အလင်းရောင်အောက်သို့ စိတ်ချလုံခြုံစွာဝင်ရောက်

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်း ရောက်များ၊ အသိအမြင်လွဲမှားနေသူများ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်းတို့၏လှုံ့ဆော်မှုကြောင့် CDM တွင် ပါဝင်လှုပ်ရှားကြသူများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် လူမှုကွန်ရက်စာမျက်နှာ များပေါ်မှတစ်ဆင့် ပြည်သူများအား လှုံ့ဆော်စည်းရုံးခဲ့ကြသည်။ CRPH နှင့် NUG တို့၏ လွတ်မြောက်နယ်မြေအွန်လိုင်းပေါ်မှတစ်ဆင့် စည်းရုံး လှုံ့ဆော်သွေးထိုးမှုများနှင့် CDM တွင် ထင်ရှားသောပုဂ္ဂိုလ်များနှင့် တက်ကြွ လှုပ်ရှားသူများ၏ ဟန်ချက်ညီညီ လှုပ်ရှားမှုများကြောင့် အချို့သော ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားအချို့သည် ဆူပူဆန္ဒပြမှုများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဖောက်ဖျက်ကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းဖယ်ရှားရေးကို ပြုလုပ်သောအခါ ဆူပူဆန္ဒပြမှုနှင့် ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသောသူများသည် ဖမ်းဆီးအရေးယူ ခြင်းခံရမည်ကို စိုးရိမ်သောကြောင့် လွတ်ရာလွတ်ကြောင်းနယ်မြေများတွင် ယနေ့ ထက်တိုင် တိမ်းရှောင်နေကြသည်။ ၎င်းတို့သည် မိဘဆွေမျိုးများနှင့် အချိန်ကာလကြာမြင့်စွာ ကင်းကွာနေ သောကြောင့် စား၊ ဝတ်၊ နေမှုထိုင်မှုများနှင့် လူမှုဘဝအခက်အခဲမျိုးစုံတို့ကို ကြုံတွေ့ခံစားနေကြရသည်ဟု ကြားသိနေရသည်။ ၎င်းတို့သည် မိဘရပ်ထံသို့ ပြန်လာလိုကြသူများရှိသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက် ချက်များအပေါ် ယုံကြည်ခြင်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရခြင်းတို့ကို လိုလားလျက်ရှိနေသည်။ သို့သော် ၎င်းတို့သည် မိဘရပ်ထံဆီသို့ ပြန်လာလိုကြသော်လည်း စိုးရိမ်ကြောင့်ကြမှုရှိနေ ခြင်း၊ ပြန်လာရမည်ကို မည်ကဲ့သို့ဆက်သွယ်ဆောင်ရွက်ရမည်ကို မသိရှိခြင်းများ ကြောင့် ယနေ့ထက်တိုင် ပြန်လာနိုင်ခြင်းမရှိဘဲ အခက်အခဲများဖြစ်နေကြသည်။ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မိဘရပ်ထံသို့ ပြန် လာလိုကြသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များ နေ့စဉ်ထုတ်ပြန် ပေးကာ ပြန်လာလိုသူများ ပြန်လာနိုင်အောင် တံခါးဖွင့်ကြိုဆိုပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြန်လာကြရာတွင် ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့၍ ကိုယ်ထိ လက်ရောက် တိုက်ခိုက်သတ်ဖြတ်မှု၊ အစိုးရပိုင်အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအား ဖျက်ဆီးမှု၊ မီးရှို့မှု၊ ဗုံးခွဲမှု၊ CDM လှုပ်ရှားမှုများတွင် ငွေကြေး အရဖြစ်စေ၊ အခြားနည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်ကြသူများမှအပ ကျန်တိမ်းရှောင်နေသူများသည် အသိပေးထုတ်ပြန်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ဗိုင်ဗာဖုန်းများနှင့် အီးမေးလ်လိပ်စာများမှတစ်ဆင့် စိတ်ချလက်ချ ဆက်သွယ် နိုင်ကြောင်း သိရသည်။ အထက်ဖော်ပြပါ ပြစ်မှု၊ ဥပဒေတို့ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြသူတို့မှ လွဲ၍ ဆူပူဆန္ဒပြလှုပ်ရှားမှုများတွင် စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ စည်းရုံး လှုံ့ဆော်ဆွဲဆောင်မှုကြောင့်ဖြစ်စေ ရိုးရိုးသားသားပါဝင်ခဲ့ကြသော ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး မိဘရပ်ထံဆီသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက ဦးစွာ ၎င်းတို့အပေါ် ရေးဖွင့်ထား သည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများကို ဆောင်ရွက် ပေးမည်ဖြစ်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်လိပ်စာများသို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်သင့်ပါသည်။ ထိုသို့ဆက်သွယ်ပါက သက်ဆိုင်ရာက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး ထို့နောက် သက်ဆိုင် ရာတို့က အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထိုသို့ နိုင်ငံတော်က စေတနာရှေ့ထား၍ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို မသမာသူအဖျက်သမားများက မဟုတ်မမှန် လုပ်ကြံဟန့်တားဖျက်ဆီးနေမှုများကို နားမယောင်မိဖို့လိုပါသည်။ ၎င်းတို့၏စည်းရုံးမှုကို နားယောင်မိ၍ အမှောင် အတွင်းဝင်ရောက်ခဲ့ကြသူများသည် ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုကြောင့် အမှောင် အတွင်း၌ ဆက်လက်မနေထိုင်မိရန် လိုအပ်ပါသည်။ ပြစ်မှုများကို ထဲထဲဝင်ဝင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိသော ပြည်သူများအနေဖြင့် နီးစပ်ရာ ရဲတပ်ဖွဲ့လုံခြုံရေးစခန်းများ၊ အုပ်ချုပ်ရေးဌာနများသို့ အသိပေးထားသည့် ဖုန်းများ သို့ဆက်သွယ်ကာ အလင်းရောင်အောက်သို့ ယုံကြည်စိတ်ချစွာဖြင့် ပြန်လည် ဝင်ရောက်နိုင်ကြောင်း အသိပေးအပ်ပါကြောင်း။ ။