင်ဝင်း (၃၀)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၄)ရပ်ကွက်၊ တိုက်(၂၂)၊ အခန်း(၁၀၁)ရှိ    သက်ကိုကိုထွေး၏    နေအိမ်မှ လက်လုပ်မိုင်းမျိုးစုံ ၂၇ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း ကောင်း၊ အောင်ရဲဝင်း (ဖမ်းဆီးရန်ကျန်)၏ နေအိမ်မှ MG  လက်ပစ်ဗုံးနှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ၉ မမကျည်အတောင့် ၂၀၊ လက်လုပ်မိုင်းမျိုးစုံ ၃၆ လုံးနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း   သိမ်းဆည်းရမိခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် ယဉ်လဲ့လဲ့သူ(၂၂)နှစ်နှင့် အိဖြူသန့် (ခ)Emilly(၂၂)နှစ်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ ခိုင်ခိုင်ဝင်း၏ ထွက်ဆိုချက်အရ ဇူလိုင် ၁၈  ရက်တွင်   ဗဟန်းမြို့နယ်၌    ဖြိုးမိုးသိင်္ခ(၁၇နှစ်)ကိုလည်းကောင်း၊    လှိုင်မြို့နယ်၌    တင်ထွဋ်(ခ)တင်ထွဋ်ပိုင်(၃၁နှစ်)နှင့်     အောင်မင်းဦး(၂၁နှစ်)တို့ နှစ်ဦးကို ပစ္စတို တစ်လက်၊ ၎င်းကျည်အတောင့် ၃၀၊ ကျည်အိမ်နှစ်ခု၊     လက်လုပ်မိုင်းမျိုးစုံ   ငါးလုံးနှင့် လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ထပ်မံဖမ်းဆီးရမိ


တရားခံ  တင်ထွဋ်ပိုင်၏   ထွက်ဆိုချက်အရ ဇူလိုင်   ၂၀   ရက်တွင်  ဒဂုံဆိပ်ကမ်းမြို့နယ် (၈၅)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းရှိ အပ်ချုပ်စက်ပစ္စည်းများ သိုလှောင်ထားသည့်  ဂိုဒေါင်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ကောင်းပြည့်စုံ(၁၆)နှစ်၊ အာကာမင်း ထက်(၂၂)နှစ်၊  ထက်ကိုဦး(၂၃)နှစ်တို့ကို လက်လုပ် သေနတ်တစ်လက်၊   ၉   မမကျည် ၂၃၈ တောင့်၊ ကျည်အိမ် သုံးခု၊  လက်လုပ်မိုင်းမျိုးစုံ ကိုးလုံးနှင့် လက်လုပ်သေနတ်ပြုလုပ်ရန် သေနတ်အစိတ်အပိုင်း မျိုးစုံနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဝင်းပပ (ခ)ရွှေဖြိုး(၂၄)နှစ်ကိုလည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ်၌ ရဲရင့်ကျော်(ခ)ရဲရင့်(၂၄နှစ်)နှင့် ကျော်သီဟ (၂၂)နှစ်တို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ အိဖြူသန့်(ခ)Emilly၏ ထွက်ဆိုချက် အရ ဇူလိုင် ၂၃ ရက်တွင် ခိုင်သဇင်ဦး(၃၆)နှစ်အား မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေးအတွင်း၌ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည်အတောင့် ၂၀၊ MG1  လက်ပစ်ဗုံး  သုံးလုံး၊ ၎င်းစနက်တံ သုံးခု တို့နှင့်အတူ   ဖမ်းဆီးရမိခဲ့ပြီး   မင်္ဂလာဒုံမြို့နယ် အနန်းပင်ရပ်ကွက်ရှိ   ၎င်း၏နေအိမ်မှ   လက်လုပ် သေနတ်တစ်လက်၊  ကျည်မျိုးစုံ ၁၄၈ တောင့်နှင့် လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ဇူလိုင် ၂၄ ရက်တွင် အိဇာနွေ(ခ)မအိ  (၃၈)နှစ်နှင့် မြင့်မြတ်စု(ခ)မကိတ်(၃၅)နှစ်ကိုလည်း ကောင်း၊ တရားခံ  ရဲရင့်ကျော်၏ ထွက်ဆိုချက်အရ ဒေါ်စန်းကြည်(၆၀)နှစ်ကို မြောက်ဥက္ကလာပမြို့နယ်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဆက်စပ် ဖောက်ခွဲရေးသတင်းအရ ဇူလိုင် ၂၁ ရက်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံ၌ ထက်ဝေယံ(၂၀)နှစ်ကို   ဖမ်းဆီးရမိခဲ့ကာ    ၎င်း၏ ထွက်ဆိုချက်အရ ယဉ်ကျေး(၂၀)နှစ်၊ ချစ်ရင်ထူး(၂၃)နှစ်၊ အောင်ကိုဝင်း(၄၁)နှစ်တို့ကို တိုက်ကြီးမြို့နယ် သပြုကျေးရွာအနီး၌ လက်လုပ်မိုင်းနှစ်လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၈၅ လုံးနှင့် လက်လုပ်မိုင်းပြုလုပ်ရာ တွင်   အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး     ဆက်စပ်တရားခံများဖြစ်သော ထက်ဝေဦး(၂၁)နှစ်၊ အောင်ဇော်လွင်(၂၂)နှစ်၊ ထူးခန့် ထည်အောင်(၂၀)နှစ်၊   မင်းအောင်ခန့်(၂၁)နှစ်နှင့် အောင်သူရဦး(၂၀)နှစ်တို့ကို တိုက်ကြီးမြို့နယ် ကျွဲဘုတ် ကျေးရွာလမ်းဆုံ၌လည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် ရီဝေထွန်း(၃၁)နှစ်ကို လက်ပစ်ဗုံး တစ်လုံး၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် အစိတ်အပိုင်းမျိုးစုံတို့နှင့်အတူ စမ်းချောင်းမြို့နယ်၌လည်းကောင်း    ဖမ်းဆီးရမိခဲ့ သည်။


