
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့
====================================
ဥပဒေဆိုင်ရာ နီတိတစ်ခုတွင် “Ignorance of fact excuses; ignorance of law does not excuse”ဟု ရှိပါသည်။ ဤဥပဒေနီတိကို ဥပဒေ ပညာရှင် ဦးမြင့်ဝင်း(ရွှေဘို)က “အကြောင်းခြင်းရာ အချက်အလက်ကို မသိနားမလည်မှုသည် ခွင့်လွှတ် ရာဖြစ်သည်။ ဥပဒေကို မသိနားမလည်မှုကိုမူ ခွင့်လွှတ်ရာမဟုတ်”ဟု မြန်မာဘာသာဖြင့် ပြန်ဆို ထားသည်။ မြန်မာနိုင်ငံ၏ တည်ဆဲရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၆၊ ပုဒ်မ ၇၉ တို့တွင် ဤအချက်များကို ပင် ပြဋ္ဌာန်းထားပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ(၂၀၁၄)တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန် သဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ်(၁)နှစ်သို့မဟုတ် (၃)နှစ်သို့မဟုတ် (၅)နှစ်သို့မဟုတ် (၇)နှစ်သို့မဟုတ် (၁၀)နှစ်နှင့် ငွေဒဏ် များကိုလည်း ချမှတ်ခြင်းခံရမည့်အပြင် အများဆုံး ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရနိုင်သည်ကို မြန်မာနိုင်ငံသားများ သိရှိရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံသားများ သိသင့်သိထိုက်သော အကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေပါအရေးကြီးသည့် ဖွင့်ဆိုချက်များ၊ ပြစ်မှု များနှင့် ပြစ်ဒဏ်များကို ကောက်နုတ်တင်ပြရပါ သည်။
အကြမ်းဖက်သမား
အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက် မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန် အားထုတ်သူကိုလည်း ကောင်း၊ အကြမ်းဖက်မှုတွင်ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများ အား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင် ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်းဆိုသည်။ [အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)။ ပုဒ်မခွဲငယ် (၁၀)၊ ပုဒ်မခွဲငယ် (၁၈) (ပ)]
အကြမ်းဖက်အုပ်စု
အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက် မှုကို ကျူးလွန်ရန် အချိန်ကာလတစ်ခုယူ၍ ဖွဲ့စည်း ထားသည့် လူနှစ်ဦးနှင့်အထက် ပါဝင်သောအသင်း အဖွဲ့ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြု ချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုလည်း ပါဝင်သည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၁၈) (ဖ)]
လှုံ့ဆော်မှု
လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခု ကို ကျူးလွန်ရေးအတွက် လှုံ့ဆော်ရန်ရည်ရွယ်ချက် ဖြင့် သတင်းစကား သို့မဟုတ် သတင်းအချက် အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းကို ဆိုသည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၈) (ဗ)။]
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဆိုသည် မှာ အောက်ပါပစ္စည်းတို့ကိုဆိုသည်- (၁) သူတစ်ဦး အားသေစေရန် သို့မဟုတ် အပြင်းအထန်နာကျင် စေရန်သော်လည်းကောင်း၊ အရာဝတ္ထုပစ္စည်းများ အား ဆိုးရွားစွာ ပျက်စီးဆုံးရှုံး စေရန်သော်လည်း ကောင်း ပုံစံရေးဆွဲတီထွင် ထုတ်လုပ်သည့် သို့မဟုတ် စွမ်းအားရှိသည့် ပေါက်ကွဲစေတတ်သော သို့မဟုတ် မီးလောင်စေတတ်သော လက်နက် သို့မဟုတ် ပစ္စည်းကိရိယာ၊ (၂)အဆိပ်အာနိသင်ရှိ သော ဇီဝပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အဆိပ် အတောက်များ၊ အလားတူ ပစ္စည်းများ၊ ဓာတ်ရောင် ခြည် သို့မဟုတ် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ထုတ်လွှင့်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ထိခိုက်မိ စေခြင်းဖြင့် သူတစ်ဦးဦးအားသေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန်သော်လည်းကောင်း၊ အရာဝတ္ထုပစ္စည်းများအား ဆိုးရွားစွာ ပျက်စီးဆုံးရှုံး စေရန်သော်လည်းကောင်း၊ ပုံစံရေးဆွဲတီထွင် ထုတ်လုပ်သည့် သို့မဟုတ် စွမ်းအားရှိသည့် လက်နက် သို့မဟုတ် ပစ္စည်းကိရိယာ။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၈) (ဒ)။]
ရန်ပုံငွေ
