အသိပေးကြေညာခြင်း

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊  ကုသနိုင်ရေးအတွက် ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၂၂ ရက်နေ့အထိ တစ်ဆက်တစ်စပ် တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။
၂။    အများပြည်သူအလုပ်ပိတ်ရက်ရှည်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်   ကုသရေးဆိုင်ရာ    ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရန် အတွက် တင်သွင်းခြင်းကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက် အခဲမရှိ  တင်သွင်းနိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ    ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး    Deposit များ လုံလောက်စွာ ပေးသွင်းထားရန်  လိုအပ်မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန