အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာ

Type

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့
 

ဥပဒေဆိုင်ရာနီတိတစ်ခုတွင် “Ignorance of fact excuses; igno-rance of law does not excuse ” ဟု ရှိပါသည်။   ဤဥပဒေနီတိကို ဥပဒေပညာရှင် ဦးမြင့်ဝင်း(ရွှေဘို)က  “ အကြောင်းခြင်းရာအချက် အလက်ကို မသိနားမလည်မှုသည် ခွင့်လွှတ်ရာဖြစ်သည်။ ဥပဒေကို မသိနားမလည်မှုကိုမူ  ခွင့်လွှတ်ရာမဟုတ်” ဟု ​မြန်မာဘာသာဖြင့် ပြန်ဆိုထားသည်။ မြန်မာနိုင်ငံ၏ တည်ဆဲရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၆၊ ပုဒ်မ ၇၉ တို့တွင် ဤအချက်များကိုပင် ပြဋ္ဌာန်းထားပါသည်။ 
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄) တွင်  ပြဋ္ဌာန်းထား သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့်  ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ် (၁)နှစ် သို့မဟုတ် (၃)နှစ်  သို့မဟုတ် (၅)နှစ် သို့မဟုတ် (၇)နှစ် သို့မဟုတ် (၁၀)နှစ်နှင့် ငွေဒဏ်များကိုလည်း ချမှတ် ခြင်းခံရမည့်အပြင်  အများဆုံး ထောင်ဒဏ်တစ်သက်    သို့မဟုတ် သေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရနိုင်သည်ကို   မြန်မာနိုင်ငံသားများ သိရှိရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံသားများ သိသင့်သိထိုက်သော အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေပါ အရေးကြီးသည့် ဖွင့်ဆိုချက်များ၊ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ကောက်နုတ်တင်ပြရပါသည်။ 
အကြမ်းဖက်သမား
အကြမ်းဖက်သမားဆိုသည်မှာ      အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်း ဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်သူကို လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်ရန်  အခြားသူများအား ညွှန်ကြားသူ   သို့မဟုတ်    စည်းရုံး သိမ်းသွင်းသူကိုသော် လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုသည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)။ ပုဒ်မခွဲငယ် (၁၀)၊ ပုဒ်မခွဲငယ် (၁၈) (ပ)]
အကြမ်းဖက်အုပ်စု
အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက်မှုကို  ကျူးလွန်ရန် အချိန်ကာလတစ်ခုယူ၍ ဖွဲ့စည်းထားသည့် လူနှစ်ဦးနှင့်အထက် ပါဝင် သောအသင်းအဖွဲ့ကို ဆိုသည်။     ယင်းစကားရပ်တွင်     ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ လည်းကောင်း၊      ဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏      အတည်ပြုချက်ဖြင့် လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုလည်း ပါဝင်သည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၁၈) (ဖ)]
လှုံ့ဆော်မှု
လှုံ့ဆော်မှုဆိုသည်မှာ  အကြမ်းဖက်မှုတစ်ခုခုကို   ကျူးလွန်ရေး အတွက် လှုံ့ဆော်ရန်ရည်ရွယ်ချက်ဖြင့်  သတင်းစကား   သို့မဟုတ် သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဖြန့်ဝေခြင်း၊ အားပေးအားမြှောက် ပြုခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းကို ဆိုသည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (ဗ)။]
