အပြောနဲ့အလုပ်ညီဖို့လို

Type

မျိုးငြိမ်းငယ်

လတ်တလော ကိုဗစ်-၁၉ ကုသကာကွယ်ဆေးထိုးတဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေကို ကြားနေရပါတယ်။

 

ဩဂုတ်လ ၃ ရက်နေ့က    ဖယ်ခုံက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေတဲ့ မြို့တော်ခန်းမမှာ  ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေးတာဝန်ယူနေတဲ့      ရဲဝန်ထမ်း နှစ်ဦး  သေဆုံးခဲ့ပြီး   ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ဆေးလာထိုးသူတစ်ဦးနဲ့    စေတနာ့ ဝန်ထမ်းတစ်ဦး     ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း      သိရပါတယ်။     ဩဂုတ်လ ၆ ရက်နေ့ကတော့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က    လိုရာဖြည့်ပရဟိတ ယာဉ်တစ်စီးဟာလည်း   မိုင်းထောင် ဖောက်ခွဲ       တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးဝတ်စုံ တွေဝတ်ပြီး အကြမ်းဖက်တိုက်ခိုက်တာ တွေကြားရတော့  အံ့ဩမိတာ  အမှန် ပါပဲ။    ဒီလို    အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုလူတွေကများ  ဘ ယ်လိုအတွေး အခေါ်နဲ့    လုပ်ကြသလဲလို့   စဉ်းစားမိ ပါတယ်။ 


အခုလို ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ဒဏ်ကို   အားလုံးက  ကြံ့ကြံ့ခံရင်ဆိုင်  နေရချိန်မှာ ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုး လုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်း တွေ၊ ကုသရေးလုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ဖို့  လိုအပ်နေတာ အားလုံး အသိပဲဖြစ်ပါတယ်။  ရောဂါကူးစက်မှု တွေ များပြားလာတာနဲ့အတူ ကာကွယ် ဆေးထိုးဖို့၊    တစ်ဦးချင်းက   ကိုဗစ် စည်းကမ်းတွေ လိုက်နာကြဖို့၊ ကုသရေး မှာလည်း     ထိရောက်ဖို့      ဝိုင်းဝန်း ဆောင်ရွက်နေကြတဲ့      အချိန်လည်း  ဖြစ်ပါတယ်။     ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူတွေရဲ့  အပူတွေ၊ ကပ်ရောဂါကြောင့်        သေဆုံးသူရဲ့  မိသားစုဝင်တွေထဲက  သောကမီးတွေကို ကိုယ်ချင်းစာတရားနဲ့ကြည့်ရင်  မြင်ရ ပါလိမ့်မယ်။ 


တစ်ဦးကောင်း တစ်ယောက်ကောင်း၊ 
တစ်ဌာနကောင်း လုပ်ဆောင်လို့မရ


ဒါ့အပြင်      ရောဂါကူးစက်မှုရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ စားဝတ်နေ ရေးတွေ၊ အလုပ်အကိုင်ကိစ္စတွေဆိုတဲ့ အကျိုးဆက်တွေကလည်း ရှိနေဆဲပါ။ ဒီလိုရိုက်ခတ်မှု   ပြင်းထန်တဲ့ ကူးစက် ရောဂါကို ကျော်လွှားဖို့ဆိုတာ တစ်ဦး ကောင်း တစ်ယောက်ကောင်း၊ တစ်ဌာန ကောင်း  လုပ်ဆောင်လို့  မရနိုင်ပါဘူး။ အားလုံးလက်တွဲ  ဆောင်ရွက်ကြရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ အခက်အခဲ ကာလမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ ဝန်ထမ်းတွေသာ မကပါဘူး၊  ပရဟိတ အဖွဲ့တွေ၊     စေတနာ့ဝန်ထမ်းတွေဟာ လူမျိုးမရွေး၊  ဘာသာမရွေး  ကုသရေး တွေ၊  ကာကွယ်ရေးတွေ၊  စားသောက်ရေး တွေကအစ    နာရေးကူညီတာအဆုံး တတ်နိုင်တဲ့ဘက်က  အရောင်အသွေး မခွဲခြားဘဲ    ဝိုင်းဝန်းကူညီပေးနေကြရ ပါတယ်။ အများနဲ့ဆိုင်တဲ့  ကျန်းမာရေး ကိစ္စဖြစ်နေတာ၊ အချိန်ကာလကန့်သတ် ချက် မမျှော်မှန်းနိုင်တာ၊ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနေတာတွေကြောင့် နိုင်ငံရေးဆိုတဲ့  ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရပါဘူး။


ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ နိုင်ငံ ရေးကိစ္စ မဟုတ်ပါဘူး။ နောက်ပြီး ကိုဗစ် ကူးစက်မှုတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။    ကိုဗစ်-၁၉   ကပ်ရောဂါ ဘယ်အစိုးရလက်ထက်မှာ ကူးစက်မယ်၊ ဘယ်အစိုးရလက်ထက်မှာ  မကူးစက် ဘူးဆိုပြီး    သတ်မှတ်ထားတာ    မရှိ ပါဘူး။ ကိုဗစ်-၁၉ ရောဂါ မပျောက်သရွေ့ ကတော့      ဘယ်အစိုးရတက်တက် ကူးစက်နေဦးမှာပါပဲ။ ကမ္ဘာမှာတောင် ဒီမိုကရေစီနိုင်ငံမို့၊  ကွန်မြူနစ်နိုင်ငံမို့ ဆိုပြီး ကိုဗစ်-၁၉ ကူးစက်မှုက ခွဲခြား မထားပါဘူး။ ဆိုလို ချင်တာက ကိုဗစ်-၁၉ ကူးစက်မှုဟာ နိုင်ငံရေးတွေ၊ လူမျိုး တွေ၊ ဘာသာတွေ မခွဲခြားဘဲ ကူးစက် နေတာကို ဆိုချင်တာပါပဲ။ ဒီတော့ ကိုဗစ်- ၁၉ တိုက်ဖျက်ရာမှာ  နိုင်ငံရေးအမြင် တွေ၊  လူမျိုးရေးအမြင်တွေ၊    ဘာသာရေး အမြင်တွေအစား လူသား အားလုံးအပေါ် ကျရောက်လာတဲ့ ကပ်ရောဂါ အမြင်နဲ့ ပူးပေါင်းဆောင်ရွက်ကြမှ   ဒီကပ်ဘေးကို  ကျော်လွှားနိုင်ပါလိမ့်မယ်။


ကိုဗစ်-၁၉ ကို တွန်းလှန်ဖို့ နိုင်ငံရေး စနစ်       မတူညီတဲ့     နိုင်ငံတွေတောင် လက်တွဲ  ဆောင်ရွက်နေကြပါတယ်။ အားလုံးက ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အမျိုးသားရေးအသွင် ဆောင်ရွက်နေကြ ချိန်မှာ    ပြည်သူလူထုနဲ့    တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ် ရေး၊       ကုသရေးလုပ်ငန်းတွေအပေါ်၊ ပြည်သူလူထုကို   ကူညီနေတဲ့သူတွေ အပေါ်   အကြမ်းဖက်တိုက်ခိုက်နေတာ ကတော့     လူမဆန်တဲ့လုပ်ရပ်တွေ ပါပဲ။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ် သလို    ပြည်သူ့အကျိုး၊    နိုင်ငံ့အကျိုး အတွက်လည်း မဟုတ်ပါဘူး။ နိုင်ငံရေး အရေခြုံထားတဲ့ အကြမ်းဖက်သမားတွေ ရဲ့ လုပ်ရပ်၊  အသိတရားမဲ့တဲ့ လုပ်ရပ် တွေသာ ဖြစ်ပါတယ်။


