ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်)
လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၃-၈-၂၀၂၁ ရက်နေ့မှ ၃၁-၈-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။