မိုးညှင်း၊ မြစ်ကြီးနား၊ ပုသိမ်ကြီးနှင့် နောင်ချိုမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဩဂုတ်   ၇ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် တွင်   မိုးညှင်းမြို့နယ်   ရန်ကုန်-မြစ်ကြီးနားသွားကားလမ်း နန့်စီး အောင် ပူးပေါင်းစစ်ဆေးရေးဂိတ် အနီး၌   ခရီးသည်တင်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ    ခရီး သည် မမေသွယ်ဦး သယ်ဆောင် လာသည့် ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကို လည်းကောင်း။


ထိုနေ့   မွန်းလွဲ  ၂  နာရီတွင် မြစ်ကြီးနားမြို့နယ်    မန္တလေး - မြစ်ကြီးနားသွားကားလမ်း (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သူရဟိန်း မောင်းနှင်ပြီး အောင်နေ လင်းလိုက်ပါလာသည့် ဆိုင်ကယ် ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ  သုည ဒသမ ၂၂ ကီလိုကို လည်းကောင်း၊         အလားတူ ည ၈   နာရီ  ၁၅  မိနစ်တွင် မြစ်ကြီးနားမြို့      တပ်ကုန်း (ထွယ်ဆန်)ရပ်ကွက် ရွှေလမ်းမ ကြီးတွင် မကေသီလှိုင်(ခ)ကေကြီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည  ဒသမ  ၂၂  ကီလိုကိုလည်း ကောင်း။ 


ထို့နောက် ဩဂုတ် ၆ ရက် ညနေ ၄     နာရီခွဲတွင်  ပုသိမ်ကြီးမြို့ နယ်  အုန်းချောကျေးရွာ-ရွှေစာရံ ကျေးရွာသွား  ကားလမ်းဘေးရှိ ပျိုးဥယျာဉ်ဆိုင်ရှေ့၌       ဝင်းဖေ မောင်းနှင်ပြီး မောင်ငယ်လိုက်ပါ လာသည့်  ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၄၅၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၈ နာရီခွဲတွင် နောင်ချို မြို့နယ်  နောင်ချို-မန္တလေးသွား ကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီး၌   ထွန်းလှ  မောင်းနှင်လာ သည့်    ဆိုင်ကယ်ကို    ရပ်တန့် စစ်ဆေးရှာဖွေရာ       စိတ်ကြွရူးသွပ် ဆေးပြား ၁၀၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်     ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ 


သတင်းစဉ်