မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား PDF အကြမ်းဖက် လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်  ဩဂုတ် ၁၉


တိုင်းဒေသကြီး၊   ပြည်နယ်များရှိ မြို့နယ်အချို့တွင်    အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ     တာဝန်ရှိသူများနှင့် အေးချမ်းစွာ   နေထိုင်နေကြသော ပြည်သူလူထုအချို့ကို    လူထု အတွင်း   အကြောက်တရားများ လွှမ်းမိုးလာစေရန်  လက်နက်ကိုင် အကြမ်းဖက်သူများက   သေနတ် များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်နေကြောင်း သိရသည်။


ဒလန်ဟု  စွပ်စွဲကာသတ်ဖြတ်


ထိုသို့အကြမ်းဖက်ခဲ့ရာတွင် ဩဂုတ်  ၁၈ ရက် ည ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး  မင်းကင်း မြို့နယ်    လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမ  ဘုန်းတော်ကြီး ကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင် ဦးဆောင်သည့် PDF အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အင်အား    ၃၀ ခန့်မှာ  လက်နက်များ  ကိုင်ဆောင် ကာ ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဉူးကောဝံသ (၇၄)နှစ်၊ ဝါတော်(၅၄)ဝါအား ဒလန်  ဟု   စွပ်စွဲကာ    တူမီးသေနတ်   ဖြင့်         ပစ်ခတ်သတ်ဖြတ်ခဲ့ သဖြင့်   ကျောင်းထိုင်ဆရာတော်    ဉူးကောဝံသတွင်  သေနတ်ထိမှန်  ဒဏ်ရာများရရှိကာ     အခင်းဖြစ်နေ ရာ၌    ပျံလွန်တော်မူခဲ့ကြောင်း   သိရသည်။


ထိုသို့    အကြမ်းဖက်မှုကျူး လွန်ခဲ့သူများကို      ဖော်ထုတ် ဖမ်းဆီး၍      ဥပဒေနှင့်အညီ ထိရောက်စွာ  အပြစ်ပေးအရေးယူ နိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်