အများပြည်သူအသက်နဲ့    အကျိုး စီးပွားအပေါ် တိုက်ရိုက်တိုက်ခိုက်လာတဲ့ သူတွေဟာ မျက်စိတစ်ဆုံးကြည့်ဖို့ထက် မျက်တောင်မွေးတစ်ဆုံးသာ ကြည့်တတ် သူတွေပဲ    ဖြစ်ပါလိမ့်မယ်။   တစ်ဦးနဲ့ တစ်ဦးအကြား၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား အမြင်မတူတာတွေ၊     သဘောထား မတိုက်ဆိုင်တာတွေ၊ အယူအဆကွဲပြား တာတွေ ရှိနိုင်ပေမယ့် မျက်စိစုံမှိတ်ပြီး ကျား ကျား မီးယပ်  လုပ်လို့မရပါဘူး။ ကိုဗစ်-၁၉  ဟာ      ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တယ်၊   ကိုယ်တိုင်အပါ အဝင်     ပြည်သူအားလုံးနဲ့   တိုက်ရိုက် သက်ဆိုင်နေတယ်ဆိုတာလောက်တော့ အသိရှိသင့်ပါတယ်။ 


ယုံကြည်ဖို့ ခက်ခဲ


နိုင်ငံရေးကိစ္စမှန်း၊ ကျန်းမာရေးကိစ္စ မှန်းတောင်    ခွဲခြားမသိမှတော့    နိုင်ငံ ကောင်းစားရေး၊ ပြည်သူလူထု ကောင်း စားရေးဆိုတဲ့ အပြောနဲ့အလုပ်တွေကို ယုံကြည်ဖို့ ခက်ခဲလွန်းပါတယ်။ ဇွန်လ ကျောင်းတွေ ဖွင့်စဉ်ကလည်း ကျောင်း တွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကို      အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီးပါပြီ။     အခုလည်း ပြည်သူလူထုကျန်းမာရေးကို တိုက်ခိုက် နေကြပြန်ပါပြီ။ ဒီတော့ ဒီအကြမ်းဖက်မှု တွေကို   ဘယ်သူတွေက   ဦးဆောင်ပြီး ဘယ်သူတွေက အကောင်အထည်ဖော် နေတာလဲ။


ကိုဗစ်-၁၉ ကို တွန်းလှန်ဖို့ လိုအပ် နေတာက လက်တွေ့ကျတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။  မြန်မာနိုင်ငံကို မကြာခင် ကိုဗစ်-၁၉  ကာကွယ်ဆေးတွေ  စတင် ထိုးနှံပေးတော့မယ်လို့  NUG က ဇူလိုင် ၂၅ ရက်နေ့က  ပြောပါတယ်။  ဒါ့အပြင် ကိုဗစ်-၁၉    ကာကွယ်ဆေး    ၄  သန်း ရောက်ရှိမယ်လို့လည်း ဆိုပြန်ပါတယ်။ ပြည်သူလူထု    ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးဖို့ တယ်လီကျန်းမာရေး စနစ်ကို စတင်မိတ်ဆက်မယ်လို့ ဇွန်လ ၁၈  ရက်နေ့က    ကြေညာပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ဆောင်နေတာနဲ့    ပတ်သက်လို့ အာဆီယံအနေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက် ရေးမှာ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဩဂုတ်လ ၅ ရက်နေ့က တောင်းဆိုထား တဲ့ သတင်းတစ်ပုဒ်ကိုလည်း ဖတ်ရပြန် ပါတယ်။