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဆိုသည်မှာ အောက်ပါပစ္စည်း တို့ကိုဆိုသည်-  (၁)     သူတစ်ဦးအား သေစေရန်  သို့မဟုတ်   အပြင်း အထန်နာကျင်စေရန်သော်လည်းကောင်း၊ အရာဝတ္ထုပစ္စည်းများအား ဆိုးရွားစွာ ပျက်စီးဆုံးရှုံးစေရန်သော် လည်းကောင်း ပုံစံရေးဆွဲတီထွင် ထုတ်လုပ်သည့် သို့မဟုတ် စွမ်းအားရှိသည့် ပေါက်ကွဲစေတတ်သော သို့မဟုတ် မီးလောင်စေတတ်သောလက်နက်    သို့မဟုတ်   ပစ္စည်း ကိရိယာ၊ (၂) အဆိပ်အာနိသင်ရှိသော ဇီဝပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အဆိပ်အတောက်များ၊   အလားတူပစ္စည်းများ၊   ဓာတ်ရောင်ခြည် သို့မဟုတ် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ထုတ်လွှင့်ခြင်း၊ ဖြန့်ဖြူး ခြင်း သို့မဟုတ် ထိခိုက်မိစေခြင်းဖြင့် သူတစ်ဦးဦးအား သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်သော် လည်းကောင်း၊ အရာ ဝတ္တုပစ္စည်းများအား ဆိုးရွားစွာပျက်စီးဆုံးရှုံးစေရန်သော်   လည်း ကောင်း၊ ပုံစံရေးဆွဲတီထွင်ထုတ်လုပ်သည့် သို့မဟုတ် စွမ်းအားရှိသည့် လက်နက် သို့မဟုတ် ပစ္စည်းကိရိယာ။   [အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (ဒ)။]
ရန်ပုံငွေ
ရန်ပုံငွေဆိုသည့်    စကားရပ်တွင်    အောက်ပါတို့ ပါဝင်သည်-  (၁) ထိတွေ့၍ ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ၊ ရွှေ့ပြောင်းနိုင် သည့် ပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းဖြစ်စေ တစ်နည်း နည်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ၊   ငွေရေးကြေးရေးပိုင်ဆိုင်မှု များနှင့်  စီးပွားရေးအရင်းအမြစ်များ၊  (၂) ဘဏ်အပ်နှံငွေများ၊   ခရီး သွား ချက်လက်မှတ်များ၊  ဘဏ်ချက်လက်မှတ်များ၊   ငွေပေးအမိန့်များ၊ အစုရှယ်ယာများ၊ ငွေချေးသက်သေခံလက်မှတ်များ၊ ငွေတိုက်စာချုပ် များ၊ ဘဏ်ငွေလွှဲလွှာများနှင့်  ငွေထုတ်ပေးခွင့်စာများ   အပါအဝင် မည်သည့် အီလက်ထရောနစ် သို့မဟုတ် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မဆို ရှိသည့်ငွေကြေး၊ ပစ္စည်းပိုင်ဆိုင်ခွင့် သို့မဟုတ် အကျိုးအမြတ် များအတွက် အထောက်အထားဖြစ်သော တရားဝင်စာတမ်းအမှတ် အသားများ သို့မဟုတ် စာချုပ်စာတမ်းများ။ [အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (ယ)။]
ဗဟိုအဖွဲ့
ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို  ဆိုသည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (၇)။]
တပ်ဖွဲ့ဝင်များ
တပ်ဖွဲ့ဝင်များဆိုသည်မှာ အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများ၊   အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရေး၊ သက်သေခံ ပစ္စည်းသိမ်းဆည်းရေး၊ ထိန်းချုပ်ရေးနှင့်  အရေးယူရေးတို့အတွက် ဤဥပဒေအရဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးသော စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များ၊ ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့နှင့်    အထူးတပ်ဖွဲ့ဝင်များကို ဆိုသည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (လ)။]
ထောင်ဒဏ်တစ်သက်
ထောင်ဒဏ်တစ်သက်ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူအား အကျဉ်းထောင်၌ သေသည့်အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ် သည့် ထောင်ဒဏ်ကိုဆိုသည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (ဘ)။]
အများပြည်သူ အသုံးပြုသည့်နေရာ
အများပြည်သူအသုံးပြုသည့်နေရာဆိုသည်မှာ        ကူးသန်း ရောင်းဝယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊  ဘာသာရေး၊ ယဉ်ကျေးမှု၊ အစိုးရဆိုင်ရာကိစ္စ၊ ဖျော်ဖြေမှု၊ အပန်းဖြေမှု  စသည့် ကိစ္စများအတွက် အချိန်ကာလအပိုင်းအခြား တစ်ခုခုအတွက်ဖြစ်စေ၊ အခိုက်အတန့်ဖြစ်စေ။ တစ်ချိန်ဆက်တည်းဖြစ်စေ    အများပြည်သူ ဝင်ထွက်ခွင့်၊   အသုံးပြုခွင့်ရှိသော အဆောက်အအုံ၊    မြေနေရာ၊ ကုန်းလမ်း၊ ရထားလမ်း၊ ရေလမ်းကြောင်း သို့မဟုတ် အလားတူနေရာ အစိတ်အပိုင်းတစ်ခုခုကို ဆိုသည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (မ)။]
အကြမ်းဖက်မှုဆိုင်ရာ ပြစ်ဒဏ်များ