ရန်ပုံငွေဆိုသည့် စကားရပ်တွင် အောက်ပါတို့ ပါဝင်သည် - (၁) ထိတွေ့၍ ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းဖြစ် စေ၊ မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းဖြစ်စေ တစ်နည်း နည်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ၊ ငွေရေး ကြေးရေးပိုင်ဆိုင်မှုများနှင့် စီးပွားရေးအရင်း အမြစ်များ၊ (၂) ဘဏ်အပ်နှံငွေများ၊ ခရီးသွား ချက်လက်မှတ်များ၊ ဘဏ်ချက်လက်မှတ်များ၊ ငွေပေးအမိန့်များ၊ အစုရှယ်ယာများ၊ ငွေချေး သက်သေခံလက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ဘဏ်ငွေလွှဲလွှာများနှင့် ငွေထုတ်ပေးခွင့်စာများ အပါအဝင် မည်သည့်အီလက်ထရောနစ် သို့မဟုတ် ဒစ်ဂျစ်တယ် နည်းလမ်းဖြင့်မဆိုရှိသည့် ငွေကြေး၊ ပစ္စည်းပိုင်ဆိုင်ခွင့် သို့မဟုတ် အကျိုးအမြတ်များ အတွက် အထောက်အထားဖြစ်သော တရားဝင် စာတမ်းအမှတ်အသားများ သို့မဟုတ် စာချုပ် စာတမ်းများ။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၈) (ယ)။]
ဗဟိုအဖွဲ့
ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းသော အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဆိုသည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၈) (၇)။]
တပ်ဖွဲ့ဝင်များ
တပ်ဖွဲ့ဝင်များဆိုသည်မှာ အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက် သမားများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရေး၊ သက်သေခံပစ္စည်းသိမ်းဆည်းရေး၊ ထိန်းချုပ်ရေးနှင့် အရေးယူရေးတို့အတွက် ဤဥပဒေအရဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးသော စုံစမ်း စစ်ဆေးရေးအဖွဲ့များ၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များကို ဆိုသည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၈) (လ)။]
ထောင်ဒဏ်တစ်သက်
ထောင်ဒဏ်တစ်သက်ဆိုသည်မှာ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရသူအား အကျဉ်းထောင်၌ သေသည့်အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ်သည့် ထောင်ဒဏ်ကို ဆိုသည်။ [အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၈) (ဘ)။]
အများပြည်သူ အသုံးပြုသည့်နေရာ
အများပြည်သူအသုံးပြုသည့်နေရာဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အစိုးရ ဆိုင်ရာကိစ္စ၊ ဖျော်ဖြေမှု၊ အပန်းဖြေမှု စသည့်ကိစ္စ များအတွက် အချိန်ကာလအပိုင်းအခြား တစ်ခုခု အတွက်ဖြစ်စေ၊ အခိုက်အတန့်ဖြစ်စေ။ တချိန်ဆက် တည်းဖြစ်စေ အများပြည်သူဝင်ထွက်ခွင့်၊ အသုံးပြု ခွင့်ရှိသော အဆောက်အအုံ၊ မြေနေရာ၊ ကုန်းလမ်း၊ ရထားလမ်း၊ ရေလမ်းကြောင်း သို့မဟုတ် အလားတူ နေရာ အစိတ်အပိုင်းတစ်ခုခုကို ဆိုသည်။ [အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၈) (မ)။]
အကြမ်းဖက်မှုဆိုင်ရာ ပြစ်ဒဏ်များ
မည်သူမဆို အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုကို၏ အဖွဲ့ဝင်ကိုဖြစ်စေ၊ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်း ဖက်မှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက် ပေးရန် ပြုလုပ်မှုများ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများဆုံး ထောင်ဒဏ်(၇) နှစ် အထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈)။]
မည်သူမဆို အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းနှင့် အကြမ်းဖက်သမားပိုင်များကို အရောင်းအဝယ်ပြု ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို ဗဟို အဖွဲ့နှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများသို့ ဖြစ်စေ၊ တပ်ဖွဲ့ဝင်တစ်ဦးဦးထံသို့ဖြစ်စေ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဖွင့်ဟပြောဆိုရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်(၃)နှစ်မှ (၇)နှစ် အထိချမှတ် ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ၊ (င)။]
မည်သူမဆို အကြမ်းဖက်သမားရှိကြောင်းနှင့် အကြမ်းဖက်အုပ်စုပိုင် ငွေကြေး၊ ပစ္စည်းရှိကြောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်မှုရှိ ကြောင်း သို့မဟုတ် ဆက်သွယ်ဆောင်ရွက်တော့ မည်ဟု ယုံကြည်ရကြောင်းကို သတင်းပို့ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်(၃)နှစ်မှ (၇) နှစ်အထိ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ [အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ၊ (စ)။]
မည်သူမဆို အကြမ်းဖက်အုပ်စုပိုင်ပစ္စည်း သို့မဟုတ် အကြမ်းဖက်သမားပိုင်ပစ္စည်းကို အရောင်းအဝယ်ပြုလျှင်၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းလျှင် သို့မဟုတ် လွှဲပြောင်းရန် အားထုတ် လျှင်သော်လည်းကောင်း၊ ထိုသို့ ပြုလုပ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ဗဟို အဖွဲ့နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ဖြစ်စေ၊ တပ်ဖွဲ့ဝင်တစ်ဦးဦးထံသို့ဖြစ်စေ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဖွင့်ဟပြောဆိုရန် ပျက်ကွက်လျှင်သော်လည်းကောင်း အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျုးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများဆုံး ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ (က)။]
မည်သူမဆို အများပြည်သူ၏ လုံခြုံရေးကို ဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများ ပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကို ဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံများကို၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်များကို ဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန်ပြုလုပ် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်(၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ ငယ် (၁၀)။]
အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက် အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ လက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များ၊ ပေါက်ကွဲစေတတ်သော လက်နက် ပစ္စည်းများ သို့မဟုတ် နျူကလီးယားဒြပ်ပစ္စည်း များကို ထုတ်လုပ်ပေးရန်၊ လွှဲပြောင်းပေးရန်၊ လက်ခံ ထိန်းသိမ်းပေးရန်၊
ထောက်ပံ့ရန် သို့မဟုတ် ထောက်ပံ့ရန် ကမ်းလှမ်း သည့်ပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၂)။]
မည်သူမဆို အများပြည်သူအတွင်း ထိတ်လန့် ကြောက်ရွံ့မှုဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ခုခုအား ဥပဒေ နှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ် ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ် ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်း အထန်နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်(၁၀)နှစ်မှ အများ ဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ခွဲငယ် (၁၃)။]
မည်သူမဆို အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကိုဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေ ဆိုးရွားစွာထိခိုက်စေသည့် အကြမ်းဖက် မှုများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်(၁၀)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့် အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည်။ [အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၄)။]
အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ် စေ၊ သူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် (၃)နှစ်မှ အများဆုံးထောင်ဒဏ်(၇)နှစ်အထိချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၅။) (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥပဒေအမှတ် (၂၁/၂၀၂၁)ဖြင့် အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ။)
မည်သူမဆို အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင် ဆောင်ရွက်ရန်၊ တာဝန်ပေး၍လှုပ်ရှားဆောင်ရွက် စေရန် ပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများဆုံးထောင်ဒဏ်(၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၆။)
မည်သူမဆို အပြည်ပြည်ဆိုင်ရာ အကာ အကွယ်ပေးရမည့် ပုဂ္ဂိုလ်အပေါ် လူသတ်မှု၊ လူပြန် ပေးမှု သို့မဟုတ် ယင်း၏ခန္ဓာကိုယ်ကို အခြားနည်း ဖြင့် ကျူးလွန်မှု သို့မဟုတ် လွပ်လပ်ခွင့်ကို ထိခိုက် နစ်နာစေမှု၊ အပြည်ပြည်ဆိုင်ရာ အကာအကွယ် ပေးရမည့်ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကိုဖြစ်စေ၊ လွပ်လပ် ခွင့်ကိုဖြစ်စေ အန္တရာယ်ဖြစ်စေရန် ရည်ရွယ်၍ ယင်း၏တရားဝင်ပရဝဏ်၊ ကိုယ်တိုင်နေထိုင်သည့် အဆောက်အအုံ သို့မဟုတ် စီးနင်းသွားလာသည့် ယာဉ်ကို ပြင်းထန်စွာ ထိခိုက်နစ်နာစေမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၅)နှစ်မှ အများဆုံး ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် (ခ)။]
