ရွှေပြည်သာမြို့နယ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးသူတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရန် တိုက်နှစ်လွှာမှ ခုန်ချထွက်ပြေးစဉ် ထိခိုက်သေဆုံး

 

နေပြည်တော်  ဩဂုတ် ၂၀    


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည် သာမြို့နယ်၌ ဖောက်ခွဲရေးပစ္စည်း များ ပြုလုပ်ပေးသူတစ်ဦး  လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ကိုရှောင်တိမ်းရန် တိုက်နှစ်လွှာမှ ခုန်ချထွက်ပြေးစဉ်     ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရွှေပြည်သာမြို့မ ရဲစခန်းတွင်   ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မဖြင့်   ဖမ်းဆီးစစ်ဆေးလျက် ရှိသည့်  နေလင်းထွန်း၏    ဝန်ခံ ထွက်ဆိုချက်အရ    အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များ      လုပ် ဆောင်ရာတွင်     အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်းများကို အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက် အထက် မင်္ဂလာလမ်း အမှတ် (၁၆၃)  နေ လင်းလင်းထွန်း(ခ) ဘိုဖြူ (၂၀နှစ်) (ဘ) ဦးထွေးအောင်မှ ပြုလုပ်ပေး ခြင်းဖြစ်ပြီး   လင်းလင်းထွန်းမှာ ရွှေပြည်သာမြို့နယ်    အမှတ် (ဒ/၁၇)ရပ်ကွက်၊ ဓမ္မသုခ(၆)လမ်း ရှိ “တော်ဝင်ပိတောက်” အဆောင် တွင်       တိမ်းရှောင်ပုန်းအောင်း နေထိုင်ကြောင်း သိရသည်။


ထိုကဲ့သို့ သိရှိရသည့်အတွက် လုံခြုံရေး      တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက်  မွန်းလွဲ  ၃ နာရီ တွင်          “တော်ဝင်ပိတောက်” အဆောင်သို့  သွားရောက်ရှာဖွေ ခဲ့ရာ လင်းလင်းထွန်းမှာ အဆောင် ၏  နှစ်လွှာ   ညာဘက်အခန်း၌ နေထိုင်ကြောင်း    သိရှိရသဖြင့် အဆိုပါအခန်းအတွင်း ဝင်ရောက် စဉ် လင်းလင်းထွန်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏  ဖမ်းဆီးခြင်းမခံ ဘဲ  အခန်း၏အနောက်ဘက်သို့ ပြေးထွက်သွားပြီး ပြတင်းတံခါးမှ ခုန်ချခဲ့ရာ အဆောက်အအုံအောက် ရှိ  ကွန်ကရစ်ပေါ်သို့    ပက်လက် ပြုတ်ကျခဲ့သဖြင့်  ဦးခေါင်း၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်ကာ    အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည်    လင်းလင်းထွန်း နေထိုင်ခဲ့သည့်   အခန်းအတွင်း ရှာဖွေခဲ့ရာ  ဖောက်ခွဲရေးပစ္စည်း များ သိမ်းဆည်းရရှိခဲ့ခြင်းမရှိဘဲ ၎င်းနှင့်အတူနေသည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်းကို ရှောင် တိမ်းရန် တိုက်ပေါ်မှ   ခုန်ချစဉ် သေဆုံးခဲ့သည့် လင်းလင်းထွန်း၏ ရုပ်အလောင်းကို တပ်မတော်ဆေးရုံ သို့ ပို့ဆောင်ထားရှိခဲ့ပြီး ရဲလုပ်ငန်း များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း      သတင်းရရှိသည်။    

သတင်းစဉ်