မည်သူမဆို အကြမ်းဖက်သမားကိုဖြစ်စေ၊   အကြမ်းဖက်အုပ်စု တစ်ခုခုကို၏ အဖွဲ့ဝင်ကိုဖြစ်စေ၊ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊   အကြမ်း ဖက်မှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်းပေးရန်   သို့မဟုတ်  သယ်ယူ ပို့ဆောင်ရေး   စီစဉ်ဆောင်ရွက်ပေးရန်    ပြုလုပ်မှုများ   ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး ထောင်ဒဏ် (၃)နှစ်မှ အများဆုံး ထောင်ဒဏ် (၇)နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈)။]
မည်သူမဆို အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းနှင့် အကြမ်းဖက်သမား ပိုင်များကို  အရောင်းအဝယ်ပြုခြင်း၊     အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့နှင့် စပ်လျဉ်း၍   သတင်းအချက်အလက်များကို ဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများသို့ ဖြစ်စေ၊ တပ်ဖွဲ့ဝင် တစ်ဦးဦးထံသို့ဖြစ်စေ ခိုင်လုံသည့်  အကြောင်းပြချက်မရှိဘဲ  ဖွင့်ဟ ပြောဆိုရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကို ထောင်ဒဏ် (၃) နှစ်မှ (၇) နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ၊ (င)။]
မည်သူမဆို အကြမ်းဖက်သမားရှိကြောင်းနှင့် အကြမ်းဖက်အုပ်စု ပိုင် ငွေကြေး၊ ပစ္စည်းရှိကြောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ဆက်သွယ် ဆောင်ရွက်မှုရှိကြောင်း သို့မဟုတ် ဆက်သွယ်ဆောင်ရွက်တော့မည်ဟု ယုံကြည်ရကြောင်းကို သတင်းပို့ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် (၃) နှစ်မှ (၇) နှစ် အထိချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၄၂ ပုဒ်မခွဲ၊ (စ)။]


မည်သူမဆို အကြမ်းဖက်အုပ်စုပိုင်ပစ္စည်း   သို့မဟုတ် အကြမ်း ဖက်သမားပိုင်ပစ္စည်းကို အရောင်းအဝယ်ပြုလျှင်၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းလျှင် သို့မဟုတ်   လွှဲပြောင်းရန်     အားထုတ်လျှင်သော် လည်းကောင်း၊ ထိုသို့ပြုလုပ်ခြင်းနှင့်စပ်လျဉ်းသည့်   သတင်းအချက် အလက်များကို  ဗဟိုအဖွဲ့နှင့်    သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ ဖြစ်စေ၊ တပ်ဖွဲ့ဝင်တစ်ဦးဦးထံသို့ဖြစ်စေ ခိုင်လုံသည့်   အကြောင်းပြ ချက်မရှိဘဲ ဖွင့်ဟပြောဆိုရန်   ပျက်ကွက်လျှင်သော်လည်းကောင်း အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ထိုသူကို အနည်းဆုံး  ထောင်ဒဏ် (၃) နှစ်မှ အများဆုံး ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ (က)။]
မည်သူမဆို အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ်   တစ်ဦးတစ်ယောက် အတွက်  အရေးကြီးသော   အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံများကိုဖြစ်စေ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်များကိုဖြစ်စေ  ပြင်းထန်စွာ  ထိခိုက်ဆုံးရှုံးစေရန်   ပြုလုပ်ကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထိုသူကို  အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ် ရမည့်အပြင်     ငွေဒဏ်လည်း  ချမှတ်နိုင်သည်။    [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၀)။]
အကြမ်းဖက်သမားကိုဖြစ်စေ၊   အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ လက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ပေါက်ကွဲစေတတ်သော   လက်နက် ပစ္စည်းများ သို့မဟုတ် နျူကလီးယားဒြပ်ပစ္စည်းများကို ထုတ်လုပ် ပေးရန်၊ လွှဲပြောင်းပေးရန်၊ လက်ခံထိန်းသိမ်းပေးရန်၊ ထောက်ပံ့ရန် သို့မဟုတ် ထောက်ပံ့ရန် ကမ်းလှမ်းသည့် ပြုလုပ်မှုများ   ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်    ထိုသူကို  အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၂)။]
မည်သူမဆို အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ် စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ   ရှောင်ရှား စေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲဖြစ်နေသည့်အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်း မရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်း အထန်နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး  ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်  တစ်သက်အထိ   ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၃)။]
မည်သူမဆို အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကိုဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ကိုဖြစ်စေ ဆိုးရွားစွာထိခိုက်စေသည့် အကြမ်းဖက်မှုများ ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်    ထိုသူကို   အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ် ရမည့်အပြင်၊  ငွေဒဏ်လည်း  ချမှတ်နိုင်သည်။    [(အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၄)။]
အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ သူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား  စီရင်ခြင်းခံရလျှင်   ထိုသူကို   အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ အများဆုံးထောင်ဒဏ် (၇) နှစ်အထိ  ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၅။   (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၂၁/၂၀၂၁)ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ။)
မည်သူမဆို အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊  အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှား ဆောင်ရွက်စေရန် ပြုလုပ်မှုများ ကျူးလွန်ကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများ ဆုံး ထောင်ဒဏ် (၇)နှစ်အထိ   ချမှတ်ရမည့်အပြင်  ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၆။)
မည်သူမဆို      အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်အပေါ် လူသတ်မှု၊ လူပြန်ပေးမှု သို့မဟုတ် ယင်း၏ခန္ဓာကိုယ်ကို အခြားနည်းဖြင့် ကျူးလွန်မှု သို့မဟုတ် လွတ်လပ်ခွင့်ကို ထိခိုက်နစ်နာ စေမှု၊ အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်၏ ခန္ဓာ ကိုယ်ကိုဖြစ်စေ၊ လွပ်လပ်ခွင့်ကိုဖြစ်စေ အန္တရာယ်ဖြစ်စေရန်ရည်ရွယ်၍ ယင်း၏တရားဝင်ပရဝဏ်၊  ကိုယ်တိုင်နေထိုင်သည့် အဆောက်အအုံ သို့မဟုတ် စီးနင်းသွားလာသည့်ယာဉ်ကို    ပြင်းထန်စွာ ထိခိုက်စွာ ထိခိုက်နစ်နာစေမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်(၅)နှစ်မှ အများဆုံးထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) နှင့် (ခ)။]
မည်သူမဆို ၁၉၉၁ ခုနှစ်၊ စုံစမ်းထောက်လှမ်းရှာဖွေရေးအတွက် ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထုပစ္စည်းများ အမှတ်အသား ပြုလုပ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ   လိုက်နာဆောင်ရွက်ခြင်း မပြုသည့်အပြင်  မည်သည့်ပေါက်ကွဲစေတတ်သော   ပစ္စည်းပါဝင် ကြောင်း မှတ်သားထားခြင်းမရှိသည့် ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများကို နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နယ်နိမိတ်ပြင်ပသို့ဖြစ်စေ အခွင့်ရအာဏာပိုင်၏   ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်မှု၊    ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊   တင်ပို့မှု၊  ဖြတ်သန်းသယ်ယူပို့ဆောင်မှု   သို့မဟုတ် ဆိုက်ကပ်ရပ်နားမှု ပြုလုပ်ပါက ပေါက်ကွဲစေတတ်သော ပလတ်စတစ် ဝတ္ထုပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုမြောက်သည်။ ဤပုဒ်မ ၃၅၊ ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ခုခုကို   ကျူးလွန်ရန်အားထုတ်မှု၊   အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင် ဆောင်ရွက်မှုပြုပါက အဆိုပါပြစ်မှုကို   ကျူးလွန်ရာရောက်သဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၅)နှစ်မှ အများဆုံးထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မခွဲ (က) နှင့် (ခ)။]
