
နေပြည်တော် ဩဂုတ် ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် ကျော်ကျော်ဖုန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၅ ကီလိုကို လည်း ကောင်း၊ ထိုနေ့ ည ၇ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ကိုကိုလွင် မောင်းနှင်ပြီး နေထက်လင်း လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၃၀ ကို လည်းကောင်း။
အလားတူ ဩဂုတ် ၁၉ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်တွင် စောကျော်ထူး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၆ ပြား သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မော်လမြိုင်မြို့ မောင်ငံရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်