ဖမ်းဆီးရမိ


တရားခံ အိဇာနွေ၏ ထွက်ဆိုချက်အရ ဇူလိုင် ၂၈ ရက်တွင် မရမ်းကုန်းမြို့နယ်၌ လျှန်တိုးမြင့်ဦး(၃၈)နှစ်ကိုလည်းကောင်း၊   တရားခံ   ခိုင်သဇင်ဦး၏ ထွက်ဆိုချက်အရ ဇူလိုင် ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ် ၌ အေးမင်းထွန်း(ခ)ဇူးလူး(၄၃)နှစ်ကိုလည်းကောင်း၊ အိဇာနွေ၏ ထွက်ဆိုချက်အရ ဥမ္မာအောင်(၄၀)နှစ် ကို   ဗဟန်းမြို့နယ်၌လည်းကောင်း   ဖမ်းဆီးရမိခဲ့ သည်။


အထက်ပါ    ဖမ်းဆီးရမိ    တရားခံများအနက် သက်ကိုကိုထွေး၊ ကျော်သီဟ၊ ဇင်ယော် (ဖမ်းဆီးရန် ကျန်)၊   အောင်ဇော်လွင်၊    ယဉ်ကျေး၊    ထက်ဝေဦး၊ မင်းအောင်းခန့်တို့သည် KNLA၊ တပ်မဟာ(၁)နယ်မြေ ၌လည်းကောင်း၊   ကျော်ဇောဟိန်း၊   ဂျယ်ရီကောင်း ထက်၊ ပြည့်စုံသူ၊ ကျော်ဇေယျာဝင်း(ဖမ်းဆီးရန်ကျန်)တို့သည် KNLA၊  တပ်မဟာ(၇)   နယ်မြေ၌လည်း ကောင်း၊  ထက်ကိုဦး၊  အာကာမင်းထက်တို့သည် KNLA၊ တပ်မဟာ(၅)    နယ်မြေ၌လည်းကောင်း၊ အောင်သူရဦးသည် လိုင်ဇာအနီး KIA စခန်း၌လည်း ကောင်း၊ ထူးခန့်ထည်အောင်သည် TNLA  နယ်မြေ ၌လည်းကောင်း       ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ သော  တရားခံများအနက်  ကျော်ဇောဟိန်းသည်  ဇူလိုင် ၂ ရက်တွင် ပြည့်စုံသူ၊ အလင်းသစ် (ဖမ်းဆီးရန် ကျန်)အပါ   ရှစ်ဦးနှင့်အတူ    မြေနီကုန်းတံတား၊ ကြော်ငြာဆိုင်းဘုတ်အနီးတွင် လက်လုပ်မိုင်းဖောက်ခွဲ ခဲ့ကြောင်း သိရသည်။ 


