
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေကို စနစ်တကျ တင်သွင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြောကြားပေး ပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအတုတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး တင်သွင်းရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထား တာတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဈေးကွက်အတွင်းမှာ အခြေခံ အိမ်သုံးဆေးဝါးတွေ ဈေးကြီးမြင့်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူများ သိရှိသင့်တဲ့ ကျန်းမာရေး အသိပညာ အခြေခံအချက်အလက်တွေကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဩဂုတ်လ ၁၂ ရက် ရက်စွဲနဲ့ “ပြည်သူသို့ အသိပေးချက်” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို နိုင်ငံပိုင် မီဒီယာတွေကနေ ထည့်သွင်းဖော်ပြလျက် ရှိပါတယ်။ ဒါကို တင်ပြရရင် “ကျန်းမာရေးဝန်ကြီး ဌာနသည် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချ ရသော ကာကွယ်ဆေးများဝယ်ယူ၍ ဦးစားပေး အုပ်စုများ သတ်မှတ်ကာ ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးမှုကျဆင်းရေး၊ ကူးစက်မှု ကွင်းဆက်ပြတ် တောက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေး ဦးတည်ချက်များထားရှိကာ Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါ သည်။ ကာကွယ်ဆေးများ ထိုးနှံရာတွင် အရည် အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးများဖြစ်စေရန် ထုတ်လုပ်သည့် ကုမ္ပဏီများမှ တရားဝင်ရောင်းချပြီး အအေးလမ်း ကြောင်းမပျက် ထားသိုသိမ်းဆည်းထားသည့် ကာကွယ်ဆေးများဖြစ်ရန် လိုအပ်ပါသည်” ဟု ဖော်ပြထားပါတယ်။
နံပါတ်တစ် အရေးကြီးဆုံး
ဒါက တော်တော် အရေးကြီးပါတယ်။ အဓိက ထုတ်လုပ်တဲ့ကုမ္ပဏီကနေပြီး တရားဝင် မြန်မာ နိုင်ငံမှာ ရောင်းပါဆိုပြီး Letter of Authorization (LoA) ခေါ်ပါတယ်။ ဒီလိုမျိုးပေးထားတဲ့ တင်သွင်း သူဖြစ်ဖို့လိုပါတယ်။ ဒါက နံပါတ်တစ် အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီဆေးကို မြန်မာနိုင်ငံအတွင်းမှာ တရားဝင်ရောင်းချရမယ်၊ အအေးလမ်းကြောင်းမပျက်ဖို့ဆိုတာ ပါပါတယ်။ အအေးလမ်းကြောင်းသည် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှု၊ ဆေးအာနိသင်ထက်မြက် မှုနဲ့ အရည်အသွေးကောင်းမွန်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။
ကာကွယ်ဆေး အတုအပများ
ဒါ့အပြင် ပြည်သူလူထုသို့ အသိပေးချက်တွင် “ယခုအခါ ဈေးကွက်အတွင်းမှာ ကာကွယ်ဆေး အတု အပများ Online မှတစ်ဆင့်သော်လည်းကောင်း၊
အခြားနည်းလမ်းဖြင့်သော်လည်းကောင်း ရောင်းချ လျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေးများသည် တရားဝင်တင်သွင်းလာသည့် ကာကွယ်ဆေးများ မဟုတ်သောကြောင့် ရောဂါကာကွယ်နိုင်ခြင်းမရှိ
သည့်အပြင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သော
ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြု ထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကာကွယ်ဆေး အတုအပများ တင်သွင်း၍ ရောင်းချ ခြင်း သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် “ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများ တင်သွင်း ဖြန့်ဖြူးရာတွင် လိုက်နာရမည့် အချက်များ” အား လိုက်နာခြင်းမရှိဘဲ တင်သွင်း ဖြန့်ဖြူးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန(၁၂ - ၈- ၂၀၂၁) ”ဟု ထုတ်ပြန်ထားတာရှိပါတယ်။
အဓိက ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ရေရှည်မှာလည်း ဒီကာကွယ်ဆေးရှိမှသာလျှင် ရောဂါဖြစ်ပွားမှုလှိုင်းတွေကို ကာကွယ်နိုင်မယ်၊ ကာကွယ်ဆေးထိုးထားရင် ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားတာ၊ ဆေးရုံတက်ရောက်ရတာ၊ ရောဂါကြောင့် အသက်သေဆုံးရတာတွေကို လျှော့ချနိုင်တယ် ဆိုတာက တစ်ကမ္ဘာလုံးသိရှိပြီးသား အချက်တွေ ဖြစ်ပါတယ်။ ဒီလိုမျိုးကာကွယ်ဆေးရဲ့ ကောင်းတဲ့ အချက်တွေကို သိရှိတဲ့အခါ ကာကွယ်ဆေးထိုးခြင်းခံယူလိုသူတွေ များလာတာနဲ့အမျှ ကျင့်ဝတ်နဲ့မညီတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေက ကာကွယ်ဆေး အတုတွေ ရောင်းချလာပါတယ်။ ဝယ်တဲ့လူတွေက လည်း ဝယ်ယူသုံးစွဲတဲ့ဖြစ်စဉ်တွေ တွေ့လာရပါတယ်။
အဲဒီအခါမှာ ကာကွယ်ဆေးအတုတွေကြောင့် တကယ့်ကာကွယ်ဆေးအစစ်ရဲ့ အာနိသင်ဖြစ်တဲ့ ရောဂါကာကွယ်မှုမရရှိဘဲ တစ်နည်းအားဖြင့် ခန္ဓာ ကိုယ်ထဲမှာ ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေ ထွက်လာမှုမရှိဘဲနဲ့ အန္တရာယ်ပဲ ဖြစ်စေမယ်ဆိုရင် ဒါသည် ကျင့်ဝတ်အရလည်း မဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုသို့ အသိပေးချက်ဆိုပြီး ထုတ်ပြန်ရခြင်းဖြစ်ပါ
တယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်သူသို့အသိပေး ချက်ထဲမှာလည်း “ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး များ တင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့်
အချက်များ” လို့ရည်ညွှန်းထားတာ ပါပါတယ်။ ဒါကိုစနစ်တကျ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒီလိုက် နာရမည့် အချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာန အနေနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။ ဩဂုတ်လ ၁၁ ရက် ရက်စွဲနဲ့ “ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများ တင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့် အချက်များ” ဆိုပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။
အဲဒီမှာ “ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ ကုမ္ပဏီများအနေနဲ့ နိုင်ငံတကာနှင့် အာရှဒေသတွင် ထိုးနှံဆောင်ရွက်နေသော အရည် အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်း တဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်နဲ့ တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက အောက်ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်” ဆိုပြီး ကာကွယ် ဆေး တင်သွင်းရာတွင် လိုက်နာရမည့်အချက်တွေ ၁၁ ချက်ရှိပါတယ်။
အသိ အမှတ်ပြုတဲ့စာ
