ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၉၀/၂-၁)ကြား ကျောက္ကလပ်တံတားအနီး၌ လူမှုကူညီရေးအသင်းမှယာဉ်တစ်စီး မိုင်းခွဲခံရ

နေပြည်တော်  ဩဂုတ်  ၆


နိုင်ငံတော်အတွင်း   ဆူပူအကြမ်း ဖက်သူ    လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်      အဆောက်အအုံ များ၊  အေးချမ်းစွာ    နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ   သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ  ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ် နေကြသည်ကို    တွေ့ရှိရသည်။ ၎င်းအပြင်  လတ်တလောကျန်းမာ ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် စိတ်စေတနာ ပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ် လုပ်ကိုင်လျက်ရှိသော  စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များကိုလည်း     နည်းမျိုးစုံဖြင့် ဦးတည်     တိုက်ခိုက်လာသည်ကို တွေ့ရှိရသည်။


သွားရောက်စစ်ဆေး


ထိုသို့   လုပ်ဆောင်လျက်ရှိရာ မွန်းလွဲ   ၁၂   နာရီခွဲခန့်တွင်  မွန် ပြည်နယ်      ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်  ကားလမ်း ဟောင်း မိုင်တိုင်အမှတ် (၉၀/၂-၁)ကြား  ကျောက္ကလပ်တံတားအနီး၌ လူနာတင်ယာဉ်တစ်စီးမိုင်းဖောက် ခွဲခံရကြောင်း       သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက    သွား ရောက်စစ်ဆေးခဲ့ရာ    လိုရာပြည့် လူမှုကူညီရေးအသင်းမှ  သိမ်ဇရပ် မြို့        မြို့မ(၁)ရပ်ကွက်နေ ကိုကျော်စွာဝင်း (၂၁)နှစ် (ဘ)ဦးတင်ထွန်းသည်    အသင်းပိုင် လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့မှ သူရလင်း (၂၆) နှစ် (ဘ) ဦးကျော် လင်းနှင့်  ဦးမိုးအောင် (၅၃)နှစ် (ဘ) ဦးလှအောင်တို့အား    သွား ရောက်တင်ဆောင်၍     သိမ်ဇရပ် မြို့သို့    ပြန်လာစဉ်     သိမ်ဇရပ် မြို့ဝင်ဆိုင်းဘုတ်အနီး    အရောက် တရုတ်နိုင်ငံလုပ် ကြိုးဆွဲလက်ပစ် ဗုံးဖြင့်         ဖောက်ခွဲခံရသဖြင့် ယာဉ်၏       ရှေ့လေကာမှန်ကြီး၊  ယာရှေ့နောက်မှန်ကြီး နှစ်ချပ်တို့   ကွဲအက်ပျက်စီးခဲ့ပြီး    လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း      သိရ သည်။


အထက်ပါဖြစ်စဉ်မှ   ကျူးလွန် သူများအား       ဥပဒေနှင့်အညီ  ထိရောက်စွာ   အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်