မည်သူမဆို သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း၊ စီးပွားရေးနစ်နာဆုံးရှုံးမှု  ကြီးမားစွာဖြစ်စေရန် သော်လည်းကောင်း၊   ကျယ်ကျယ်ပြန့်ပြန့်    ပျက်စီးစေရန်သော် လည်းကောင်း၊ ရည်ရွယ်၍ အောက်ပါပြုလုပ်မှုတစ်ခုခုကို ဥပဒေနှင့် မညီဘဲ  တမင်ကျူးလွန်လျှင်   အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုမြောက်သည် - (က) အများပြည်သူ အသုံးပြုနေသည့်နေရာတွင် ဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊    ယာဉ်ပစ္စည်းကိရိယာနှင့်    အသုံး အဆောင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ အများပြည်သူသယ်ယူပို့ဆောင် ရေးစနစ်  သို့မဟုတ်   အခြေခံအဆောက်အအုံပစ္စည်းတစ်ခုခုတွင် ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းကိုပေးအပ်မှု၊ ချထားမှု၊ စွန့်ပစ်မှု သို့မဟုတ် ဖောက်ခွဲမှု သို့မဟုတ် ယင်းတို့ကို ဖျက်ဆီးမှု၊ (ခ) ပုဒ်မခွဲ (က) ၌ ပါရှိသော ပြစ်မှုတစ်ခုခုကို    ကျူးလွန်ရန်အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ်   ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု၊ (ဂ)အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရန် သို့မဟုတ် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း၊   ဗုံး သို့မဟုတ် လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု သို့မဟုတ် လက်ဝယ်ထားမှုတို့ ကျူးလွန်ကြောင်း  ပြစ်မှုထင်ရှား  စီရင်ခြင်းခံရ လျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် (၅)နှစ်မှ အများဆုံးထောင်ဒဏ် (၁၀)နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ၊ (က) (ခ) နှင့် (ဂ)။]
မည်သူမဆို  အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်းမပြုနိုင်စေရန် သို့မဟုတ်  လွတ်မြောက်စေရန်အလို့ငှာ   ထိမ်ချန်ခြင်း   သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းပြုလုပ်မှုများ ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်    ထိုသူကို   ထောင်ဒဏ် (၃) နှစ်မှ အများဆုံး ထောင်ဒဏ် (၇)နှစ်အထိ  ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၇။)
အများဆုံးပြစ်ဒဏ်ချမှတ်ခြင်း
အကြမ်းဖက်မှုပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူ သည် ယခင်ကလည်း အကြမ်းဖက်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင် ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သော အကြမ်းဖက်မှုအတွက် ပြဋ္ဌာန်း ထားသော အများဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။ (အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅။)
အကြမ်းဖက်မှုကို နိုင်ငံရေးပြစ်မှုဟု မှတ်ယူ၍မရ
ဤ “အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဥပဒေနှင့်အကျုံးဝင်သည့် အကြမ်းဖက်မှုများကို နိုင်ငံရေးပြစ်မှု၊ ယင်းနှင့်ဆက်နွှယ်သည့်ပြစ်မှု သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်အတွက်   ကျူးလွန်သည့်ပြစ်မှုဟု မှတ်ယူခြင်းမပြုရ။ [အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၀၊ ပုဒ်မခွဲ (က)။]
အကြမ်းဖက်မှုများကို အရေးယူခြင်း
တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အကြမ်း ဖက်မှုများကို ဤဥပဒေဖြင့်သာ အရေးယူရမည်။    (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၉။)