ခေါင်းဆောင်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် ဆောင်ရွက်ချက်များ

Type

အောင်ဇေယျ
 

=======

 

 

နိဒါန်း


အစိုးရခေါင်းဆောင်သည် နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးရပါသည်။ အမျိုးသားအကျိုးစီးပွားကို  အကောင်အထည်ဖော်ရပါသည်။ စာရေးသူတို့   ကြုံခဲ့သော  အစိုးရ ခေါင်းဆောင်များမှာ ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်း (ဦးနေဝင်း)၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖြစ်ကြသည်။ (မှတ်ချက်။ NLD အစိုးရလက်ထက်တွင်  သမ္မတနှစ်ယောက်မှာ   ရုပ်ပြမျှသာဖြစ်၏။   အမှန်တကယ်   အာဏာရယူအုပ်ချုပ်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်၏။ ထို့ကြောင့် သူ့နာမည်ကို ထည့်ပေးထားခြင်း ဖြစ်သည်။ စင်စစ် သူသည် နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်မဟုတ်။ လူထုခေါင်းဆောင် မမည်။ NLD ပါတီ ခေါင်းဆောင်မျှသာ ဖြစ်သည်။)

 


လူ့သဘာဝမှာ အားနည်းချက်ကို မြင်လွယ်၍ အားသာချက်ကို မြင်ခဲ၏။ အဆိုးကို ဝေဖန်၍ အကောင်းကို ချီးမွမ်းရန် ဝန်လေးကြ၏။ ဤဆောင်းပါးတွင် အစိုးရခေါင်းဆောင် အဆက်ဆက်၏ နိုင်ငံနှင့်လူမျိုးအတွက် ပြောစမှတ်ပြုရသော သမိုင်းဝင်ဆောင်ရွက်ချက်များကိုသာ ရွေးချယ်တင်ပြဂုဏ်ပြုလိုပါသည်။

 

ဦးနု


လွတ်လပ်ရေးရပြီးသောအခါ ဦးနု သည်    ဖဆပလအစိုးရ၏    ဝန်ကြီးချုပ် ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။  ဒုတိယကမ္ဘာစစ် ပြီးစ    အရှေ့၊   အနောက်အုပ်စု      နှစ်ခု ပေါ်ပေါက်အားပြိုင်ချိန်           ဖြစ်သည်။ အမေရိကန်က တရုတ်ကို သူ၏မဟာ မိတ်နိုင်ငံများဖြစ်ကြသော ဂျပန်၊ ဖိလစ် ပိုင်၊ ကိုရီးယား၊  ဗီယက်နမ်၊  ထိုင်းတို့ဖြင့် Containment Policy ကို အသုံးချကာ ဝိုင်းပတ်ထိန်းချုပ်ထား၏။    ထိုအထဲ တွင်   တရုတ်၏    အနောက်ထွက်ပေါက် ဖြစ်သော    မြန်မာမပါချေ။      မြန်မာ့ မြေပေါ်တွင်    နိုင်ငံခြားတပ်စခန်းချခွင့် မပြုချေ။ အရှေ့တောင်အာရှစာချုပ် အဖွဲ့ (SEATO)  မဝင်ချေ။     ဘက်မလိုက်     ကြားနေဝါဒကို     ကျင့်သုံးခဲ့သည်။     ထို့ပြင်  ယနေ့တိုင်  ကမ္ဘာတွင်ထင်ရှား သော  “ငြိမ်းချမ်းစွာ  အတူယှဉ်တွဲ          နေထိုင်ရေးမူကြီး ငါးချက်” ကို   ၁၉၅၄ ခုနှစ်တွင် တရုတ်သမ္မတ ချူအင်လိုင်း နှင့် ပူးတွဲကြေညာခဲ့သည်။ ပထဝီနိုင်ငံ ရေးနှင့်ကိုက်ညီသော   နိုင်ငံခြားရေး ဝါဒကို   ရွေးချယ်သဖြင့်   မြန်မာနိုင်ငံ သည်  မြေပုံမပျက် ရပ်တည်နိုင်ခဲ့သည်။          အကယ်၍    အနောက်ယိမ်းခဲ့သော်     တရုတ်နှင့်  နယ်နိမိတ်ထိစပ်နေသော ကိုရီးယားနှင့်      ဗီယက်နမ်ကဲ့သို့      ကြားခံ(buffer)    အထားခံရပြီး             နှစ်ပိုင်းကွဲမည်မှာ သေချာ၏။


