
နေပြည်တော် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် သီရိမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းတွင် ငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
စစ်ဆေးဖော်ထုတ်
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သတင်းအရ အမရပူရမြို့နယ် သီရိမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား စခန်းတွင် ရန်နိုင်ဦး(၂၅နှစ်) မောင်းနှင်ပြီး ကျော်သက် (၂၆နှစ်) လိုက်ပါလာ သည့် Nissan Canter အမျိုး အစား ခြောက်ဘီးကွန်တိန်နာ ယာဉ်ကို စောင့်ကြည့်နေစဉ် ဆိုင်ကယ်ဖြင့် ရှေ့ပြေးလိုက်ပါလာ သည့် သက်မောင်မောင်ချမ်း(ခ) ကျော်ရဲအောင်(၃၈နှစ်)နှင့် မန္တလေး တွင် မူးယစ်ဆေးဝါးများ လက်ခံ မည့်သူ ဝင်းမင်းသန့်(ခ)ဂျပန်ကြီး (၂၈နှစ်)တို့ ရောက်ရှိလာသဖြင့် ၎င်းတို့ကိုထိန်းသိမ်းပြီး ကွန်တိန် နာ မော်တော်ယာဉ်ကို ဖွင့်ဖောက် စစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်