Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၂၁  ခုနှစ်၊ သြဂုတ်လ  ၂၁  ရက်) 
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ၂၀-၈-၂၀၂၁  ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၂၄၇/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ 
၂။    အဆိုပါ အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုကို  ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အောက်ပါစည်းကမ်းချက် များနှင့်အညီ နေထိုင်၊  ဆောင်ရွက်ရန်ဖြစ်သည်-
    (က)    မိမိတို့၏နေအိမ်  သို့မဟုတ်  အဆောင်များတွင်သာ နေထိုင်ရန်နှင့် တာဝန်နှင့်နာရေးမှအပ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ 
    (ခ)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရ ဘဏ်၊    ပုဂ္ဂလိကဘဏ်များအား   ယခင်ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ်ရန်၊ 
    (ဂ)    ကုန်ထုတ်စွမ်းအားမကျဆင်းစေရေးအတွက် အလုပ် သမားဝန်ကြီးဌာနနှင့်   သက်ဆိုင်ရာ  နေပြည်တော် ကောင်စီ၊  တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့များ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံများ အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉  ကာကွယ် ရေးဆိုင်ရာ  လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရန်၊ 
    (ဃ)     သက်ဆိုင်ရာဌာနအသီးသီး၏ မဖြစ်မနေဆောင်ရွက် ရမည့် အရေးကြီးရုံးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး work from home  နည်းလမ်းဖြင့်  လည်းကောင်း၊ အခြားသင့်လျော်သည့်    နည်းလမ်းများဖြင့်လည်း ကောင်း စီမံဆောင်ရွက်ရန်၊ 
    ( င )     မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံစားသောက် ကုန်များ ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရောင်းချ ရန်၊
    ( စ )     ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ရောင်းချသည့်ဆိုင် များ၊ ဆေးကုမ္ပဏီများ ဖွင့်လှစ်ရောင်းချရန်၊ 
    (ဆ)     စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ် (take away) ဖြင့်သာ ရောင်းချရန်၊ 
    (ဇ)     ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်၊ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများ နှင့် ဆေးခန်းများ) 
    (ဈ)     မဖြစ်မနေ နေအိမ်မှ ထွက်ခွာသွားရောက်ရမည့် ကိစ္စရပ် များ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း(Mask) အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေး အစီအမံ များ မဖြစ်မနေဝတ်ဆင်ရန်၊ 
    (ည)     မဖြစ်မနေ ခရီးသွားလာရမည့်ပုဂ္ဂိုလ်များ အဆင်ပြေ ချောမွေ့စေရေးအတွက်    ကုန်းလမ်း၊  ရေလမ်း၊ လေကြောင်းလမ်းတို့နှင့် ပတ်သက်သော စက်တပ် ယာဉ်များ ပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြေးဆွဲသွားလာ ခွင့်ပြုရန်၊ 
    (ဋ)     ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ        သွားလာမှုသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်၊
    (ဌ)    ကုန်တင်ကုန်ချဆိပ်ကမ်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်ရန်၊ 
    (ဍ)     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်။ 
၃။     အထက်ပါ   စည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက် ပါက   တည်ဆဲဥပဒေများနှင့်အညီ     အရေးယူသွားမည်   ဖြစ်ပါ သည်။