ဦးနုလက်ထက်တွင်         သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာအား    မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ၁၇-၅-၁၉၅၄ မှ ၂၂-၅-၁၉၅၆ အထိ ကျင်းပခဲ့သည်။ ပိဋကတ်တော်များကို       သံဃာတော် အများ     စုပေါင်းညှိနှိုင်းရွတ်ဆိုကာ အပိုအလိုမရှိ   သန့်စင်ခဲ့သည်။    မြန်မာ နိုင်ငံကို           ထေရဝါဒဗုဒ္ဓဘာသာ ရှေ့ဆောင်နိုင်ငံအဖြစ်သို့  ပို့ဆောင်ပေး ခဲ့သည်။  ယခုအခါ   အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊    နိုင်ငံတော် ပရိယတ္တိ    သာသနာပြုတက္ကသိုလ်များ နှင့် နိုင်ငံအဝှမ်းရှိ ပရိယတ္တိစာသင်တိုက် များတွင် “ဆဋ္ဌမူ”နှင့်  ကိုက်ညီသော ကျမ်းများကိုသာ     သင်ကြားပေးသော ကြောင့် ဗုဒ္ဓ၏တရားအဆီအနှစ်များကို   မြန်မာနိုင်ငံ     တစ်နိုင်ငံတည်းမှာသာ           သင်ယူလေ့လာနိုင်ကြသည်။


ဗိုလ်ချုပ်ကြီးနေဝင်း (ဦးနေဝင်း)


လွတ်လပ်ရေးရပြီး    သုံးလနီးပါး အကြာ    ၁၉၄၈     ခုနှစ်    မတ်လတွင် ကွန်မြူနစ်ပါတီ   တောခို၏။   တပ်ရင်း အချို့    သူပုန်နှင့်ပူးပေါင်းသွားသည်။ ထိုနှစ်    ဇူလိုင်လတွင်   ကေအင်ဒီအိုက သထုံကို    သိမ်းပြီး     ဖဆပလအစိုးရကို စတင်ပုန်ကန်သည်။   ကရင်တပ်ရင်းများ ပါသွားပြန်သည်။   ပြည်နှင့်   တောင်ငူ စစ်ကြောင်းနှစ်ခုဆုံပြီး         ရန်ကုန်ကို သိမ်းပိုက်ရန်မှာ ကေအင်ဒီအို၏ရည်မှန်း ချက်ဖြစ်သည်။   သူ့နောက်မှာ    လွတ်လပ် ရေးပေးလိုက်ရသည်ကို   ကြိတ်မနိုင်ခဲမရ ဖြစ်နေသော    ဗြိတိန်ရှိသည်။    ရန်ကုန် အစိုးရဟု ကမ္ဘာက လှောင်ပြောင်ကြသည်။  ရန်ကုန်ကျလျှင်         ဖဆပလအစိုးရ ကွယ်ပျောက်သွားပြီး   နိုင်ငံ့ကံကြမ္မာသည် တစ်မျိုးတစ်ဖုံ        ပြောင်းလဲသွားပေလိမ့် မည်။


ထိုအချိန်က   ဗိုလ်ချုပ်ကြီး   နေဝင်း သည်   ဖဆပလအစိုးရ၏  ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည်။   လက်ကျန်တပ်ရင်း အနည်းငယ်ဖြင့်          ဖြန့်ခွဲခုခံနေရသည်။ လဲဗီးတပ်များကို      အရေးပေါ်ဖွဲ့စည်း ရသည်။       လက်နက်တပ်ဆင်ရသည်။ အရေးကြီးသောစစ်မျက်နှာတွင်  ရေတပ် သင်္ဘောပေါ်မှ        ဘိုဖာအမြောက်ကို ကုန်းပေါ်တင်၍        ပစ်ကူပေးခိုင်းရသည်။ တိုက်လေယာဉ်မရှိသောကြောင့်  လေ့ကျင့် ရေးလေယာဉ်ပေါ်မှ လက်လုပ်ဗုံးများကို လက်ဖြင့်ကိုင်ပြီး    ကြဲချရသည်။     ရခိုင် စစ်မျက်နှာမှ  တပ်ရင်းကို  လေယာဉ်ဖြင့် ခေါ်၍  အင်းစိန်စစ်မျက်နှာသို့  အားဖြည့် ပေးရသည်။ မန္တလေးနှင့် ပြင်ဦးလွင်ဘက် မှ   သူပုန်တပ်များ တောင်ငူစစ်ကြောင်းနှင့်        မပေါင်းနိုင်အောင်  အစိုးရတပ်ပေါင်းစုက သာစည်မှ   ဟန့်စစ်ဆင်၍ အရေးပါသော ရထားလမ်းကို  ဖြတ်တောက်ထားသည်။ နောက်ဆုံး  ကေအင်ဒီအို ပင်မစစ်ကြောင်း နှစ်ခုကို  ချေမှုန်း၍ အင်းစိန်စစ်မျက်နှာမှာ အသာစီးရခဲ့သည်။   ဤသို့ဖြင့်    အစိုးရ တပ်မတော်က  အဆမတန်အင်အားများ သော      ရောင်စုံသောင်းကျန်းသူများ၏       စစ်ဗျူဟာကို ရိုက်ချိုး၍  ဖဆပလအစိုးရကို   ရန်ကုန်အစိုးရအဖြစ်မှ   ကယ်တင်နိုင်ခဲ့ သည့်အပြင်   မြို့ရွာများကို    ပြန်လည် သိမ်းပိုက်ကာ    သောင်းကျန်းသူများကို     အစွန်အဖျား      တောတောင်ကြားသို့ မောင်းထုတ်နိုင်ခဲ့သည်။


ဗိုလ်ချုပ်ကြီးနေဝင်း၏     အခြားနိုင်ငံ ကာကွယ်ရေးစွမ်းဆောင်ချက်    နှစ်ခုမှာ အမေရိကန်၏စီမံထောက်ပံ့မှုဖြင့် မြန်မာ့ မြေပေါ်    ခြေကုတ်ယူ၍   တရုတ်နိုင်ငံကို ထိပါးမည့် တရုတ်ဖြူကူမင်တန်တပ်များ (KMT) ကို အပြီးအပိုင်မောင်းထုတ်နိုင်ခြင်း နှင့် ရခိုင်ပြည်နယ်ထဲမှ နယ်မြေတောင်းဆို သော မွတ်စလင်  မူဂျာဟစ်သူပုန်များကို လက်စတုံးချေမှုန်းနိုင်ခြင်း     ဖြစ်သည်။ ထိုနှစ်ဖွဲ့၏နောက်တွင်         ပြည်ပကျော ထောက်နောက်ခံများရှိသည်။ တပ်မတော် က တိုက်ထုတ်ချေမှုန်းလိုက်ပြီးနောက် ၎င်းနှစ်ဖွဲ့ ထပ်မံပေါ်မလာတော့ချေ။


၁၉၅၉   ခုနှစ်က  အာဏာစွန့်လွှတ် လိုက်ရသောကြောင့်          မကျေနပ်သော စော်ဘွားတို့သည်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) ၏   အားနည်းချက်ကို    အခွင့် ကောင်းယူလျက် ၁၉၆၂ ခုနှစ်တွင် ပထစ အစိုးရထံ        ဖက်ဒရယ်မူကိုတင်ကာ ပြည်နယ်ခွဲထွက်ရန်  ကြိုးပမ်းလေသည်။ ပထစအစိုးရနှင့်   အတိုက်အခံပါတီများက တစ်ဖက်၊ ခွဲထွက်လိုသော စော်ဘွားများက တစ်ဖက်   အသံလွှင့်ရုံ၌   တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြသော်လည်း     မပြေလည်ချေ။ အစိုးရလက်ဝယ်ရရှိထားသော အထောက် အထားအရ စော်ဘွားများသည် ဖက်ဒရယ် မူ  မအောင်မြင်လည်း ခွဲထွက်မှာ သေချာ နေ၏။  ထို့ကြောင့်   ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တပ်မတော်က အပြီးသတ် ဆွေးနွေးမည့် မတ်လ  ၇  ရက်မတိုင်မီ အာဏာသိမ်း (coup) လိုက်ရ၏။ ခြေဥ (၄၇) ကို ဖျက်သိမ်း၍ ဆိုရှယ်လစ်လမ်းစဉ် ပြောင်းသွား၏။


ဗိုလ်ချုပ်ကြီးနေဝင်းသည်        ယခုမှ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာသည်။ ရှေ့တွင် တင်ပြခဲ့သော       နိုင်ငံကာကွယ်ရေး စွမ်းဆောင်ချက်များသည် ကာကွယ်ရေး ဦးစီးချုပ်ဘဝဖြင့်   လုပ်ဆောင်ခဲ့ခြင်းများ ဖြစ်သည်။


အကယ်၍    အာဏာမသိမ်းခဲ့သော် နိုင်ငံ့ကြမ္မာ  မည်သို့ရှိအံ့နည်း။  စော်ဘွား များက ပြည်နယ်ခွဲထွက်မည်။ အနောက် အုပ်စုက   အသိအမှတ်ပြုမည်။    အရှေ့ တောင်အာရှစာချုပ်အဖွဲ့        (SEATO) ဝင်မည်။       အမေရိကန်ခေါင်းဆောင်သော ဆီးတိုးတပ်ဖွဲ့များ     ချက်ချင်းရောက်လာ မည်။     အားလုံးလက်ဝါးရိုက်ပြီးသား။ ခွဲထွက်နိုင်ငံသည်  တရုတ်နှင့်   နယ်နိမိတ် ထိစပ်နေရကား၊ တရုတ်ကြီးက သူ့နယ်စပ်  မှာ အန်ကယ်ဆမ် အရောက်ခံပါ့မည်လား။ ကိုရီးယားနှင့်   ဗီယက်နမ်က   သင်ခန်းစာ ပေးနေသည်။ အချိန်မီ အာဏာသိမ်းလိုက် သောကြောင့်  ကိုရွှေမြန်မာတို့  နောင်တ ဆိုတာ ဖြစ်မလာသဖြင့် အာဏာသိမ်းမှု၏ တန်ဖိုးကို မသိကြတော့ချေ။


ရန်ကုန်အစိုးရအချိန်တုန်းက  အရေး တကြီးလိုအပ်သော     လက်နက်ခဲယမ်းများ ကို အနောက်ကရော အရှေ့ကပါ မရောင်း သောကြောင့် အကျပ်ရိုက်ခဲ့ဖူး၏။ မိတ်ဆွေ ပီသသော  အိန္ဒိယက  ကူညီသောကြောင့် သာ    အသက်ရှူပေါက်    ချောင်ခဲ့ရသည်။ ဤသင်ခန်းစာကို    ဗိုလ်ချုပ်ကြီးနေဝင်း ယူသည်။      အခါအခွင့်သင့်သောအခါ ဂျာမနီ၏အကူအညီဖြင့်      လက်နက် ခဲယမ်းစက်ရုံများကို လျှို့ဝှက်တည်ဆောက် ခဲ့လေသည်။ ထိုအချိန်မှစတင်၍   မြန်မာ့ တပ်မတော်သည်  စစ်လက်နက်ပစ္စည်းနှင့် ပတ်သက်၍      ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင်   ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည်။       ယနေ့ဆိုလျှင် တပ်မတော်၏       ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သောအဆင့်မှာ   အလွန်မြင့်မား လျက်ရှိနေပြီ။


ဗိုလ်ချုပ်ကြီးနေဝင်း    (ဦးနေဝင်း)သည်    နိုင်ငံနှင့်လူမျိုးအတွက်    အလွန် တန်ဖိုးရှိသော ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ ပါသေးသည်။    ၎င်းမှာ  လူမျိုးခြား၊   ဘာသာခြားတို့၏   ဝါးမျိုမှုမှ   အကာ အကွယ်ပေးသော    နိုင်ငံသားဥပဒေ (၁၉၈၂)    ဖြစ်သည်။    ၎င်းဥပဒေက အနောက်တံခါးကို   လုံခြုံစွာခတ်ပေး ထားသော  သော့ခလောက်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏  လိုအပ်ချက်နှင့်အညီ   ရေးဆွဲထားသော     ဥပဒေတစ်ရပ်ကို နိုင်ငံတကာထုံးစံ မရှိစွာ ဝိုင်းဝန်းအပြင် ခိုင်းကြရသည်အထိ     ဤဥပဒေ၏ သက်ရောက်မှုမှာ    အားကောင်းလှပေ ၏။    ဦးနေဝင်း၏   အမြော်အမြင်ရှိမှု ကြောင့် မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံ အဖြစ်   အသွင်ပြောင်းလိုသော   အစ္စ လာမ္မစ်နိုင်ငံများ  ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC)၊ ပေါက်ကွဲသောလူဦးရေ နှင့်   နောင်အနှစ်   ၃၀-၄၀   ကြာလျှင် ပင်လယ်ရေအောက်     ရောက်သွား လိမ့်မည်ဟု   ခန့်မှန်းထားသော   မြေ အတွက် ရခိုင်မြောက်ပိုင်းကို လိုချင်နေ သော        ဘင်္ဂါလီတို့၏မူရင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်   OIC    ၏အိတ်ကပ်ထဲမှ   ကုလသမဂ္ဂ၊  OIC  ၏ဩဇာခံ အာဏာ လက်လွတ်သွားသော NLD  အစိုးရတို့ ယနေ့ထက်တိုင်အောင်  အခက်တွေ့နေ ကြ၏။  သို့တိုင်အောင်   မဲခိုးမှုကြောင့် အာဏာလက်လွတ်သွားသော NLD အစိုးရက    ၎င်းလက်ထက်    ငါးနှစ် အတွင်းတွင်   ၈၂   နိုင်ငံသားဥပဒေကို ရှောင်ကွင်းပြီး        လမ်းဖောက်ရန် ကြိုးစားခဲ့ပါသေးသည်။ လမ်းမပေါက် ခင်  ပြုတ်ကျသွားသဖြင့် “နစက” ကို ကျေးဇူးတင်ရပါ၏။


ဗိုလ်ချုပ်မှူးကြီး စောမောင်


ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ် အောင်ဆန်း မျှော်မှန်းခဲ့သော ဆိုရှယ် လစ်လမ်းစဉ်ကို ရွေးချယ်ခဲ့သော်လည်း မအောင်မြင်ချေ။ ၁၉၈၈ အရေးအခင်း ကို ကျောင်းသားအရေးမှ လူထုအရေး သို့ အသွင်ပြောင်းပေး၍  ဒေါ်အောင်ဆန်း စုကြည်ကို  ဆွဲတင်ပေးခဲ့သော  အရှေ့ ယူဂျီအုပ်စုနှင့် အရေးအခင်းအရှိန်ရလာ မှ   အမေရိကန်၊    ဗြိတိန်နောက်ခံဖြင့် ယူဂျီနှင့်      အပြိုင်လှုပ်ရှားလာသော အနောက်အုပ်စုတို့၏           အပြီးသတ် အာဏာအပြိုင်လုမည့်ပွဲအဖြစ် ရှုမြင်သူ မရှိသလောက် ရှားပေ၏။


ထိုအချိန်က    မြန်မာ့ရေပိုင်နက် ထဲသို့         အမေရိကန်ရေတပ်အုပ်စု ကျူးကျော်ဝင်ရောက်ခဲ့၏။  အနောက် အုပ်စု          ကျောထောက်နောက်ခံ ကေအင်န်ယူက     မဲသဝေါတပ်စခန်းကို ရက်ရှည်ထိုးစစ်ကြီး ဆင်နွှဲ၏။ ဗကပ က   မိုင်းယန်တပ်စခန်းကို    မီးကုန် ယမ်းကုန်တိုက်စစ်ဖွင့်၏။ လေတပ်က လေကြောင်း ပစ်ကူပေးရ၏။


 


မြန်မာ့တပ်မတော်သည်  မြို့ပေါ်ဆန္ဒပြ ဆူပူမှုများကို         ထိန်းရသည့်အပြင် တင်ပြပါ   စစ်မျက်နှာနှစ်ခု၌    အပြင်း အထန်ခုခံနေရသည်။     အကယ်၍ မြို့ပေါ်ကို  မထိန်းနိုင်ဘဲ မဆလအစိုးရ ယန္တရား       လုံးဝပျက်သွားလျှင်…၊ စစ်မျက်နှာနှစ်ခု ကျိုးပေါက်သွားလျှင်….၊ စစ်တပ်က   စစ်တပ်အလုပ်ပဲ   လုပ်နေ လျှင်…   နိုင်ငံ့ကံကြမ္မာကား   မတွေးဝံ့ စရာပင်။   ဖြစ်မလာ၍  ဘာဖြစ်လိမ့်မည် ဟု  တိတိကျကျ မပြောနိုင်သော်လည်း အမေရိကန်နှင့် တရုတ် အုပ်စုကြီးနှစ်ခု အကြားတွင်         ကျွဲနှစ်ကောင်ကြားမှ မြေစာပင်ကဲ့သို့   မလှမပဖြစ်သွားမည် ကား   မုချ။   ထို့ကြောင့်   ဗိုလ်ချုပ်မှူးကြီး စောမောင်         ခေါင်းဆောင်သော တပ်မတော်သည်    မဆလအစိုးရထံမှ နိုင်ငံတော်အာဏာကို  သိမ်းယူ (coup) လိုက်ပြီး          ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)   ကို    ဖျက်သိမ်းကာ   ပြည်သူ လိုလားသော ပါတီစုံဒီမိုကရေစီစနစ်သို့ ဦးတည်ရှေးရှုခဲ့သည်။ ၁၈-၉-၈၈ ရက် နေ့   အာဏာသိမ်းပြီးနောက်  နဝတ၏ ပထမဆုံးကြေညာချက်    ၁/၈၈      ၏ စတုတ္ထအချက်တွင် “အထက်ပါလုပ်ငန်း များ ပြီးစီးပါက  ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပပေးရေး”   ဟု ပါရှိ၏။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


ဗိုလ်ချုပ်မှူးကြီး စောမောင်  နောက် ဆက်ခံသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင်    “အခြေခံအဆောက် အအုံ”   နှင့် “နိုင်ငံရေးစနစ်ပြောင်းလဲမှု”ကို အချိန်ယူလုပ်ပေးနိုင်ခဲ့သည်။


ဗိုလ်ချုပ်မှူးကြီး         သန်းရွှေသည် ကားလမ်း၊ ရထားလမ်း၊  တံတား (ဧရာ ဝတီဖြတ်ကူးတံတားများ    အပါအဝင်) တာတမံ၊ ဆည်မြောင်း၊ ရေအားလျှပ်စစ် အစရှိသည်တို့ကို           နိုင်ငံအဝှမ်း တည်ဆောက်ပေးခဲ့သည်။ တိုင်းဒေသ ကြီးနှင့်    ပြည်နယ်များတွင်   ဆေးရုံ၊ ဆေးပေးခန်းနှင့် တက္ကသိုလ်၊  ကောလိပ် များ   ဆောက်လုပ်ပေးခဲ့သည်။ နေပြည် တော်ကို   အုပ်ချုပ်ရေးမြို့တော်အဖြစ် တည်ဆောက်ရာတွင် အနာဂတ်နိုင်ငံ ရေးစနစ်အတွက် လွှတ်တော်အဆောက် အအုံများကို    တခမ်းတနားထည့်သွင်း ဆောက်လုပ်ပေးခဲ့သည်။   သူ့ခေတ်ကို  တည်ဆောက်ရေးခေတ်ဟု ဆိုနိုင်သည်။   နောက်အစိုးရအတွက်    အမွေခံကောင်း များ     ထားရစ်ခဲ့သည်။    ဤအခြေခံ အဆောက်အအုံများကို   တည်ဆောက် နေချိန်သည်   အမေရိကန်၏  Sanction    ရှိနေချိန်ဖြစ်ကြောင်းနှင့်    Sanction     လုပ်ဖို့ တောင်းဆိုသူက   တောင်းဆိုနေချိန် ဖြစ်ကြောင်း သတိပြုရာသည်။


သူ၏       သမိုင်းဝင်နိုင်ငံရေးစနစ် ပြောင်းလဲမှုမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ  ရေးဆွဲရန် မဖြစ်နိုင်သောအခါ   အမျိုးသားညီလာခံဖြင့် ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖုအထစ်ကြားမှ ပြီးစီးအောင် ရေးဆွဲ အတည်ပြု၍         ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို တပ်မတော်အစိုးရ (နယက) က အာဏာ လွှဲအပ်ခြင်းဖြင့်     နိုင်ငံကို     ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့        တင်ပေးခဲ့ခြင်း ဖြစ်သည်။     စင်စစ်   နဝတ၏     ၁/၈၈ နောက်ဆုံးအချက်ကို  အကောင်အထည် ဖော်ပေးခြင်းဟု    ဆိုနိုင်သည်။    အာရပ် နွေဦးကို     အကောင်အထည်ဖော်သော နိုင်ငံများ    ပြဿနာအဖုံဖုံဖြင့်      အခက် ကြုံနေရချိန်တွင်   မြန်မာ့နိုင်ငံရေးအကူး အပြောင်းမှာ ချောမွေ့ညင်သာလှပေ၏။


ဦးသိန်းစိန်


ပါတီစုံဒီမိုကရေစီစနစ်၏       ပထမ အကြိမ်        လွှတ်တော်သက်တမ်းတွင်     ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့ကို ခေါင်းဆောင် သူမှာ  သမ္မတ  ဦးသိန်းစိန်ဖြစ်သည်။ သူ သည်  ငါးနှစ်အတွင်း ပြောင်းလဲတိုးတက်မှု အတော်အတန်ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်           အခြေတကျ ရွေ့လျားနိုင်ခဲ့သည်။ သို့သော် မမျှော်လင့် သော           အားပြိုင်ပွတ်တိုက်မှုကြောင့်  ထင်သလောက်       ခရီးမပေါက်ခဲ့ချေ။ မည်သို့ဆိုစေ သူ့လက်ထက်တွင် နိုင်ငံရေး နှင့်    ငြိမ်းချမ်းရေး   ထူးခြားမှုနှစ်ခုကို တွေ့ရသည်။
ပထမတစ်ခုမှာ     ဒေါ်အောင်ဆန်း စုကြည်နှင့်    သူ့ပါတီကို   လွှတ်တော်ထဲ ရောက်အောင် လမ်းဖွင့်ပေးခြင်းဖြစ်သည်။ ကျားသေကို အသက်မသွင်းရန် ပါတီတွင်း ဆန့်ကျင်ဝေဖန်မှုကို လျစ်လျူရှု၍ မတူညီ သည်ကို  အသာထားပြီး   တူညီသည်များ ဖြင့် နိုင်ငံ့အကျိုးကို ပူးပေါင်းလုပ်ဆောင် နိုင်လိမ့်မည်ဟု       ရိုးသားစွာယုံကြည် ကမ်းလှမ်းခဲ့ပုံရသည်။   နောက်ရှုထောင့် တစ်ခုမှာ        လူ့အကြောင်းသိချင်လျှင် အာဏာပေးကြည့်ပါ  ဟူသော     အဆို အတိုင်း        မှတ်ကျောက်တင်ကြည့်ခြင်း ဖြစ်နိုင်သည်။   နိုင်ငံရေးစွန့်စားမှုတော့ ယူရသည်။ မှတ်ကျောက်တင်လိုက်သော အခါ ပါတီခေါင်းဆောင်အပါအဝင် NLD ရွှေတုံးကြီးသည်     ဒုတိယလွှတ်တော် သက်တမ်းအတွင်းမှာပင်  တဖြည်းဖြည်း ကြေးကွက်ကျားပေါ်လာပြီး    ယခုအခါ သုံးစားမရသော  ရွှေရည်စိမ်ကြီး  ဖြစ်နေ ပေပြီ။
ဦးသိန်းစိန်၏          ငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှာ ၂၀၁၁ ခုနှစ် ဩဂုတ် လ ၁၁ ရက်တွင် တိုင်းရင်းသားလက်နက် ကိုင်များကို ဖိတ်ခေါ်ဆွေးနွေး၍ သဘော တူညီချက်များကို    စုပေါင်းထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။     ၂၀၁၅ ရွေးကောက်ပွဲတွင်    ပြည်ခိုင်ဖြိုးပါတီ အနိုင်မရသောကြောင့် သူသည် ငြိမ်းချမ်း ရေးကိစ္စကို ဆက်မလုပ်နိုင်တော့ချေ။