ဒါပေမယ့် ပြည်သူတွေ လိုအပ်နေ တာက   အပြောတွေ   မဟုတ်ပါဘူး၊ လက်တွေ့ လုပ်ဆောင်ပေးတာကိုလိုအပ် နေတာပါ။    ငါတို့    ကုသပေးတာကိုပဲ စောင့်၊ ငါတို့ ကာကွယ်ဆေးပဲထိုး၊  ငါတို့  ဦးဆောင်တာကိုပဲ လက်ခံ၊ ကျန်တဲ့သူ လုပ်ပေးတာ မှန်သမျှ လက်မခံနဲ့ဆိုတဲ့ အတွေးအခေါ်၊ အယူအဆ၊ ကျဉ်းမြောင်း တဲ့   စိတ်သဘောထားတွေနဲ့   ရှုမြင် လုပ်ဆောင်နေတာဟာ   လူထုအတွက် အန္တရာယ်များလှပါတယ်။    NUG  ရဲ့ ကာကွယ်ဆေးက   ဘယ်နေမှန်း  မသိ သေးပါဘူး။      ဘယ်ချိန်ရောက်မယ် မှန်းလဲ   မသိသေးပါဘူး။   ကုသမှုတွေ ကတော့    လူထုအတွင်း   လက်တွေ့ ထိရောက်နေပြီလားဆိုတာ   လက်တွေ့ ခံစားနေရတဲ့    လူထုရဲ့အခြေအနေနဲ့  ချိန်ထိုးစဉ်းစားကြဖို့ လိုပါတယ်။ 


အသက်အသေခံ စောင့်ရမလို


ဘယ်ဆီမှန်းမသိသေးတဲ့ ကာကွယ် ဆေးကို အသက်အသေခံ  စောင့်ရမလို လိုပါပဲ။     ယခင်ကလည်း    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ တားဆီးတာတွေ၊ ပိတ်ပင်တာတွေ၊ ဝါဒဖြန့်တာတွေ လုပ်ခဲ့ ကြပြီးပါပြီ။  အဲဒီလိုလုပ်ခဲ့လို့  ပြည်သူ တွေ   တကယ်ကူးစက်ခံရတဲ့အချိန်မှာ ထိထိရောက်ရောက် မကာကွယ်နိုင်တာ မျက်မြင်ကြုံတွေ့နေရပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးဖို့ တိုက်တွန်းတဲ့ သူတွေ၊ ဦးဆောင်တဲ့သူတွေ၊ အကောင် အထည်ဖော်တဲ့သူတွေ    မှန်ခဲ့သလား၊ မှားခဲ့သလား      လက်ရှိအခြေအနေက သက်သေပြနေပါတယ်။


မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယ လှိုင်းကို ရင်ဆိုင်နေရချိန်မှာ အခြားနိုင်ငံ တွေမှာ စတုတ္ထလှိုင်းကိုတောင် ကြုံတွေ့ နေကြရတော့      ဒီကပ်ရောဂါကြီးကို တွန်းလှန်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လို့ မရနိုင်ပါဘူး။     လူတိုင်းအသက်ရှင် ရပ်တည်ရေးအတွက်    ကိုယ်စီအသိနဲ့ လုပ်ဆောင်ကြရမှာပါ။  အခုလိုအခက် အခဲကာလမှာ      အဆိုးဆုံးကတော့ ကိုယ်တိုင်လည်း မလုပ်ပေးနိုင်၊အခြားသူ လုပ်ပေးတာကိုလည်း ဖျက်လိုဖျက်ဆီး လုပ်နေတာပဲ    ဖြစ်ပါတယ်။   အများ ပြည်သူကျန်းမာရေးကို မိမိတို့နိုင်ငံရေး အတ္တအတွက်    အသုံးချနေခြင်းဟာ အောက်တန်းကျတဲ့နိုင်ငံရေး၊    တစ်နပ် စား နိုင်ငံရေး အတွေးအခေါ်နဲ့ လုပ်ရပ် တွေဖြစ်လို့ ရပ်တန်းကရပ်ဖို့ လိုပါတယ်။ 


