ပြည်သူများ၏ လူမှုဘဝလိုအပ်ချက်များဖြည့်ဆည်း

“ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ဆိုသော် လည်း စိတ်ချရသည့်အနေအထားတွင် မရှိသေးကြောင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှု နှုန်းကို ယခုသြဂုတ်လတွင် တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချနိုင်ရေး ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခင်က  ၄၀၀၀ ခန့်ဖြစ်ပွားမှုကို  ၂၀၀၀ အထိ လျော့ကျနိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး   နောက်လများတွင်    ထိုထက်ပိုမို ကျဆင်းအောင်       ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ယခုသြဂုတ်လ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့တွင် ကူးစက်ဖြစ်ပွားသူ ၃၂၀၀ ကျော်ဖြစ်ကာ သြဂုတ်လ ၉ ရက်နေ့တွင်   ၃၆၀၀   ကျော်ဖြစ်ခဲ့သည်။    ထို့ကြောင့် ကူးစက်ဖြစ်ပွားမှုသည်  လက်ရှိတွင်  အတက်အကျအနည်းငယ်ဖြင့် တန်းနေသည့် သဘောရှိသည်။ ထိုသို့ဖြစ်ပွားမှုသည် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ပတ်ဝန်း ကျင်တွင်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုများကို အမြန်ဆုံးဆွဲချပေးနိုင်ခဲ့သည်။ လူဦးရေ ထူထပ်များပြားသည့် တိုင်းဒေသကြီးများတွင် အထူးဂရုစိုက်ရန်လိုအပ်ပြီး ယခုကဲ့သို့ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာစေရန် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း  နည်းပါးသောဒေသများတွင် ရောဂါအလျှင်းမရှိအောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။


အစည်းအဝေးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်က ကိုဗစ်နှင့်ပတ်သက်၍ အချက်ငါးချက်ကို ပြောကြားခဲ့သည်။ ရောဂါ သည် အရှင်းပျောက်မည့်အခြေအနေမဟုတ်သောကြောင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုခြင်း၊ တစ်ဦးချင်း ကိုယ်ခံစွမ်းအားကောင်းမွန်အောင်၊ ကျန်းမာ ကြံ့ခိုင်အောင် ပြုလုပ်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံပေါများခြင်း၊ ကာကွယ်ကုသဆေးများ ပြည့်စုံအောင် ပြုလုပ်ပေးခြင်းနှင့် ပြည်သူများ ဝင်ငွေကောင်းမွန်အောင် ဆောင်ရွက် ပေးခြင်းတို့ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အဆိုပါအချက်ငါးချက်သည် ပြည်သူလူထုအားလုံးအတွက် မဖြစ်မနေ လုပ်ဆောင်ပေးရမည့်အချက်များဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများနှင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများကြားတွင် ပြည်သူလူထု လိုအပ်ချက်များကို စေတနာရှေ့ထား၍ မဖြစ်မနေကြိုးပမ်းဆောင်ရွက်နေသည်။


လက်ရှိအခြေအနေတွင် တိုင်းပြည်၌ မည်သို့သောအခြေအနေများရှိသော် လည်း ပြည်သူလူထုအတွက် အရေးအကြီးဆုံးအချက်မှာ လူမှုဘဝတွင်စိတ်အေးချမ်း သာနေနိုင်စေရန် ကျန်းမာရေး၊ စီးပွားရေးကောင်းမွန်ရေးဖြစ်၍ ထိုလိုအပ်ချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူသည့်ကာလအတွင်း အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ အဓိကကျသောဝန်းကျင်ကောင်းများ ဖန်တီး ပေးနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ အထူးအရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုမည်ဖြစ်သည်။ ပြည်သူလူထုအများ စုသည် တည်ငြိမ်အေးချမ်းမှုကို လိုလားကြသူများဖြစ်ရာ  မြို့ရွာများ တည်ငြိမ် အေးချမ်းမှသာ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်တွင် ဘဏ္ဍာရေးလိုအပ်ချက်များ၊ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး အလားအလာကောင်းများ လည်းရှိနေပြီဖြစ်၍ ပြည်သူလူထုလိုအပ်ချက်များဖြစ်သည့် ကျန်းမာရေး၊ ဝန်းကျင် ကောင်းများဖြစ်ရေး၊ စားသောက်ရေး၊  ဆေးဝါးလိုအပ်ချက်ပြည့်စုံရေးနှင့် ဝင်ငွေ တိုးတက်ရရှိရေးအတွက် ဖန်တီးနိုင်မည်ဟု မျှော်လင့်သည်။ 


တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းရေးထက် ရောဂါဖြစ်ပွားမှုသည် ပိုမိုအရေး ကြီးသော အချက်ဖြစ်နေသည်ကိုတွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ ၏လူမှုရေး၊ စီးပွားရေးဘဝများ ထိခိုက်မှုရှိလာပြီး ကာလရှည်ကြာ အခက်အခဲ ဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။  ထို့ကြောင့်   ပြည်သူများ   လူမှုဘဝမြင့်မား တိုးတက်ရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရာတွင် ဆင်းရဲမှုနှုန်းကို လျှော့ချရေး ကြိုးပမ်းရာ၌ လိုအပ်ချက်များ ရှိနေ၍ ဆင်းရဲမှုလျှော့ချရေး အောင်မြင်မှုနှင့်အလှမ်း ဝေးနေသေးသည်။ ၂၀၂၀၊ ၂၀၂၁ ခုနှစ်  ဖြစ်စဉ်များကြောင့်  ပြည်သူများဆင်းရဲမှု၊ ကျပ်တည်းမှုများ ပိုများလာရာ အဆိုပါလိုအပ်ချက်ကို မဖြစ်မနေဆောင်ရွက်ပေး နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ရာ ပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို  လျော့ကျနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးပြီး မြန်မာနိုင်ငံတွင် ရေခံမြေခံရှိပြီးသားဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှတစ်ဆင့်  ပြည်သူများ ဝင်ငွေတိုးတက်ရရှိလာအောင် သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။        ။