ချိန်ကိုက်ဗုံးများ ဖောက်ခွဲခဲ့


တရားခံ သက်ကိုကိုထွေးသည် ဇွန် ၁၀ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၅)လမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ငမိုးရိပ်(၉)လမ်းရှိ အပြစ်မဲ့ပြည်သူတစ်ဦး ၏ နေအိမ်အနီး၌လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ထက်အောင်ဝင်းနှင့်အတူ     ငမိုးရိပ်(၆)လမ်းတွင် မြောင်းမြမုန့်ဟင်းခါးဆိုင်အနီးရှိ    အပြစ်မဲ့ပြည်သူ တစ်ဦး၏နေအိမ်ကိုလည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ငမိုးရိပ်ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူတစ်ဦး၏ နေအိမ် ခြံဝင်းအနီး၌လည်းကောင်း၊ ဇူလိုင် ၆ ရက်တွင်  စံပြ (၆)လမ်းရှိ အပြစ်မဲ့ပြည်သူတစ်ဦး၏ နေအိမ်ကိုလည်း ကောင်း၊ ဇူလိုင် ၁၂ ရက်တွင် လေးထောင့်ကန်လမ်းမ ပေါ်ရှိ အေဝမ်းဆောက်လုပ်ရေး ပစ္စည်းဆိုင်အနီးတွင် လည်းကောင်း လက်လုပ်ရီမုမိုင်းနှင့် ချိန်ကိုက်ဗုံးများ ဖောက်ခွဲခဲ့ကြောင်း သိရသည်။


တရားခံ ဝင်းပပသည် မေ ၅ ရက်တွင် ဖမ်းဆီး ရန်    ကျန်တရားခံများဖြစ်သော     ရဲညီထက်၏ ဦးဆောင်မှုဖြင့်    အောင်ကျော်မြင့်ဦး၊    ရန်နိုင်၊ အောင်မြင့်မြတ်၊   သန့်ဇင်တို့နှင့်အတူ    ကိုဝိုင်း(ခ)နံပါတ်ဖိုးထံမှ လက်လုပ်မိုင်းရယူပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ပြေးဆွဲသည့် YBS ယာဉ်ပေါ်တွင် ဖောက်ခွဲသည့်ဖြစ်စဉ်၌ ပါဝင်ခဲ့ကြောင်းနှင့် တရားခံ တင်ထွဋ်ပိုင်သည်     ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အပ်ချုပ်စက်ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင် တွင် အာကာမင်းထက်၊ ကောင်းပြည့်စုံ၊ ထက်ကိုဦးတို့ အား   လက်လုပ်မိုင်းနှင့်   လက်လုပ်သေနတ်များ လုပ်ဆောင်ရန် စေခိုင်းခဲ့ကြောင်း သိရသည်။


 


တရားခံ  ခိုင်သဇင်ဦးသည်  UAE  နိုင်ငံတွင် နေထိုင်သူ ဖမ်းဆီးရန်ကျန် တရားခံ အောင်နိုင်ဝင်း(ခ)ကိုအောင်နှင့် ဟန်သာမြင့်ဦးတို့၏ ခိုင်းစေမှုဖြင့် ဇွန်လ တွင် အေးမင်းထွန်း(ခ) ဇူးလူးထံမှ  Glock ပစ္စတိုနှစ် လက်၊ CZ ပစ္စတိုတစ်လက်၊ ကျည်မျိုးစုံ ၂၀၃ တောင့်၊ လက်ပစ်ဗုံးခြောက်လုံးတို့ကို လည်းကောင်း၊ တိုးတိုး (ဖမ်းဆီးရန်ကျန်)ထံမှ ဒီတိုနေတာ ၄၅ ခုကို  လည်း ကောင်း ရရှိခဲ့ကြောင်း သိရသည်။


ပေးအပ်ခဲ့


အဆိုပါ လက်နက်/ ခဲယမ်းနှင့်  ဖောက်ခွဲရေး ပစ္စည်းများအနက်မှ Glock ပစ္စတိုတစ်လက်၊ ကျည် ၁၀ တောင့်အား ကျော်ဇောဟိန်းထံသို့လည်းကောင်း၊ Glock  ပစ္စတိုတစ်လက်၊   ကျည်  ၂၅  တောင့်အား အိဖြူသန့်(ခ) Emilly ထံသို့လည်းကောင်း၊ လက်ပစ် ဗုံးသုံးလုံးအား ရဲရင့်ကျော်ကိုလည်းကောင်း ပေးအပ် ခဲ့ပြီး ရဲရင့်ကျော်မှ လက်ပစ်ဗုံးများအား ဒေါ်စန်းကြည် ထံသို့ရောင်းချခဲ့ကြောင်း၊ ဒေါ်စန်းကြည်မှ သိန်းထွန်း (ဖမ်းဆီးရန်ကျန်)ထံ အဆင့်ဆင့်ပြန်လည်ရောင်းချ ခဲ့ကြောင်း၊ တရားခံ အာကာမင်းထက်သည်  ကိုဝိုင်း (ခ) နံပါတ်ဖိုး(ဖမ်းဆီးရန်ကျန်)ထံမှ  ရရှိသော ပစ္စတို နှစ်လက်၊ ကျည်အတောင့် ၃၀ တို့အား တင်ထွဋ်ပိုင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တရားခံ ထက်ဝေယံသည်  ဧပြီလ ဒုတိယပတ် တွင်   ချစ်ရင်ထူး၏  ချိတ်ဆက်ပေးမှုဖြင့်  တိုက်ကြီး မြို့နယ်  သပြုကျေးရွာရှိ အောင်နိုင်(ခ)နဂါး (ဖမ်းဆီး ရန်ကျန်)ခြံအတွင်း ယာယီအဆောက်အအုံ ဆောက်လုပ် ၍ ချစ်ရင်ထူး၊ အောင်ဇော်လွင်၊ ဖိုးဇော်(ဖမ်းဆီးရန်ကျန်)၊  ယဉ်ကျေးတို့နှင့်အတူ နေထိုင်ခဲ့ပြီး မေလပထမပတ် မှစ၍  ဖမ်းဆီးရန်ကျန်သူများဖြစ်သည့်  သူသူဇင်၊ ထက်ထက်တို့နှင့် လက်လုပ်ဗုံးများပြုလုပ်ခဲ့ကြောင်း သိရသည်။


ဇူလိုင် ၃ ရက်တွင် တရားခံ ကျော်စိုး(ဖမ်းဆီးရန် ကျန်)သည် သက်ကိုကိုထွေးနှင့် အာကာ(ဖမ်းဆီးရန် ကျန်)အား     ရွှေနန်းတော်ရတနာရွှေဆိုင်များအား တစ်ချိန်တည်း   ဖောက်ခွဲလုယက်မည့်အစီအစဉ်ကို ပြောကြားခဲ့ပြီး     ဇူလိုင်  ၈  ရက်တွင်  ကျော်စိုးမှ  သက်ကိုကိုထွေး၊ ထက်အောင်ဝင်း၊ ဇင်ယော်၊ ဆုပိုပို အောင်(ခ)စာကလေး၊  ခိုင်ခိုင်ဝင်းတို့အား  ၎င်း၏ ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် သက်ကိုကိုထွေးအား ၂၃ လမ်း၊ ရွှေနန်းတော်ရွှေဆိုင် နှင့်  ထက်အောင်ဝင်းအား ၁၉ လမ်းရှိ ရွှေနန်းတော် ရွှေဆိုင်တို့အား  မွန်းလွဲပိုင်းတွင်   တစ်ချိန်တည်း ဖောက်ခွဲ၍ ဝင်ရောက်လုယက်ရန်  လက်လုပ်မိုင်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။


တရားခံ ကျော်စိုးမှ  လမ်းမတော်ရွှေဆိုင်အား ဖောက်ခွဲရန် ရွှေပေါက္ကံ PDF အဖွဲ့ဝင်များဖြစ်သည့် ဇင်ယော်၊ ရဲလင်း၊ စိုင်းမင်းခန့်တို့အား ဖောက်ခွဲရေး အဖွဲ့အဖြစ်စေခိုင်းခဲ့ပြီး စောင့်ကြည့်အဖွဲ့အား  ဆုပိုပို အောင်(ခ)စာကလေး၊  မျိုးပပနှင့်  အာကာတို့မှ ဆောင်ရွက်ရန်နှင့် ပန်တာမှ ဖောက်ခွဲပြီးပါက ရွှေထည် များအား  ဝင်ရောက်လုယက်ရန်  စီစဉ်ခဲ့ကြောင်း သိရသည်။ 


အကြမ်းဖက်အဖွဲ့များအနေဖြင့် ဖောက်ခွဲမှုများ အား တစ်ချိန်တည်း ဆောင်ရွက်ရန် စီစဉ်ထားသော် လည်း လက်ဝတ်ရတနာများအား ခွဲဝေခြင်းမပြုလုပ် လိုသဖြင့် လမ်းမတော်ရှိဆိုင်အား ဇင်ယော်ဦးဆောင် သည့်အဖွဲ့မှ  သတ်မှတ်ချိန်ထက်စော၍  ဖောက်ခွဲခဲ့ သဖြင့် သက်ကိုကိုထွေးနှင့် ထက်အောင်ဝင်းတို့သည် ၎င်းတို့ ဖောက်ခွဲရမည့် ရွှေဆိုင်များအား ဖောက်ခွဲခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။


ဆက်သွယ်မှာယူခဲ့


ဇွန်လပထမပတ်ခန့်တွင်   အောင်ဇော်လွင်၊ ယဉ်ကျေး၊ ချစ်ရင်ထူးနှင့် ထက်ဝေယံတို့မှ လက်လုပ် မိုင်း ၃၅ လုံးအား လက်ပံတန်း PDF အဖွဲ့ခေါင်းဆောင် လူရှင်း(ဖမ်းဆီးရန်ကျန်)ထံ   ရောင်းချခဲ့ကြောင်း၊ ထက်ဝေယံသည် Nero geal ခြောက်တောင့်၊ ဒီတိုနေ တာ ၂၄ ခု၊ ကလိုရိုက်တစ်အိတ်အား  စမ်းချောင်းမြို့ နယ်နေ  ရီဝေထွန်းထံမှရယူပြီး  လက်လုပ်မိုင်းများ ထပ်မံပြုလုပ်နေဆဲဖြစ်ကြောင်း၊    ၎င်းတို့အဖွဲ့အား ဦးဆောင်သူ အောင်နိုင်(ခေါ်)နဂါးမှ လုံခြုံရေးအဖွဲ့များ နှင့် အဆောက်အအုံများအား  အချိန်ကိုက်ဖောက်ခွဲနိုင် ရန် ချိန်ကိုက်မိုင်းနှစ်လုံးအား Emilly ထံ  ဆက်သွယ်၍ မှာယူခဲ့ကြောင်း သိရသည်။


တရားခံ သျှန်တိုးမြင့်ဦးသည် အစ်ကိုဖြစ်သူ ဟန်သာမြင့်ဦး(ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက်အရ အမည်မသိ အမျိုးသမီးနှစ်ဦးထံမှ ငွေကျပ် ၂၈ သိန်းနှင့်  ခိုင်သဇင်ဦးထံမှ ငွေကျပ် သိန်း ၆၀ စုစုပေါင်း ငွေကျပ် ၈၈ သိန်းခန့်   လက်ခံရရှိခဲ့ပြီး   ၎င်းငွေများအား ခိုင်သဇင်ဦးထံ  လက်နက်/ ခဲယမ်းများ ရောင်းဝယ်မှု ပြုလုပ်ရန်နှင့် ကျန်ငွေများအား ဖောက်ခွဲရေးလုပ်ငန်း များတွင် သုံးစွဲထားရှိကြောင်း၊ လက်ကျန်ငွေ ၄၂ သိန်း အား  ဂိုဒေါင်၌  ဝှက်ထားခဲ့ရာမှ  သိမ်းဆည်းခံခဲ့ရ ကြောင်း သိရသည်။ 