ဒီအချိန်က   တကယ်အခက်အခဲ ဖြစ်နေတဲ့ လူထုရဲ့ ကျန်းမာရေး၊ စီးပွား ရေးနဲ့   လူမှုရေးတွေအတွက်   တစ်ဖက် တစ်လမ်းက ကူညီနိုင်ရင်ကူညီ၊ လက်တွဲ နိုင်ရင်    လက်တွဲကြရမယ့်အချိန်ပါ။ မကူညီနိုင်၊    လက်မတွဲနိုင်ရင်တောင် ဖျက်လိုဖျက်ဆီး မပြုသင့်ပါဘူး။သဘော ထား  မနိမ့်ကျသင့်ပါဘူး။   ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့ နိုင်ငံရေးလုပ်ငန်း ဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္ထ စရိယကျင့်တဲ့လုပ်ငန်း၊  ဒါဟာ  ဒွိဟိတ် ပုဂ္ဂိုလ်တွေ  မလုပ်နိုင်တဲ့လုပ်ငန်းဆိုတဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ နေပါတယ်။


ကြာလေ ယုံကြည်မှုကင်းလေ


အများကောင်းကျိုး    ဖော်ဆောင် ရာမှာ    ပါးစပ်က    ကောင်းတာတွေ ပြောနေရုံ၊ ကြေညာချက်တွေ ထုတ်နေ ရုံနဲ့ မရနိုင်ပါဘူး။ အပြောနဲ့ အလုပ်ညီဖို့ လိုပါတယ်။ အပြောနဲ့ လက်တွေ့ ထပ်တူ မကျသရွေ့တော့ အများယုံကြည်မှုရဖို့ ဆိုတာထက်      ကြာလေ ယုံကြည်မှု ကင်းလေ ဖြစ်လာပါလိမ့်မယ်။ အခုဆို ကောင်းကျိုးပြုတာထက်     ဖျက်လို ဖျက်ဆီးနဲ့ အကြမ်းဖက်တိုက်ခိုက်နေ တာဟာ အပြောတခြား အလုပ်တခြား ဖြစ်နေတယ်ဆိုတာ   သက်သေထူနေ သလိုပါပဲ။  သာမန်ပြည်သူတွေတောင် အချင်းချင်း       ရိုင်းပင်းကူညီနေကြ၊ လက်တွဲရင်ဆိုင်နေကြရတဲ့   အချိန်မှာ အများပြည်သူကျန်းမာရေးကို  ထိခိုက် စေတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ဝိုင်းဝန်း ဖယ်ရှားကြဖို့ လိုပါလိမ့်မယ်။


နိုင်ငံနဲ့ပြည်သူအကျိုး   လက်တွေ့ လိုလားရင် အပြောနဲ့အလုပ် ညီအောင် ဦးစွာလုပ်ဆောင်ဖို့     လိုပါလိမ့်မယ်။ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဟာ နိုင်ငံရေး ကိစ္စ   မဟုတ်သလို   ကျန်းမာရေးကိစ္စ တစ်ခုတည်းလို့လည်း   မဆိုနိုင်ပါဘူး။ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာ ဦးမှာပါ။ စီးပွားရေး၊ ပညာရေး၊ အလုပ် အကိုင်၊ ဆင်းရဲမွဲတေမှု စတဲ့အကျိုးဆက် တွေကို  ရင်ဆိုင်ဖြေရှင်းကြရဦးမှာပါ။ လူထုအပေါ်     ရိုက်ခတ်လာမယ့်   အဲဒီ ရေတို၊    ရေရှည်အကျိုးဆက်တွေကို မျက်ကွယ်ပြုပြီး ကိုယ့်နိုင်ငံရေး လိုဘ တစ်ခုတည်းနဲ့  အများပြည်သူဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ် ကုသရေး လုပ်ငန်း တွေအပေါ်  အကြမ်းဖက်တိုက်ခိုက်နေဦး မယ်ဆိုရင်  အပြောနဲ့အလုပ်  မညီသလို လူမပီသသော   လူတွေရဲ့   လုပ်ရပ်သာ ဖြစ်ပါလိမ့်မယ်။           ။