အပြောနဲ့အလုပ်ညီဖို့လို

Type

လတ်တလော ကိုဗစ်-၁၉ ကုသကာကွယ်ဆေးထိုးတဲ့ နေရာတွေကို    ဗုံးခွဲတိုက်ခိုက်တာ၊    ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာတွေ ကို အကြမ်းဖက်တိုက်ခိုက်တာတွေကို ကြားနေရ ပါတယ်။ 


ဩဂုတ်လ ၃ ရက်နေ့က ဖယ်ခုံက ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးနေတဲ့       မြို့တော်ခန်းမမှာ  ဗုံးခွဲတိုက်ခိုက်ခဲ့လို့         လုံခြုံရေးတာဝန်ယူနေတဲ့ ရဲဝန်ထမ်းနှစ်ဦး   သေဆုံးခဲ့ပြီး   ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ဆေးလာထိုးသူတစ်ဦးနဲ့     စေတနာ့ဝန်ထမ်းတစ်ဦး     ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဩဂုတ်လ ၆ ရက်နေ့ကတော့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က    လိုရာဖြည့်       ပရဟိတယာဉ်တစ်စီးဟာလည်း   မိုင်းထောင်ဖောက်ခွဲ      တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါ့အပြင်   ကိုဗစ်-၁၉    ကာကွယ်ရေးဝတ်စုံတွေ ဝတ်ပြီး  အကြမ်းဖက်တိုက်ခိုက်တာတွေ   ကြားရ တော့    အံ့ဩမိတာအမှန်ပါပဲ။    ဒီလိုအကြမ်းဖက် လုပ်ရပ်တွေကို  ဘယ်လိုလူတွေကများ    ဘယ်လို အတွေးအခေါ်နဲ့ လုပ်ကြသလဲလို့ စဉ်းစားမိပါတယ်။ 

 


ကိုယ်ချင်းစာတရားနဲ့ကြည့်ရင် မြင်ရ

 


အခုလို ကိုဗစ်-၁၉   တတိယလှိုင်းရဲ့ဒဏ်ကို   အားလုံးက  ကြံ့ကြံ့ခံရင်ဆိုင်နေရချိန်မှာ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးလုပ်ငန်းတွေ၊       ကာကွယ်ရေး လုပ်ငန်းတွေ၊  ကုသရေးလုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ဖို့  လိုအပ်နေတာ အားလုံးအသိပဲဖြစ်ပါ တယ်။  ရောဂါကူးစက်မှု တွေ များပြားလာတာနဲ့အတူ ကာကွယ်ဆေးထိုးဖို့၊    တစ်ဦးချင်းက    ကိုဗစ် စည်းကမ်းတွေ လိုက်နာကြဖို့၊ ကုသရေးမှာလည်း     ထိရောက်ဖို့ ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့အချိန်  လည်းဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါ ကူးစက်ခံရသူတွေရဲ့အပူတွေ၊   ကပ်ရောဂါကြောင့်        သေဆုံးသူရဲ့မိသားစုဝင်တွေထဲက  သောကမီးတွေ ကို ကိုယ်ချင်းစာတရားနဲ့ကြည့်ရင် မြင်ရပါလိမ့်မယ်။ 

 