ဒီလိုက်နာရမည့်အချက် ၁၁ ချက်ထဲမှာ နံပါတ် တစ်အချက်က အရေးကြီးပါတယ်။ ဒါက အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို လျှောက်ထားရပါမယ်။ ဒီလိုလျှောက်ထားတဲ့ အခါ လိုအပ်တာက Letter of Authorization from Owner ဆိုတဲ့ မူလကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကနေပြီး သူရဲ့ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ရောင်းချခွင့်ပြုတယ်ဆိုတဲ့ အသိ အမှတ်ပြုတဲ့စာ ဒါကအရေးကြီးပါတယ်။ ဥပမာ - Sinopharm ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာ ဒီပုဂ္ဂိုလ်ကို မြန်မာနိုင်ငံအတွက် တင်သွင်းရောင်း
ချခွင့်ပြုတယ်ဆိုတဲ့ မူလထုတ်လုပ်တဲ့ ကုမ္ပဏီက အသိအမှတ်ပြုတဲ့ စာရွက်စာတမ်း လိုအပ်ပါ
တယ်။ သို့မဟုတ်ပါက မူလကာကွယ်ဆေးထုတ် လုပ်တဲ့ကုမ္ပဏီက အသိအမှတ်မပြုဘဲ တခြား နည်းလမ်း ဖြင့်ရတာ တစ်နည်းအားဖြင့် စထွက်တဲ့ နေရာမှာကတည်းက အတုဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင်ပါ။ ဒါက နံပါတ်တစ် အရေးကြီး ဆုံးဖြစ်ပါတယ်။ ကာကွယ်ဆေး စတင်ထုတ်လုပ် တဲ့နေရာက အသိအမှတ်ပြုရမယ်။ မူရင်းကုမ္ပဏီရဲ့ Letter of Authorization (LoA) ပါရပါမယ်။
ဒါ့အပြင် NRA လို့ခေါ်တဲ့ National Regulatory Authority သို့မဟုတ် Food and Drug Administration ပါ။ သက်ဆိုင်ရာနိုင်ငံရဲ့ FDA သို့မဟုတ် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသိအမှတ်ပြုတဲ့ အစိုးရအဖွဲ့အစည်းကနေ အသိ အမှတ်ပြုတာရှိရမယ်။ ကာကွယ်ဆေးထုတ်လုပ် သူတွေရဲ့ကုမ္ပဏီ Profile ကလည်း ကောင်းမွန် ရမယ်။ GMP Certificate လို့ခေါ်တဲ့ Good Manufacturing Practices Certificate ထုတ် လုပ်မှုနည်းလမ်းစဉ် ကောင်းမွန်တဲ့ လက်မှတ်တွေ တင်ပြနိုင်ရမယ်။ Product Characteristics ဆိုတာ တစ်နည်းအားဖြင့် ဒီအထဲမှာ ပါဝင်တဲ့ ဆေးရဲ့အမည်တွေ၊ အထဲမှာ ဘာတွေပါဝင်တယ် ဆိုတာမျိုး စုံစုံလင်လင်ပါရမယ်။
နောက်တစ်ခုက Batch or Lot Number ဖြစ်ပါတယ်၊ ဒီလိုဆေးတွေကို ထုတ်တဲ့အခါ အတွဲ လိုက်ထုတ်ရပါတယ်။
b စာမျက်နှာ ၁၆ မှ
ဒီအပေါ်မှာ မူတည်ပြီး ဆေးက အာနိသင်ပို ကောင်းလား၊ တစ်ခါတလေဆေးက အာနိသင် နည်းသလား ဒါတွေမှာ ပြန်ကြည့်ဖို့လိုအပ်တဲ့အခါ Batch Number / Lot Number က အရေးကြီး ပါတယ်။ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကလည်း သူရဲ့ ထုတ်လုပ်မှုနည်းလမ်းစဉ်မှာကို အပြစ်တစ်ခုခု တွေ့ရတတ်ပါတယ်။ ဒီ Batch က မကောင်းဘူး ပယ်ဖျက်မယ်ဆိုပြီး ဘယ်နိုင်ငံကို ဆေးက ရောက်နေသလဲဆိုတာ လိုက်လံစစ်ဆေးကြည့်ဖို့ အတွက် Batch Number / Lot Number က အရေးကြီးပါတယ်။
အချက်ရှစ်ချက်ရ
နောက်ပြီး Patient Information ဖြစ်တဲ့ လူနာတွေအနေနဲ့ လိုက်နာရမယ့်အချက်တွေ ပါဝင်တဲ့ ကာကွယ်ဆေးရဲ့ ဆေးညွှန်းနဲ့ အကျိုး သက်ရောက်မှုတွေ ဖော်ပြထားတဲ့ စာရွက်ဖြစ်ပါ တယ်။ ဒီစာရွက်ထဲမှာ ကာကွယ်ဆေးရဲ့ အာနိသင်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးမထိုးသင့်သူတွေ ဒါတွေပါဝင်ပါတယ်။ Container Labeling ဆိုတာ ကွန်တိန်နာထဲမှာပါတဲ့ တံဆိပ်ဖြစ်ပါတယ်။ Storage and Distribution Plan က ဆေးကို ဘယ်လိုမျိုး သိုလှောင်ထားမလဲ၊ ဘယ်လိုမျိုးဖြန့်ဖြူးမလဲ ဒီအချက်အလက်တွေ လိုအပ်ပါတယ်။ အားလုံး ပြန်ကြည့်လိုက်ရင် နံပါတ်တစ်အချက်မှာ အချက် ရှစ်ချက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒါကို ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က နိုင်ငံတကာမှာ လည်း ကာကွယ်ဆေးတင်သွင်း ထိုးနှံခြင်းကို ကုမ္ပဏီတွေအနေနဲ့ (သို့မဟုတ်) အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကနေ ဆောင်ရွက်တာ ရှိပါတယ်။ ကာကွယ်ဆေးရဲ့ သဘောကိုက လူသား တွေရဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ Public Good တစ်ခုပါ။ အများပြည်သူက သုံးစွဲနိုင်တဲ့ပစ္စည်းလည်း ဖြစ်ရမယ်။ ဒီအခါ နိုင်ငံတော်အစိုးရအနေနဲ့ ထိုးနှံ ပေးခြင်းတွေအပြင် ပုဂ္ဂလိကကဏ္ဍကလည်း စနစ် တကျ အရည်အသွေးရှိရှိ၊ ကောင်းကောင်းမွန်မွန် ထိုးနှံပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွင်း မှာ ကာကွယ်ဆေးရဲ့ လွှမ်းခြုံနိုင်မှုအနေနဲ့ တိုးတက်မှု မြန်မြန်ရရှိမှာ ဖြစ်ပါတယ်၊ နိုင်ငံတော် အနေနဲ့ ထိုးနှံပေးမယ်၊ ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍကလည်း ထိုးမယ်ဆိုရင် ကာကွယ်ဆေး လွှမ်းခြုံမှု ကောင်းမွန်သွားမှာ ဖြစ်ပါတယ်။ ဒီလို ရရှိအောင် ဆောင်ရွက်တဲ့အခါ ကာကွယ်ဆေး အတုတွေဝင်လာပြီး နည်းလမ်းမကျ၊ စနစ်မကျ တာတွေ မဖြစ်စေရေးအတွက် စနစ်တကျနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရည်အသွေးအပြည့်နဲ့ ဘေးကင်းစိတ်ချရတဲ့၊ အာနိသင်ထက်မြက်တဲ့ ကာကွယ်ဆေးတွေကို ပြည်သူတွေ အမြန်ရရှိဖို့ အတွက် ဝန်ကြီးဌာနအနေနဲ့ ဒီလိုလမ်းညွှန်ချက် တွေ ထုတ်ပြန်တာဖြစ်ပါတယ်။
အခြားအချက်တွေအနေနဲ့ တင်သွင်းခွင့် ပြုပြီးရရှိရင် FDA ကို အဆိုပြုတင်ပြထားလို့ ခွင့်ပြု ချက်ရထားတဲ့ ဆေးရုံ၊ ဆေးခန်းမှာ ထိုးနှံရမယ်။ FDA ရဲ့ သတ်မှတ်ချက်အရ ပြင်ပဆေးဆိုင်တွေမှာ မရောင်းရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်အသုံး ပြုခွင့်ပဲရသေးတယ်။ Full Authorization မဟုတ် သေးတဲ့အတွက် အပြင်ဆေးဆိုင်တွေကို လုံးဝ (လုံးဝ) ဖြန့်ဖြူးရောင်းချခွင့်မရှိပါဘူး။ သတ်မှတ် ထားတဲ့ စုရပ်တွေနဲ့ သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်းထိုးရမယ်။ နောက်ပြီး ပြည်သူလူထုကို ကြိုတင်အသိပေးတာ၊ စီမံခန့်ခွဲမှုတွေဆောင်ရွက် ထားတာတွေကို တင်ပြဖို့လိုပါတယ်။
နံပါတ် ငါးအချက်မှာ ကာကွယ်ဆေးကို
တင်သွင်းဖြန့်ဖြူးခွင့်ရရှိသူသည် ဆေးဝါးတင်သွင်း ခွင့်လက်မှတ်ရရှိထားသူ ဖြစ်ရမယ်။ အမျိုးသား ဆေးဝါးဥပဒေနှင့် အမိန့်ကြေညာစာပါ စည်းကမ်း ချက်များကို လိုက်နာရမယ်။ ကာကွယ်ဆေးများ သိုလှောင်ရာတွင် အသုံးပြုသည့် အအေးလမ်း ကြောင်းမပျက်ဖို့ အသေးစိတ်တင်ပြထားတာရှိတယ်။ ကာကွယ်ဆေးအမျိုးအစားအလိုက် အအေးလမ်း ကြောင်း ထိန်းတဲ့စနစ်က အလွန်အရေးကြီးပါတယ်။ အချို့ ကာကွယ်ဆေးဆိုရင် အပေါင်းနှစ်မှ ရှစ်ဒီဂရီ အထိ ထားပေးရတယ်။ အချို့ကာကွယ်ဆေးတွေ ဆိုရင် တော်တော်အေးမှရတယ်။ အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်ထိ ထားရတာတွေရှိတယ်။ ဒါကြောင့် လိုအပ်တဲ့ သင်တန်းပေးခြင်း၊ ရေခဲသေတ္တာများ
