
နေပြည်တော် ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၂၂ ဘီလီယံ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၁၁၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၄ ရက် နံနက် ၄ နာရီခန့်တွင် သတင်းအရ ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-ဝမ်တာပုံသွားကားလမ်း ၁၃ မိုင်အနီးတွင် ဝမ်တာပုံမှ ကျိုင်းတုံသို့ မောင်းနှင်လာသည့်ယာဉ်ကို ရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ၎င်းယာဉ်သည် လမ်းဘေးလယ်ကွင်းအတွင်း မောင်းနှင်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ယာဉ်အားရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၁၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူ များအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်