ဒေါ်အောင်ဆန်းစုကြည်


ဒုတိယ  လွှတ်တော်သက်တမ်းတွင် NLD   အစိုးရတက်လာသည်။    ငါးနှစ် အတွင်း   ဦးထင်ကျော်နှင့်    ဦးဝင်းမြင့် သမ္မတနှစ်ဆက် ပြောင်းသည်။ သူတို့သည် ရုပ်ပြမျှသာဖြစ်၏။     ပြည်ထောင်စု လွှတ်တော်က   ခန့်အပ်သော    ဒုတိယ သမ္မတနှစ်ဦး၊    ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က    ခန့်အပ်သော လွှတ်တော်ဥက္ကဋ္ဌများနှင့်         ဒုတိယ လွှတ်တော်ဥက္ကဋ္ဌများထက် အဆင့်နိမ့်ပြီး သမ္မတကခန့်အပ်ရသည့်          ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  မပါဝင်သော အတိုင် ပင်ခံရာထူးရှင် ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဝါစဉ်တွင်    ဒုတိယနေရာမှ လည်းကောင်း၊     တရားမဝင်ဝါစဉ်တွင် နိုင်ငံတော်သမ္မတအထက် (ပထမ+၁) နေရာမှလည်းကောင်း   အခန့်သားနေရာ ယူကာ နိုင်ငံတော်ကို အုပ်ချုပ်လေ၏။
ဆောင်းပါးအစတွင်    ဖော်ပြခဲ့သလို အမှားများ၊  အားနည်းချက်များကိုရှောင်၍ ကောင်းကွက်များကိုသာ      ထုတ်ဖော် ရေးသားမည်ဖြစ်ရာ    ဒေါ်အောင်ဆန်း စုကြည်၏        နိုင်ငံနှင့်လူမျိုးအတွက် မှတ်မှတ်သားသား ပြောင်ပြောင်မြောက် မြောက်လုပ်ဆောင်ချက်မှာ   တစ်ခုတလေ မျှပင် မရှိချေ။ ငါးနှစ်လုံးလုံး အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ OIC၊ ဘင်္ဂါလီနှင့် ဂျော့ဆို ရော့အတွက်သာ ထဲထဲဝင်ဝင် လုပ်ခဲ့ပါ၏။  ၂၀၁၆     အစိုးရဖွဲ့သည်မှ      ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည်အထိ    ပါတီ အောင်နိုင်ရေး၊ ဗုဒ္ဓဘာသာကို  တန်းညှိ ဖျောက်ဖျက်ရေး၊          အမျိုးသားရေး နှိပ်ကွပ်ရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသား စရိုက်လက္ခဏာ ဖျက်ဆီးရေး၊ စည်းလုံး ညီညွတ်မှုပြိုကွဲရေး၊    တပ်မတော် ဖြိုခွဲရေးနှင့်         နောက်ဆုံးအလုံးစုံ ပျက်သုဉ်းရေးကိုသာ  တစိုက်မတ်မတ် လုပ်ခဲ့လေ၏။   ဒါတွေရေးလျှင်မူ    စာ တစ်စောင်  ပေတစ်ဖွဲ့  ဖြစ်နိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပွဲဦးထွက် လုပ်ကွက်ကပင် နိုင်ငံနှင့် လူမျိုးအတွက် အကောင်းဆုံးကယ်တင် မှု ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည်  CIA၊ MI-5၊ OIC နှင့် NLD တို့၏ ကိုယ်ကျိုး စီးပွားများ ဆုံစည်းရာဆုံမှတ်မှ လက်မ တင်ကလေး  လွတ်မြောက်ခဲ့သည်ဟု ပြောနိုင်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၁)  အရ   ပေါ်ပေါက်လာခဲ့သော နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ သည် ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရာတွင်    လည်းကောင်း၊ ပြည်တွင်း၊         ပြည်ပစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်  လည်းကောင်း ဥပဒေနှင့်အညီ         အထူးသတိထား လုပ်ဆောင်နေကြောင်း  တွေ့ရှိရသည်။ အိမ်စောင့်အစိုးရသည်   NLD   အစိုးရ ထားရစ်ခဲ့သော ဘက်စုံအမွေဆိုးများကို သန့်စင်တည့်မတ်ရင်း     ပြည်တွင်း အင်အား၊     မဟာမိတ်အင်အားတို့ဖြင့် ပန်းတိုင်သို့    ချီတက်လျက်ရှိကြောင်း တွေ့ရှိရသည်။


နိဂုံး


ဤဆောင်းပါးသည်            အစိုးရ ခေါင်းဆောင်အဆက်ဆက်တို့၏ နိုင်ငံ နှင့်လူမျိုးအတွက်  သမိုင်းဝင်အကျိုးပြု ဆောင်ရွက်ချက်များကို           ဂုဏ်ပြု မှတ်တမ်းတင်သော   ဆောင်းပါးဖြစ်ပါ သည်။ ထို့ပြင် ဤဆောင်းပါးမှတစ်ဆင့် ခေါင်းဆောင်တို့၏   အရည်အချင်းနှင့် စေတနာကိုလည်းကောင်း၊    အမျိုးသား နိုင်ငံရေးသည်       တပ်မတော်အတွက် လိုအပ်ချက်ဖြစ်သည်ကိုလည်းကောင်း၊ ပထဝီတည်နေရာ၏        အရေးပါပုံကို လည်းကောင်း၊ လွတ်လပ်ရေးရသည်မှ ယနေ့အထိ          မြန်မာနိုင်ငံကို တစ်လျှောက်လုံး          ခြေရှုပ်လာသော  နိုင်ငံများနှင့်         အကြောင်းရင်းကို လည်းကောင်း     သိရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။    ။