မည်သူမဆို ၁၉၉၁ ခုနှစ်၊ စုံစမ်းထောက်လှမ်း ရှာဖွေရေးအတွက် ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထုပစ္စည်းများ အမှတ်အသားပြုလုပ် ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ လိုက်နာဆောင် ရွက်ခြင်းမပြုသည့်အပြင် မည်သည့်ပေါက်ကွဲစေ တတ်သော ပစ္စည်းပါဝင်ကြောင်း မှတ်သားထား ခြင်းမရှိသည့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များကို နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နယ်နိမိတ် ပြင်ပသို့ဖြစ်စေ အခွင့်ရအာဏာပိုင်၏ ခွင့်ပြုချက် မရှိဘဲထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ဖြတ်သန်း သယ်ယူပို့ဆောင်မှု သို့မဟုတ် ဆိုက်ကပ် ရပ်နားမှုပြုလုပ်ပါက ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုမြောက် သည်။ ဤပုဒ်မ ၃၅၊ ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှုပြုပါက အဆိုပါ ပြစ်မှုကို ကျူးလွန်ရာရောက်သဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် (၅)နှစ်မှ အများဆုံးထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ [အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၅၊ ပုဒ်မခွဲ (က) နှင့် (ခ)။]
မည်သူမဆို သေစေရန် သို့မဟုတ် အပြင်း အထန်နာကျင်စေရန်သော်လည်းကောင်း၊ စီးပွား ရေး နစ်နာဆုံးရှုံးမှုကြီးမားစွာ ဖြစ်စေရန်သော် လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးစေရန် သော်လည်းကောင်း ရည်ရွယ်၍ အောက်ပါပြုလုပ်မှု တစ်ခုခုကို ဥပဒေနှင့်မညီဘဲ တမင်ကျူးလွန်လျှင် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုမြောက် သည် - (က) အများပြည်သူ အသုံးပြုနေသည့် နေရာတွင်ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် သို့မဟုတ် အခြေခံအဆောက် အအုံ ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်းကိုပေးအပ်မှု၊ ချထားမှု၊ စွန့်ပစ်မှု သို့မဟုတ် ဖောက်ခွဲမှု သို့မဟုတ် ယင်းတို့ကိုဖျက်ဆီး မှု၊ (ခ) ပုဒ်မခွဲ(က)၌ပါရှိသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု၊ (ဂ) အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ရန် သို့မဟုတ် အကြမ်း ဖက်ဗုံးခွဲ တိုက်ခိုက်မှုကျူးလွန်ရာတွင် အားပေး ကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း၊ ဗုံး သို့မဟုတ် လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု သို့မဟုတ် လက်ဝယ်ထားမှု တို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်(၅)နှစ်မှ အများဆုံးထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ [အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ၊ (က) (ခ) နှင့် (ဂ)။]
မည်သူမဆို အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့် ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်(၃)နှစ်မှ အများဆုံးထေ
ာင်ဒဏ် (၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၁၇။)
အများဆုံးပြစ်ဒဏ်ချမှတ်ခြင်း
အကြမ်းဖက်မှုပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူသည် ယခင်ကလည်း အကြမ်းဖက်မှု တစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံ ကျူးလွန်သော အကြမ်းဖက်မှုအတွက် ပြဋ္ဌာန်းထား သော အများဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅။)
အကြမ်းဖက်မှုကို နိုင်ငံရေးပြစ်မှုဟု မှတ်ယူ၍မရ
ဤ “အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဥပဒေ နှင့်အကျုံးဝင်သည့် အကြမ်းဖက်မှုများကို နိုင်ငံရေး ပြစ်မှု၊ ယင်းနှင့်ဆက်နွှယ်သည့်ပြစ်မှု သို့မဟုတ် နိုင်ငံရေး ရည်ရွယ်ချက်အတွက် ကျူးလွန်သည့် ပြစ်မှုဟု မှတ်ယူခြင်းမပြုရ။ [အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၀၊ ပုဒ်မခွဲ (က)။]
အကြမ်းဖက်မှုများကို အရေးယူခြင်း
တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိ စေကာမူ အကြမ်းဖက်မှုများကို ဤဥပဒေဖြင့်သာ အရေးယူရမည်။ (အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၉။)
- Log in to post comments