တပ်ဆင်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဆေးက မတော်တဆနဲ့ထားရမယ့် အပူချိန်မှာ မရှိရင်၊ အေးလွန်းသွားလို့ ဆေးကခဲသွားရင် မကောင်းတော့တာ၊ ပူလွန်းရင်လည်း ဆေးရဲ့ အာနိသင်ပျက်သွားတာရှိပါတယ်။ အအေးလမ်း ကြောင်း မပျက်ဖို့က အလွန်အရေးကြီးပါတယ်။ သိုလှောင်ခြင်း၊ ပို့ဆောင်ခြင်းတွေကို အအေးလမ်း ကြောင်းမပျက် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အအေး လမ်းကြောင်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို ခန့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အအေးလမ်းကြောင်း မှတ်တမ်းကို အပူချိန်မှတ်တမ်းလို့ ခေါ်ပါတယ်။ ဒါကိုသက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တောင်းခံစစ်ဆေးပါက အချိန်မရွေး တင်ပြနိုင်ဖို့ စီစဉ်ထားရမယ်။ လိုအပ်ရင် ကျန်းမာရေးဝန်ကြီး ဌာနက အွန်လိုင်းသင်တန်းပေးမှာ ဖြစ်ပါတယ်။
သတင်းပို့တဲ့စနစ်
နောက်တစ်ခုက ကာကွယ်ဆေးထိုးနှံပြီးရင် သတင်းပို့တဲ့ စနစ်ပါ။ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနဲ့ ချိတ်ဆက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ Vaccine Management Information System ကာကွယ် ဆေးထိုးနှံတာနဲ့ပတ်သက်တဲ့ သတင်းပို့စနစ်ကို အချက်အလက်တွေ ထည့်သွင်းပေးရပါမယ်။ ဒါမှ စာရင်းဇယားတွေ အားလုံးက တစ်နေရာတည်းမှာ စုစုစည်းစည်း ဖြစ်မှာဖြစ်ပါတယ်။ သီးခြားစနစ် ထူထောင်ပြီး မှတ်ပုံတင်တာ၊ ကာကွယ်ဆေးမှတ် တမ်းထုတ်တာတွေကို မပြုလုပ်ရပါဘူး။ နောက်ပိုင်း နိုင်ငံခြားသွားမယ်ဆိုရင် ကာကွယ်ဆေးထိုးနှံပြီးစီးမှု လက်မှတ် လိုတဲ့အခါ National System ထဲမှာ ဝင်သလား၊ မဝင်ဘူးလားဆိုတာ စကားပြောလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းပို့စနစ်တစ်ခုတည်းမှာ ပူးပေါင်းဆောင်ရွက်ရပါမယ်။
ကာကွယ်ဆေးထိုးနှံရာမှာ ပူးပေါင်းဆောင်ရွက် ရမယ့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးထိုးစု ရပ်များရဲ့ အမည်စာရင်းကို ကျန်းမာရေးဝန်ကြီး ဌာနကို တင်ပြပြီး ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမည့်သူတွေဟာ ကာကွယ် ဆေးထိုးနှံခြင်းနဲ့ ပတ်သက်၍လည်းကောင်း၊
ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲဖြစ်ရပ်များကို စီမံခန့်ခွဲခြင်း သင်တန်းတက်ရောက်ပြီးသူများသာ ဖြစ်ရမယ်။ လိုအပ်ပါကလည်း ကျန်းမာရေးဝန်ကြီး ဌာနက သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေး ထိုးပေးသူများအား ပုဂ္ဂလိကအစီအစဉ်ဖြင့် ကာကွယ် ဆေးထိုးနှံခြင်း ဆောင်ရွက်ခွင့်မပြုဘူးလို့ ပါပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှု ခြင်း၊ သတင်းပို့ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းပို့စနစ်အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ပြင်းထန်တဲ့နောက်ဆက်တွဲ ဖြစ်ရပ်တွေဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ချက်ချင်းသတင်း ပေးပို့ရမှာဖြစ်ပါတယ်။
လိုက်နာရမယ့်အချက်တွေ
