မြဝတီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကျောက်မဲနှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၁၅ 


မြဝတီခရိုင်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၄ ရက် ညနေ ၆ နာရီခွဲတွင်  မြဝတီမြို့ အမှတ် (၄) ရပ်ကွက်    အောင်ရတနာလမ်းအနီးတွင် ဇော်ဇော်အောင်  (ခ)ငမျောက် မောင်းနှင် ပြီး ဖြိုးသက်ပိုင်ဦး (ခ) အီထေ့ လိုက်ပါလာသည့်  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၁၉၉၀  သိမ်းဆည်း ရမိခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
အလားတူ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး  ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မ/၁၀၄၈(က)နေ  ဝေဖြိုးနိုင် (ခ) ဟာဘီဘွလ်လာ၏  နေအိမ်သို့  ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀  နှင့်   အိုက်စ်  ၀ ဒသမ ၀၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၂ နာရီတွင် မှော်ဘီ မြို့နယ် မြောင်းတကာကျေးရွာ အမှတ်(၁) ရပ်ကွက်နေ  အောင်ကိုကို   (ခ)အာရစ်၏  နေအိမ်သို့  ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နိုင်လင်း (ခ)  နိုင်နိုင်နှင့်   ချမ်းမြေ့မောင်တို့အား  တွေ့ရှိရပြီး နေအိမ်ဧည့်ခန်း စားပွဲပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၊ အိုက်စ်  ၀ ဒသမ ၀၅၅ ကီလို ကိုလည်းကောင်း။
ကျောက်မဲမြို့နယ်
ထို့အတူ ဩဂုတ် ၁၃ ရက် နံနက် ၄ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ    အုပ်စုပန်မောင်ကျေးရွာအနီးတွင်  သီဟ   မောင်းနှင်ပြီး မကေသီခိုင်   လိုက်ပါလာသည့်  မော်တော်ယာဉ်ကို   စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် သီဟမှာ ထွက်ပြေးသွားပြီး မကေသီခိုင် အား ဘိန်းဖြူ ၀ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ စစ်ဆေး ပေါ်ပေါက်ချက်အရ  နံနက်  ၄  နာရီခွဲတွင် ရွှေအောင်နှင့်   ၎င်း၏ဇနီးဖြစ်သူ မနန်းအိအေးတို့အား ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက်ရှိ နေအိမ် ၌လည်းကောင်း၊  ၄  နာရီ ၄၅ မိနစ်တွင်  စိုးနိုင်အား   ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ  ၀ ဒသမ  ၀၅  ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀  နှင့် လည်းကောင်း။
မိုင်းဆတ်မြို့နယ်
ဩဂုတ်  ၁၄  ရက်   ညနေ  ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မိုင်းဆတ် မြို့နယ်    မိုင်းထလန်းကျေးရွာအုပ်စု   မိုင်းဆတ်-တာချီလိတ်သွား ကားလမ်း ကီလိုမီတာ တိုင်အမှတ်  (၆၂/၅)  အနီးတွင် အောင်စိုးမိုး  (ခ)   အသေးလေး မောင်းနှင်လာသည့်  မော်တော်ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား    ၁၀၀၀၀   သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ  အရေးယူထားကြောင်း   သိရ သည်။


ရဲပြန်ကြား