ဒါ့အပြင် ရောဂါကူးစက်မှုရဲ့ နောက်ဆက်တွဲ တွေဖြစ်တဲ့   စားဝတ်နေရေးတွေ၊     အလုပ်အကိုင် ကိစ္စတွေဆိုတဲ့ အကျိုးဆက်တွေကလည်း ရှိနေ ဆဲပါ။ ဒီလိုရိုက်ခတ်မှုပြင်းထန်တဲ့ ကူးစက်ရောဂါ ကို ကျော်လွှားဖို့ဆိုတာ တစ်ဦးကောင်း တစ်ယောက် ကောင်း၊ တစ်ဌာနကောင်း  လုပ်ဆောင်လို့  မရနိုင် ပါဘူး။        အားလုံးလက်တွဲဆောင်ရွက်ကြရမယ့် လုပ်ငန်းတွေ   ဖြစ်ပါတယ်။ အခက်အခဲကာလမှာ နိုင်ငံ့ဝန်ထမ်းတွေ၊       ပြည်သူ့ဝန်ထမ်းတွေသာ မကပါဘူး၊   ပရဟိတအဖွဲ့တွေ၊     စေတနာ့ဝန်ထမ်း တွေဟာ လူမျိုးမရွေး၊  ဘာသာမရွေး ကုသရေးတွေ၊  ကာကွယ်ရေးတွေ၊    စားသောက်ရေးတွေကအစ    နာရေးကူညီတာအဆုံး         တတ်နိုင်တဲ့ဘက်က  အရောင်အသွေးမခွဲခြားဘဲ      ဝိုင်းဝန်းကူညီပေးနေကြ ရပါတယ်။    အများနဲ့ဆိုင်တဲ့    ကျန်းမာရေးကိစ္စ ဖြစ်နေတာ၊ အချိန်ကာလကန့်သတ်ချက် မမျှော် မှန်းနိုင်တာ၊    နောက်ဆက်တွဲအကျိုးဆက်တွေ ရှိနေတာတွေကြောင့်  နိုင်ငံရေးဆိုတဲ့   ရှုထောင့် တစ်ခုတည်းက ကြည့်လို့မရပါဘူး။

 


ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ နောက်ပြီး ကိုဗစ်ကူးစက်မှုတွေဟာ မြန်မာနိုင်ငံမှာ   ၂၀၂၀   နှစ်ဆန်းပိုင်းကတည်းက ဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုဗစ်-၁၉   ကပ်ရောဂါ ဘယ်အစိုးရလက်ထက်မှာ  ကူးစက်မယ်၊    ဘယ် အစိုးရလက်ထက်မှာ         မကူးစက်ဘူးဆိုပြီး    သတ်မှတ်ထားတာ မရှိပါဘူး။ ကိုဗစ်-၁၉ ရောဂါ မပျောက်သရွေ့ကတော့      ဘယ်အစိုးရတက်တက် ကူးစက်နေဦးမှာပါပဲ။ ကမ္ဘာမှာတောင် ဒီမိုကရေစီ နိုင်ငံမို့၊ ကွန်မြူနစ်နိုင်ငံမို့ဆိုပြီး ကိုဗစ်-၁၉ ကူးစက် မှုက ခွဲခြားမထားပါဘူး။ ဆိုလိုချင်တာက ကိုဗစ်-၁၉ ကူးစက်မှုဟာ နိုင်ငံရေးတွေ၊ လူမျိုးတွေ၊ ဘာသာတွေ မခွဲခြားဘဲ ကူးစက်နေတာကို ဆိုချင်တာပါပဲ။ ဒီတော့ ကိုဗစ်- ၁၉ တိုက်ဖျက်ရာမှာ  နိုင်ငံရေးအမြင်တွေ၊  လူမျိုးရေးအမြင်တွေ၊    ဘာသာရေးအမြင်တွေအစား လူသားအားလုံးအပေါ် ကျရောက်လာတဲ့ ကပ်ရောဂါ အမြင်နဲ့   ပူးပေါင်းဆောင်ရွက်ကြမှ ဒီကပ်ဘေးကို  ကျော်လွှားနိုင်ပါလိမ့်မယ်။


အသိတရားမဲ့တဲ့ လုပ်ရပ်တွေ


ကိုဗစ်-၁၉ ကို   တွန်းလှန်ဖို့    နိုင်ငံရေးစနစ်       မတူညီတဲ့  နိုင်ငံတွေတောင် လက်တွဲဆောင်ရွက်နေ ကြပါတယ်။ အားလုံးက ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အမျိုးသားရေးအသွင်    ဆောင်ရွက်နေကြချိန်မှာ    ပြည်သူလူထုနဲ့        တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိုဗစ်-၁၉   ကာကွယ်ရေး၊  ကုသရေးလုပ်ငန်းတွေ အပေါ်၊ ပြည်သူလူထုကို ကူညီနေတဲ့သူတွေအပေါ်  အကြမ်းဖက်တိုက်ခိုက်နေတာကတော့   လူမဆန်တဲ့ လုပ်ရပ် တွေပါပဲ။        ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ်သလို ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးအတွက်လည်း မဟုတ်ပါဘူး။ နိုင်ငံရေးအရေခြုံထားတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်၊ အသိတရားမဲ့တဲ့ လုပ်ရပ်တွေသာဖြစ်ပါတယ်။


အများပြည်သူအသက်နဲ့    အကျိုးစီးပွားအပေါ် တိုက်ရိုက်တိုက်ခိုက်လာတဲ့သူတွေဟာ        မျက်စိ တစ်ဆုံးကြည့်ဖို့ထက် မျက်တောင်မွေးတစ်ဆုံးသာ ကြည့်တတ်သူတွေပဲ    ဖြစ်ပါလိမ့်မယ်။    တစ်ဦးနဲ့ တစ်ဦးအကြား၊  တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား   အမြင်မတူ တာတွေ၊ သဘောထား မတိုက်ဆိုင်တာတွေ၊ အယူ အဆကွဲပြားတာတွေ ရှိနိုင်ပေမယ့် မျက်စိစုံမှိတ်ပြီး ကျားကျားမီးယပ် လုပ်လို့မရပါဘူး။ ကိုဗစ်-၁၉  ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တယ်၊   ကိုယ်တိုင် အပါအဝင် ပြည်သူအားလုံးနဲ့ တိုက်ရိုက်သက်ဆိုင် နေတယ်ဆိုတာလောက်တော့ အသိရှိသင့်ပါတယ်။ 


နိုင်ငံရေးကိစ္စမှန်း၊ ကျန်းမာရေးကိစ္စမှန်းတောင်    ခွဲခြားမသိမှတော့ နိုင်ငံကောင်းစားရေး၊ ပြည်သူလူထု ကောင်းစားရေးဆိုတဲ့          အပြောနဲ့အလုပ်တွေကို ယုံကြည်ဖို့ ခက်ခဲလွန်းပါတယ်။ ဇွန်လ ကျောင်းတွေ ဖွင့်စဉ်ကလည်း ကျောင်းတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းသား   ကျောင်းသူတွေကို    အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီးပါပြီ။ အခုလည်း ပြည်သူလူထု ကျန်းမာရေးကို  တိုက်ခိုက်နေကြပြန်ပါပြီ။   ဒီတော့ ဒီအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဦးဆောင်ပြီး ဘယ်သူတွေက အကောင်အထည်ဖော်နေတာလဲ။


လိုအပ်နေတာက လက်တွေ့ကျတဲ့လုပ်ငန်းတွေဖြစ်


ကိုဗစ်-၁၉    ကို      တွန်းလှန်ဖို့လိုအပ်နေတာက လက်တွေ့ကျတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။  မြန်မာ နိုင်ငံကို မကြာခင် ကိုဗစ်-၁၉  ကာကွယ်ဆေးတွေ  စတင်ထိုးနှံပေးတော့မယ်လို့  NUG  က  ဇူလိုင် ၂၅ ရက်နေ့က   ပြောပါတယ်။   ဒါ့အပြင်    ကိုဗစ်-၁၉    ကာကွယ်ဆေးလေးသန်း   ရောက်ရှိမယ်လို့လည်း ဆိုပြန်ပါတယ်။   ပြည်သူလူထုကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးဖို့   တယ်လီကျန်းမာရေးစနစ်ကို စတင်မိတ်ဆက်မယ်လို့  ဇွန်လ   ၁၈    ရက်နေ့က    ကြေညာပြန်ပါတယ်။   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ဆောင်နေတာနဲ့    ပတ်သက်လို့ အာဆီယံအနေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ NUG နဲ့   ပူးပေါင်းဆောင်ရွက်ဖို့ ဩဂုတ်လ ၅ ရက်နေ့က တောင်းဆိုထားတဲ့  သတင်းတစ်ပုဒ်ကိုလည်း   ဖတ်ရ ပြန်ပါတယ်။


ဒါပေမဲ့ ပြည်သူတွေ လိုအပ်နေတာက   အပြော တွေမဟုတ်ပါဘူး၊   လက်တွေ့လုပ်ဆောင်ပေးတာ ကိုလိုအပ်နေတာပါ။  ငါတို့ကုသပေးတာကိုပဲ စောင့်၊ ငါတို့ကာကွယ်ဆေးပဲ ထိုး၊  ငါတို့ဦးဆောင်တာကိုပဲ လက်ခံ၊ ကျန်တဲ့သူလုပ်ပေးတာမှန်သမျှ လက်မခံနဲ့ ဆိုတဲ့ အတွေးအခေါ်၊  အယူအဆ၊  ကျဉ်းမြောင်းတဲ့   စိတ်သဘောထားတွေနဲ့   ရှုမြင် လုပ်ဆောင်နေတာဟာ   လူထုအတွက် အန္တရာယ်များလှပါတယ်။    NUG  ရဲ့ ကာကွယ်ဆေးက       ဘယ်နေမှန်းမသိသေးပါဘူး။      ဘယ်ချိန်ရောက်မယ်မှန်းလည်း     မသိသေးပါဘူး။   ကုသမှုတွေကတော့   လူထုအတွင်း   လက်တွေ့ ထိရောက်နေပြီလားဆိုတာ လက်တွေ့ခံစားနေရတဲ့    လူထုရဲ့အခြေအနေနဲ့ ချိန်ထိုးစဉ်းစားကြဖို့ လိုပါတယ်။ 


ဘယ်ဆီမှန်းမသိသေးတဲ့    ကာကွယ်ဆေးကို အသက်အသေခံ စောင့်ရမလိုလိုပါပဲ။     ယခင်ကလည်း    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ တားဆီးတာတွေ၊ ပိတ်ပင်တာတွေ၊ ဝါဒဖြန့်တာတွေ လုပ်ခဲ့ကြပြီးပါပြီ။  အဲဒီလိုလုပ်ခဲ့လို့  ပြည်သူတွေ   တကယ်ကူးစက်ခံရတဲ့ အချိန်မှာ ထိထိရောက်ရောက်  မကာကွယ်နိုင်တာ မျက်မြင်ကြုံတွေ့နေရပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ဆေးမထိုးဖို့  တိုက်တွန်းတဲ့သူတွေ၊   ဦးဆောင်တဲ့ သူတွေ၊  အကောင်အထည်ဖော်တဲ့သူတွေ    မှန်ခဲ့ သလား၊       မှားခဲ့သလား    လက်ရှိအခြေအနေက သက်သေပြနေပါတယ်။


စတုတ္ထလှိုင်းကိုတောင် ကြုံတွေ့နေကြရ


မြန်မာနိုင်ငံမှာ   ကိုဗစ်-၁၉   တတိယလှိုင်းကို ရင်ဆိုင်နေရချိန်မှာ အခြားနိုင်ငံတွေမှာ စတုတ္ထလှိုင်း ကိုတောင် ကြုံတွေ့နေကြရတော့ ဒီကပ်ရောဂါကြီး ကို တွန်းလှန်ဖို့ဆိုတာ  စိတ်ကူးယဉ်ဆန်လို့   မရနိုင် ပါဘူး။  လူတိုင်းအသက်ရှင်ရပ်တည်ရေးအတွက်    ကိုယ်စီအသိနဲ့   လုပ်ဆောင်ကြရမှာပါ။    အခုလို အခက်အခဲကာလမှာ အဆိုးဆုံးကတော့ ကိုယ်တိုင် လည်း   မလုပ်ပေးနိုင်၊  အခြားသူလုပ်ပေးတာကို လည်း ဖျက်လိုဖျက်ဆီးလုပ်နေတာပဲ   ဖြစ်ပါတယ်။   အများပြည်သူကျန်းမာရေးကို

   မိမိတို့နိုင်ငံရေး အတ္တအတွက်   အသုံးချနေခြင်းဟာ   အောက်တန်း ကျတဲ့နိုင်ငံရေး၊   တစ်နပ်စားနိုင်ငံရေး    အတွေး အခေါ်နဲ့    လုပ်ရပ်တွေဖြစ်လို့    ရပ်တန်းကရပ်ဖို့ လိုပါတယ်။ 


