အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

၁။    အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထား သော ၉-၈-၂၀၂၁ မှ  ၁၅-၈-၂၀၂၁ ရက်အထိ  ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့်     လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်း များ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး   COVID-19   ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
၂။    အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ Online စနစ်ဖြင့် ပို့ကုန်၊  သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း    ပုံမှန်အတိုင်း    ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန