မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား PDF အကြမ်းဖက်လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်

နေပြည်တော်   ဩဂုတ်  ၁၉


တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ နှင့် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူ လူထုအချို့ကို လူထုအတွင်း အကြောက်တရား များလွှမ်းမိုးလာစေရန်        လက်နက်ကိုင် အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက် စွာ    လုပ်ကြံသတ်ဖြတ်နေကြောင်း         သိရ သည်။


ထိုသို့အကြမ်းဖက်ခဲ့ရာတွင် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်    လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမ    ဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင် ဦးဆောင်သည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်မှာ လက်နက်များကိုင်ဆောင်ကာ ရောက်ရှိ လာပြီး ကျောင်းထိုင်ဆရာတော် ဉူးကောဝံသ (၇၄)နှစ်၊ ဝါတော်(၅၄)ဝါအား ဒလန်ဟုစွပ်စွဲ ကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဉူးကောဝံသ တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌   ပျံလွန်တော်မူခဲ့ကြောင်း  သိရ သည်။


ထိုသို့ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို   ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ   အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်