၁။ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-
(က) ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။
၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
(ခ) ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။
၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် သန်း ၁,၀၀၀ ကို ထည့်သွင်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့်နိုင်ငံခြားငွေ အမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ များနှင့် အခြားပြည်တွင်းပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်း အမှတ်များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။
၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည့်စုံစွာဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm, treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင် ပါသည်။
ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆
ငွေတိုက်ဦးစီးဌာန ၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၈
ငွေတိုက်ဦးစီးဌာန ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
Type