အေးချမ်းစွာနေထိုင်သော ပြည်သူအချို့ကို လက်နက်ကိုင် အကြမ်းဖက်သူများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

 

နေပြည်တော်  ဩဂုတ်  ၁၄


တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ဝန်ထမ်း များနှင့် အေးချမ်းစွာနေထိုင်နေကြသော  ပြည်သူအချို့အား  လူထုအတွင်း အကြောက်တရားများ လွှမ်းမိုး လာစေရန်   လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့           အကြမ်းဖက် လုပ်ဆောင်ရာတွင်  ဩဂုတ်  ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ကယားပြည်နယ်  လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်  မူကြိုကျောင်း ဝင်းအတွင်းရှိ    “ငြိမ်းချမ်းရေး” လျှပ်စစ်ပစ္စည်း  ပြုပြင်ရေးဆိုင်၌ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)ဥက္ကဋ္ဌ ဦးဟန်သာ (ဘ)ဦးစံရွှေမှာ ဓားထိုးခံရ၍ သေဆုံး  ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက    သွားရောက် စစ်ဆေးခဲ့ရာ     အဆိုပါဆိုင်သို့ အကြမ်းဖက်သူ     အမျိုးသား လေးဦးက    ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး   ဦးဟန်သာကို ဒလန်ဟုစွပ်စွဲကာ      အမျိုးသား  နှစ်ဦးက      အသင့်ပါလာသော ဓားမြှောင်ဖြင့်   ဝိုင်းဝန်းထိုးနှက် ခဲ့ရာ  ဦးဟန်သာတွင်  လည်ပင်း၊ ဝမ်းဗိုက်နှင့် ဝဲတံတောင်တို့တွင် ထိုးသွင်း/ပြတ်ရှ       ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး ခဲ့ကြောင်း သိရသည်။

 


အလားတူ  ည ၈ နာရီ မိနစ် ၅၀ တွင် မွန်ပြည်နယ် ရေးမြို့နယ် ရွာသစ်ကျေးရွာ၌    အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက   သွား ရောက်စစ်ဆေးခဲ့ရာ      အဆိုပါ ကျေးရွာနေ         မောင်ထိန်(ဘ)ဦးပန်းစိန်သည် ၎င်း၏နေအိမ်ရှေ့ တွင် စတီးသံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်နေစဉ် ဆိုင်ကယ်စီးနင်း လာသည့်       အကြမ်းဖက်သူ အမျိုးသားတစ်ဦး  (စိစစ်ဆဲ)က သေနတ်ဖြင့် သုံးချက်ပစ်ခတ်ကာ လမိုင်းမြို့ဘက်သို့   မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် မောင်ထိန် တွင် ဝဲ/ယာပေါင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း တွေ့ရှိရ သဖြင့်     ဆေးဝါးကုသနိုင်ရေး လမိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

 


အထက်ပါ    ဖြစ်စဉ်များတွင် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူလူထုများကို အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူ များအား    ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ     ထိရောက်စွာ အပြစ်ပေး       အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်