နံပါတ် ၁၁ အချက်က တင်သွင်းမယ့်ကာကွယ် ဆေးတွေနဲ့ပတ်သက်ပြီး ကာကွယ်ဆေး အစစ်အမှန် ဖြစ်ခြင်း၊ ကာကွယ်ဆေးများ အသုံးပြု၍ ဖြစ်ပေါ်လာ နိုင်သော နောက်ဆက်တွဲဖြစ်ရပ်များကို တင်သွင်း သူများက တာဝန်ယူကြောင်း ကတိခံဝန်ချက်ကို လက်မှတ်ရေးထိုး၍ တင်သွင်းခွင့်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါက ကာကွယ်ဆေး တင်သွင်းထိုးနှံ ရာမှာ လိုက်နာရမယ့် အချက်တွေဖြစ်ပါတယ်။
နောက်တစ်ခုက လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး တင်ပြထားတာလည်း ရှိပါတယ်။ သဘောတရားကတူညီနေလို့ ကျွန်တော့်အနေနဲ့ အသေးစိတ်မပြောတော့ပါဘူး။ အဓိကက ကာကွယ် ဆေးအတုတွေကိုယုံပြီး မထိုးမိဖို့လိုပါတယ်။ ကာကွယ်ဆေးအတုတွေကို တင်သွင်းရောင်းချခြင်း မပြုဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ ဒါသည် လူ့အသက်ကို ခုတုံးလုပ်ပြီးစီးပွားရှာတဲ့ကိစ္စဖြစ်လို့ မသင့်တော်ပါဘူး။ ကာကွယ်ဆေးအတုတွေကို တင်သွင်းရောင်းချခြင်းမပြုဖို့ ပြည်သူတွေအနေနဲ့ စိတ်မချရတဲ့ ကာကွယ်ဆေးတွေ၊ ခုနတင်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကာကွယ်ဆေး တွေကို ထိုးနှံခြင်းမပြုဖို့ ကျွန်တော့်အနေနဲ့ အဓိက သတင်းစကားပေးလိုပါတယ်။
အရည်အသွေးကောင်းမွန်၊ အာနိသင်ထက်မြက်၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ကာကွယ်ဆေးတွေကို ပြည်သူတွေ စနစ်တကျရရှိရေးအတွက် အသိပေး၊ သတိပေးခြင်း ဆောင်ရွက်တာတွေအပြင် နိုင်ငံတော် အနေနဲ့ ပုဂ္ဂလိကကဏ္ဍအတွက် တရားဝင် လမ်းကြောင်းတွေ ဖွင့်ထားပေးတယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက ဒီလို ပထမလှိုင်း၊ ဒုတိယလှိုင်း နဲ့ တတိယလှိုင်းဖြစ်ပွားမှုတွေမှာ တတိယလှိုင်း ဖြစ်စဉ်က ကူးစက်မှုလည်းမြန်တယ်။ ဆက်တိုက် ကူးစက်မှုတွေကလည်း များတယ်။ ဖြစ်ပွားတဲ့သူ များလာတာနဲ့အမျှ အခြေခံအိမ်သုံးဆေးဝါးတွေ ဈေးတက်တဲ့ ကိစ္စတွေလည်းရှိပါတယ်။ ဆေးဝါးတွေ ဝယ်ယူရာမှာ ကျွန်တော့်အနေနဲ့ ပြည်သူများ သိရှိ သင့်တဲ့ ကျန်းမာရေးအသိပညာ အခြေခံအချက် အလက်တွေကို အကြမ်းဖျင်းတင်ပြလိုတာက ကိုယ်ဝယ်ယူတဲ့ဆေးဆိုင်က စနစ်တကျမှတ်ပုံတင် ထားတဲ့ ဆေးဆိုင် ဟုတ်၊ မဟုတ် အရင်ကြည့်ဖို့ပါ။
လိုင်စင်သက်တမ်းရှိတဲ့ ဆေးအရောင်းဆိုင် သို့မဟုတ် လုပ်ငန်းကုမ္ပဏီ၊ အဓိက တရားဝင်ဖြစ်ဖို့ လိုပါတယ်။ တရားဝင်ဖြစ်ကြောင်း အထောက် အထားရှိဖို့ လိုပါတယ်။ ဒီလိုဆေးဆိုင်မျိုးဖြစ်ဖို့လို ပါတယ်။ အွန်လိုင်းကနေ တရားမဝင် ရောင်းချတဲ့၊ အာမခံချက်မပေးနိုင်တဲ့ မည်သည့်ဆေးဝါး ဆေးပစ္စည်းကိုမဆို ဝယ်ယူသုံးစွဲခြင်းက လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ဆေးတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းဈေးကွက်က ရောင်းတာလည်း ဖြစ်နေ တယ်။ ဒါပေမယ့် အာမခံချက်ပေးနိုင်လားဆိုတော့ မပေးနိုင်ဘူး၊ တရားဝင်လားဆိုတော့ မဝင်ဘူး၊ အန္တရာယ်ဖြစ်ရင်တောင် ဘယ်သွားပြောရမှန်း မသိဘူးဆိုတာမျိုး ဖြစ်နေပါတယ်။ အွန်လိုင်းကနေ တရားမဝင်ရောင်းချတဲ့ ဆေးတွေကို လုံးဝသုံးစွဲ ခြင်းမပြုဖို့၊ တရားဝင်လိုင်စင်သက်တမ်းရှိ တဲ့ဆေးဆိုင်ကပဲ ဝယ်ယူဖို့ ဦးစွာ တင်ပြလိုပါတယ်။
