ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

၁။    ကိုဗစ်-၁၉  ကာကွယ်ဆေး  ဝယ်ယူနိုင်ရေးအတွက်  ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ  (COVID-19 Vaccination Fund) ကို  မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-
    (က)    ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။             
        ၎င်းစာရင်းတွင်     နိုင်ငံတော်မှ    မတည်ရန်ပုံငွေကျပ်   ၃၃၈   ဘီလီယံခန့်နှင့်ညီမျှသော   အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
    (ခ)    ကိုဗစ်-၁၉   ကာကွယ်ဆေး   ဝယ်ယူရရှိရေးရန်ပုံငွေ  (မြန်မာကျပ်ငွေစာရင်းအမှတ်  OA 013733)။
        ၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ် သန်း ၁,၀၀၀ ကို  ထည့်သွင်းထားပါသည်။
၂။    သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့်နိုင်ငံခြားငွေ အမျိုး အစားကိုမဆို   ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့်  ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့  မြန်မာကျပ်ငွေဖြင့်  လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။           
၃။    လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ များနှင့် အခြားပြည်တွင်း   ပုဂ္ဂလိကဘဏ်  အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်း အမှတ်များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။
၄။    အလှူရှင်စာရင်းကို      မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့်  အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို  ပြည့်စုံစွာဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက   email: treasury05@365mopf.gov.mm, treasury10@365mopf.gov.mm  သို့  အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၅။    လှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင် ပါသည်။
    ညွှန်ကြားရေးမှူးချုပ်        ၀၆၇-၃၄၁၀၁၅၆
          ငွေတိုက်ဦးစီးဌာန        ၀၉-၄၅၀၄၅၅၂၃၇
    ဒုတိယညွှန်ကြားရေးမှူးချုပ်    ၀၆၇-၃၄၁၀၁၅၈
    ငွေတိုက်ဦးစီးဌာန        ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန