
နေပြည်တော် ဇန်နဝါရီ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘော ဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အလေးပြုခြင်းခံယူ
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာဆေးပညာ၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းမှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက် ရေးကဏ္ဍများတွင် သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်