နောက်တစ်ခုက မိမိဝယ်ယူသုံးစွဲတဲ့ဆေးကတ် သို့မဟုတ် ဘူးခွံအပေါ်မှာ ကျန်းမာရေးဝန်ကြီး ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိအမှတ်ပြုတဲ့ မှတ်ပုံတင်လက်မှတ် Myanmar Registration Number ပါ/မပါ ကြည့်ရပါမယ်။ နောက်ပြီး ထုတ်လုပ်တဲ့ရက်၊ သက်တမ်းကုန်ဆုံးမယ့်ရက်တွေကို ရှင်းလင်းစွာ ဖော်ပြထားရမယ်။ ထုတ်ပိုးမှုစနစ် ကောင်းမွန်ပြီး ဆေးညွှန်း အမှတ်အသားတွေ၊ ပါဝင်ပစ္စည်းတွေကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားရပါမယ်။ ဆရာဝန် ညွှန်းဆိုမှုနဲ့ သောက်ရမယ့်ဆေးတွေဆိုရင်
တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်ရဲ့ ညွှန်ကြား မှု၊ တိုင်ပင်မှုနဲ့ ဝယ်ယူသင့်ပါတယ်။
ဝယ်ယူသုံးစွဲလို့ရ
ဆေးဈေးအလွန်ကြီးမြင့်ပြီး လတ်တလော ဝယ်ယူရန်ရှားပါးတဲ့ နာမည်ကြီးတံဆိပ်ဆေး တွေကို ဥပမာ - ပါရာစီတမောတံဆိပ်တစ်ခုဆို အားလုံးသိပါတယ်။ အရင်တုန်းက တစ်ကတ်ကို နှစ်ရာ၊ သုံးရာလောက် ပေးရတာက အခု ၄၀၀၀၊ ၅၀၀၀ ပေးတာတောင် ရှာလို့မရဘူး။ ဒီလို ဖြစ်မယ်ဆိုရင် မူလဆေးဝါးဗေဒအမည်တူမယ်၊ အထဲမှာပါတဲ့ဆေးပမာဏတူမယ်၊ ပါရာစီတမော ၅၀၀ မီလီဂရမ်တူတာ၊ မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုတဲ့ မှတ်ပုံတင်လက်မှတ်လည်း ပါတယ်။ သက်တမ်းကုန်ဆုံးမယ့်ရက်လည်း ဝေးသေးတယ်ဆိုရင် ဒီလိုဆေးကို ဝယ်ယူသုံးစွဲလို့ ရပါတယ်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ မူလဆေးဝါးဗေဒအမည်နဲ့ဆေး Generic Medicine ဖြစ်ရင် သူကကုန်ပစ္စည်းတံဆိပ် Brand Name တွေမပါဘူး။ မူလဆေးဝါးဗေဒအမည် ပါရာ စီတမော ၅၀၀ မီလီဂရမ်ဆိုတာပါမယ်၊ ဘူးနဲ့လာရင် လာမယ်။ အောက်မှာကြည့်လိုက်ရင် Myanmar Registration Number ပါမယ်။ ထုပ်ပိုးမှုရော၊ ထုတ်လုပ်မှုရော ကောင်းမွန်တယ်။ သက်တမ်း ကုန်ဆုံးမယ့်ရက်တွေလည်း ဖော်ပြထားတယ်။ ဒီလိုဆေးမျိုးဆိုရင် ဝယ်ရင်ဈေးသက်သာတယ်။ အရည်အသွေးလည်းကောင်းတယ်။ ဒါမျိုးဆိုရင် ဝယ်သောက်သင့်ပါတယ်။ အစားထိုးဝယ်ယူ
သုံးစွဲသင့်တဲ့အကြောင်းကို ဒီနေရာက တင်ပြလိုပါ တယ်။
နောက်တစ်ခုက ဈေးအလွန်သက်သာတာ ကိုကြည့်ပြီး ဝယ်ယူတာကိုလည်း ရှောင်သင့် ပါတယ်။ ဘူးနဲ့မဟုတ်တော့ဘဲ အလုံးအပြေတွေ လည်း ဖြစ်မယ်ဆိုရင် ရှောင်သင့်ပါတယ်။ ကျန်းမာ ရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန အသိအမှတ်ပြု မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်လည်းမပါဘူး၊ စနစ် တကျထုပ်ပိုးမှုမရှိဘူး၊ ထုတ်လုပ်တဲ့ရက်၊ သက်တမ်းကုန်ဆုံးတဲ့ရက်မပါဘူး၊ ဘူးနဲ့ မဟုတ် တော့ဘဲ အလုံးအပြေတွေဆိုတော့ ဘာမှမမြင်ရ၊ မသိရတော့ဘူး ဒီလိုဆိုရင် ဆေးဝါးအတုလည်း ဖြစ်နိုင်တယ်။
b စာမျက်နှာ ၁၇ မှ
အရည်အသွေးလည်း မပြည့်ဝတာဖြစ်နိုင်တယ်၊ သက်တမ်းလွန်တဲ့ ဆေးဝါးလည်းဖြစ်နိုင်တယ်။ ဘူးနဲ့မဟုတ်ဘဲ အလုံးအပြေတွေဖြစ်သွားတော့ မသိနိုင်တော့ဘူး။ ဒီလိုမျိုးတွေကို ဈေးလျှော့ ရောင်းတာဆိုရင်လည်း ရှောင်သင့်ပါတယ်။ သောက်မိရင် အကျိုးကျေးဇူး မရှိနိုင်ပါဘူး၊ အန္တရာယ်တောင် ဖြစ်နိုင်ပါတယ်။