ဒီအချိန်က    တကယ်အခက်အခဲဖြစ်နေတဲ့ လူထုရဲ့ကျန်းမာရေး၊  စီးပွားရေးနဲ့  လူမှုရေးတွေ အတွက်   တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင်ကူညီ၊ လက်တွဲနိုင်ရင် လက်တွဲကြရမယ့်အချိန်ပါ။ မကူညီ နိုင်၊   လက်မတွဲနိုင်ရင်တောင်    ဖျက်လိုဖျက်ဆီး မပြုသင့်ပါဘူး။သဘောထား  မနိမ့်ကျသင့်ပါဘူး။   ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့    နိုင်ငံရေးလုပ်ငန်း ဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယကျင့်တဲ့ လုပ်ငန်း၊ ဒါဟာ  ဒွိဟိတ်ပုဂ္ဂိုလ်တွေ  မလုပ်နိုင်တဲ့ လုပ်ငန်းဆိုတဲ့စကားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် လို့ နေပါတယ်။


အများကောင်းကျိုး        ဖော်ဆောင်ရာမှာ    ပါးစပ်က ကောင်းတာတွေ ပြောနေရုံ၊ ကြေညာချက် တွေ ထုတ်နေရုံနဲ့ မရနိုင်ပါဘူး။ အပြောနဲ့ အလုပ် ညီဖို့    လိုပါတယ်။  အပြောနဲ့ လက်တွေ့ ထပ်တူ မကျသရွေ့တော့ အများယုံကြည်မှုရဖို့ ဆိုတာထက်      ကြာလေ ယုံကြည်မှုကင်းလေ ဖြစ်လာပါလိမ့်မယ်။ အခုဆို ကောင်းကျိုးပြုတာထက် ဖျက်လိုဖျက်ဆီး နဲ့   အကြမ်းဖက်တိုက်ခိုက်နေတာဟာ   အပြော တခြား    အလုပ်တခြား    ဖြစ်နေတယ်ဆိုတာ   သက်သေထူနေသလိုပါပဲ။     သာမန်ပြည်သူတွေ တောင် အချင်းချင်းရိုင်းပင်းကူညီနေကြ၊ လက်တွဲ ရင်ဆိုင်နေကြရတဲ့အချိန်မှာ အများပြည်သူကျန်းမာ ရေးကို  ထိခိုက်စေတဲ့   အကြမ်းဖက်တိုက်ခိုက်သူ တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ဝိုင်းဝန်းဖယ်ရှား ကြဖို့ လိုပါလိမ့်မယ်။


နိုင်ငံနဲ့ပြည်သူအကျိုး   လက်တွေ့လိုလားရင် အပြောနဲ့အလုပ်    ညီအောင်    ဦးစွာလုပ်ဆောင်ဖို့     လိုပါလိမ့်မယ်။   ကိုဗစ်-၁၉   တိုက်ဖျက်ရေးဟာ နိုင်ငံရေးကိစ္စ   မဟုတ်သလို   ကျန်းမာရေးကိစ္စ တစ်ခုတည်းလို့လည်း မဆိုနိုင်ပါဘူး။ နောက်ဆက် တွဲအကျိုးဆက်တွေ  ရှိလာဦးမှာပါ။    စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ ဆင်းရဲမွဲတေမှု စတဲ့ အကျိုးဆက်တွေကို  ရင်ဆိုင်ဖြေရှင်းကြရဦးမှာပါ။ လူထုအပေါ် ရိုက်ခတ်လာမယ့် အဲဒီရေတို၊    ရေရှည် အကျိုးဆက်တွေကို မျက်ကွယ်ပြုပြီး ကိုယ့်နိုင်ငံရေး လိုဘတစ်ခုတည်းနဲ့  အများပြည်သူဆိုင်ရာ ကိုဗစ်-၁၉  ကာကွယ်       ကုသရေးလုပ်ငန်းတွေအပေါ်  အကြမ်းဖက်တိုက်ခိုက်နေဦးမယ်ဆိုရင်  အပြောနဲ့ အလုပ်    မညီသလို    လူမပီသသော    လူတွေရဲ့   လုပ်ရပ်သာ ဖြစ်ပါလိမ့်မယ်။           ။