
နေပြည်တော် ဩဂုတ် ၂၀
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေးအဆောက်အအုံများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက် နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသာမက ၎င်းတို့အဖွဲ့အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေသူများသည် ရတနာ သုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များ ကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ် တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင် လာကြကြောင်း တွေ့ရှိရသည်။
ဒလန်ဟုစွပ်စွဲ
ထိုသို့ ကိုးကွယ်ရာ ရဟန်းတော်ကိုပင် သတ်ဖြတ် အကြမ်းဖက်မှုပြုလုပ်ခဲ့ရာတွင် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မြို့နယ် သံပေါက်ကျေးရွာအုပ်စု လောင်းပြည့် ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင် ဦးဆောင်သည့် PDF အကြမ်း ဖက် လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့် ရောက်ရှိ လာပြီး ကျောင်းထိုင်ဆရာတော် ဉူးကောဝံသ (၇၄)နှစ် ဝါတော်(၅၄)ဝါအား ၎င်းတို့၏ လုပ်ဆောင် ချက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ သတင်းများ ပေးပို့နေသည်၊ ဒလန်ဖြစ်သည်ဟု စွပ်စွဲကာ တူမီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင် ဆရာတော် ဉူးကောဝံသတွင် သေနတ်ထိမှန်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ရ ကြောင်း သိရသည်။
အထက်ပါ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဆရာတော်သည် ဘာသာ၊ သာသနာ တိုးတက်စေ ရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် တက်ကြွစွာဆောင်ရွက်ခဲ့သည့်အပြင် လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း မခွဲခြားဘဲ ကူညီစောင့်ရှောက် ပေးလျက်ရှိသည့် သံဃာတော်တစ်ပါးဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေအတွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်ရန် အဆိုပါ ကျေးရွာသို့ရောက်ရှိခဲ့ပြီး ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင် များက ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်း၏ ဝေယျာ ဝစ္စလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခွင့်ပေးခဲ့သည့်အတွက် ဆရာတော်အား ယခုကဲ့သို့ သတင်းပေးဒလန်အဖြစ် စွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ အဆိုပါ PDF အကြမ်းဖက်အဖွဲ့သည် ဇွန် ၁၆ ရက်တွင် မင်းကင်းမြို့နယ် ပင်တင်း(တောင်)ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဉူးသုမင်္ဂလ သက်တော်(၆၃)နှစ် ဝါတော်(၄၃)ဝါကိုလည်း ကနီ မြို့နယ် မိချောင်းတွင်းကျေးရွာအနီး ဖမ်းဆီး သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။
လုံခြုံစိတ်ချရသည့်မြို့ရွာသို့ တိမ်းရှောင်
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သံဃာအချို့ကို ၎င်း PDF အကြမ်းဖက်အဖွဲ့များက လူမှုကွန်ရက်များမှတစ်ဆင့် သူလျှိုဒလန်များ အဖြစ် စွပ်စွဲခြင်း၊ အင်အားပြ၍ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် ဆရာတော်၊ သံဃာတော် များမှာ မိမိတို့၏ ကျောင်းထိုင်သည့် ဘုန်းတော်ကြီး ကျောင်းအသီးသီးတွင် ဝါတွင်းကာလ၌ ဝါဆိုဝါကပ် ခြင်း မပြုလုပ်နိုင်ဘဲ အခြားလုံခြုံစိတ်ချရသည့် မြို့/ရွာအသီးသီးသို့ တိမ်းရှောင်ဝါဆိုနေကြရကြောင်း သိရှိရသည်။
ထိုသို့ ရဟန်းသံဃာကိုပင် ရက်စက်စွာ အကြမ်း ဖက်သတ်ဖြတ်ခဲ့သူများကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိပြီး တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ဖော်ထုတ်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် လည်း အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်စပ်သူ များကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်