ဒဂုံမြို့နယ် ယောမင်းကြီးလမ်း အိုလံပစ်ဘား အပေါ်ထပ်  တိုက်ခန်းတွင်  လက်လုပ်မိုင်းများအား ပြုလုပ်၍ ရန်ကုန်မြို့အတွင်းရှိ အကြမ်းဖက်အဖွဲ့များ ထံသို့  ပြန်လည်ဖြန့်ဖြူးရန်ရည်ရွယ်၍  တရားမဝင် ဖွဲ့စည်းထားသည့်   RRAT  (Rangon Revolution Attack Team)အဖွဲ့မှ  မင်းစိုး(ခ)ကိုနစ် (ဖမ်းဆီး ရန်ကျန်)၏ စည်းရုံးမှုကြောင့် အိဖြူသန့်(ခ) Emilly၊ ယဉ်လဲ့လဲ့သူ၊ အိဇာနွေနှင့် မြင့်မြတ်ဆုတို့ လေးဦးသည် RRAT အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့်အတူ နေထိုင် ခဲ့ကြောင်း၊ ၎င်းတိုက်ခန်းတွင်  မင်းစိုး(ခ)ကိုနစ် (မေ ၁၈ ရက်တွင် တိုက်ခန်း၌ လက်လုပ်မိုင်းပြုလုပ်ရာမှ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ)မှ ဦးဆောင်ကာ ဒိုက်၊ ပြည့်ဖြိုးကျော်၊  စိုင်းသီဟ၊  ယဉ်လဲ့လဲ့သူတို့သည် လက်လုပ်မိုင်းများရောင်းချခြင်းများ  ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 


နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို  ထိခိုက်ပျက်ပြားအောင်  အဖျက် အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန်နှင့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအား   တိုက်ခိုက်ရန်  လုပ်ဆောင်မည့် ရန်ကုန်မြို့တွင်း  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ တွင် ပါဝင်သော စမ်းချောင်းမြို့နယ်  PDF အဖွဲ့ဝင် ကျော်ဇောဟိန်းအပါ တရားခံလေးဦး၊ သင်္ဃန်းကျွန်း မြို့နယ် PDF အဖွဲ့ဝင် သက်ကိုကိုထွေးအပါ တရားခံ လေးဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် အာကာမင်းထက်အပါ  တရားခံ လေးဦး၊ ရွှေပေါက္ကံ PDF အဖွဲ့ဝင်    တင်ထွဋ်ပိုင်အပါ   တရားခံသုံးဦး၊ တိုက်ကြီးမြို့နယ်  PDF အဖွဲ့ဝင်  ထက်ဝေယံအပါ တရားခံ  ၁၀ ဦးနှင့်  ဆက်စပ်တရားခံ  ခြောက်ဦး စုစုပေါင်း တရားခံ ၃၅ ဦးတို့ကို   ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုသေနတ်သုံးလက်၊ လုပ်သေနတ်                နှစ်လက်၊ ကျည်မျိုးစုံ ၄၆၄ တောင့်၊ ကျည်အိမ်ခုနစ်ခု၊ လက်လုပ်မိုင်းမျိုးစုံ ၇၉ လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၈၅ လုံး၊ လက်ပစ်ဗုံးခြောက်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဒီတိုနေတာ ၄၅ ခု၊   အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား  သိမ်းဆည်း ရမိခဲ့သည်။


သတင်းပေးတိုင်ကြားနိုင်


အထက်ပါဖမ်းဆီးရမိသူများအား   ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး  ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခို ရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးတိုင် ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား ကြောင်း     သိရသည်။  
                                               

  သတင်းစဉ်