ဆေးဝါးဝယ်ယူရာမှာ အဓိက ရှောင်ကြဉ်ရမှာ နောက်တစ်ခုက တော်တော်ကို အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါက စပ်ဆေးဖြစ်ပါတယ်။ ရပ်ရွာ ထဲမှာလည်း ကြားနေရတယ်။ နေမကောင်းရင် ကွမ်းယာဆိုင်က စပ်ဆေးသောက်လိုက်ရင် နေကောင်းသွားတယ် ဆိုပြီးပေါ့။ ဒါကအတော့်ကို အန္တရာယ်ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ စပ်ဆေးမှာပါတဲ့ အချို့ဆေးတွေက အလုံးအပြေတွေရောထားတယ်။ ဘာပါမှန်း၊ ဘာဆေးမှန်းလည်း မသိဘူး။ များသော အားဖြင့် ထည့်တတ်တဲ့ ဆေးတွေက ပဋိဇီဝဆေး တွေ၊ ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်ဆေးတွေ၊ အချို့ဆိုရင် သက်တမ်းလွန်နေ တဲ့ ဆေးတွေလည်း ထည့်တတ်ပါတယ်။
စတီးရွိုက်ဆေးတွေရဲ့ သဘောက ရောဂါကို ခဏတာသက်သာစေပါတယ်။ နောက်ပြီးရင် ရောဂါ ရဲ့ ပြင်းထန်မှုက ပိုသထက်ပိုလာပြီး အသက်သေဆုံး တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ စပ်ဆေးကို မကြာခဏ ဝယ်ယူသောက်သုံးမယ်ဆိုရင် ပြင်းထန် တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်ဆေး တွေကြောင့် အစာအိမ်၊ ကျောက်ကပ်၊ နှလုံး သွေးကြောရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး အများကြီးခံစားရနိုင်ပါတယ်။ ပဋိဇီဝဆေးကို ဆေးပတ်လည်အောင် မသောက် တာ၊ အာနိသင်လျော့နေတဲ့ ပဋိဇီဝဆေးတွေကို သောက်တာကြောင့် ဆေးယဉ်ပါးတဲ့ ပြဿနာတွေ ဖြစ်ပြီး လူ့သက်တမ်းမစေ့ဘဲ စောစီးစွာ အသက် ဆုံးရှုံးနိုင်ပါတယ်။ စပ်ဆေးကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကိုဗစ် - ၁၉ ရောဂါဖြစ်တယ်လို့ သံသယရှိရင် အွန်လိုင်းပေါ်မှာတွေ့တဲ့ ဆေးမြီးတို တွေနဲ့ ကုသမှုလုံးဝမပြုလုပ်သင့်တာ ဖြစ်ပါ တယ်။ နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်ပြီး စနစ်ကျကုသမှုခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ အိမ်တွင်းဆေးမြီးတိုနဲ့ ကုသတာက ရောဂါကြောင့် သေဆုံးမှုကို မြင့်တက်စေပြီး အိမ်မှာရှိတဲ့ ကျန်တဲ့ မိသားစုဝင်တွေကို ကူးစက်မှုကို မြင့်မားစေတဲ့ အတွက် အိမ်မှာဆေးမြီးတိုနဲ့ ကုသခြင်းကိုလည်း လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
ဆေးဆိုင်မှာ ဆေးဝယ်တဲ့အခါမှာလည်း အိမ်က ထွက်ပြီဆိုတာနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်မယ်။ မေးစေ့မှာ မချိတ်ပါနဲ့။ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေး မယ်။ အခြားသူတွေနဲ့ ခပ်ခွာခွာနေမယ်။ လိုအပ်ရင် ခြောက်ပေအကွာ စနစ်တကျ တန်းစီဝယ်မယ်။ လူစုလူဝေးဖြစ်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါ တယ်။ လိုအပ်တဲ့ပမာဏကိုသာဝယ်ပြီး မလိုအပ်ဘဲ အလွန်အကျွံ ဆေးတွေအမြောက်အမြား မဝယ်ယူဖို့ လိုပါတယ်။
ဒီလို ဆေးဝါးဝယ်ယူရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာတွေကို မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း မျှဝေခြင်းအားဖြင့် ဆေးဝါး နဲ့ပတ်သက်ရင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ဝယ်ယူ နိုင်မယ့်အပြင် ဆေးဆိုင်ကနေ ရောဂါကူးစက်စေ ခြင်း၊ အရည်အသွေးမပြည့်မီတဲ့ ဆေးတွေ၊ ဆေး အတုတွေကို သောက်သုံးမိလို့ အသက်အန္တရာယ် ဖြစ်စေခြင်း၊ ဆေးမြီးတိုနဲ့ ကိုဗစ် - ၁၉ ရောဂါကို ကုမိလို့ အိမ်မှာနေရင်း အသက်ဆုံးရှုံးရခြင်း အန္တရာယ်တွေကနေ ကင်းဝေးကြမှာဖြစ်တဲ့ အကြောင်း တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါ တယ်။