ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကူဝိတ်နိုင်ငံ သံရုံးယာယီတာဝန်ခံ သံမှူး Mr. Adel M F A AI Adgham နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 
 
 
 
နေပြည်တော် ဇန်နဝါရီ ၂၀
 
 
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကူဝိတ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ သံမှူး Mr. Adel M F A AI Adgham နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲက ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
ခရီးသွားကဏ္ဍ တိုးတက်ရေး
 
တွေ့ဆုံစဉ် ကူဝိတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးအတွက် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၈ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ တိုးတက် ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဥပဒေရေးရာကဏ္ဍများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
 
သတင်းစဉ်