
နေပြည်တော် ဩဂုတ် ၁၆
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း လွိုင်ကော် မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု ကုန်းဆွတ်ကျေးရွာအနီးတွင် အောင်ချစ်(ခ)ခမ်းကောင် မောင်းနှင်ပြီး မောင်မျိုးနှင့် ခွန်ဝေးတို့လိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀၀ ၊ အမ်-၁၆ ကျည်အိမ် တစ်ခုနှင့် ၅ ဒသမ ၅၆ ကျည် ၂၄၁ တောင့်တို့ကိုလည်းကောင်း။
အလားတူ ဩဂုတ် ၁၄ ရက် နံနက် ၇ နာရီတွင် ရွှေညောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက် ဇောတိကလမ်းအနီးတွင် အောင်ကိုမင်း(ခ) ကျွဲကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား