အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်
အများပြည်သူအလုပ်ပိတ်ရက်များအဖြစ်    တိုးမြှင့်သတ်မှတ်ကြေညာထားသော ၂၀၂၁ ခုနှစ်   ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ  နေ့ရက်များအတွင်း   မြန်မာနိုင်ငံ   ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြသည့်  ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနှင့်   ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်   အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ    ရင်းနှီးမြှုပ်နှံမှုနှင့်     ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန  (ရုံးချုပ်)  တွင် လည်းကောင်း၊  ရင်းနှီးမြှုပ်နှံမှုအတွက် ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအား  အမှတ်(၄၉)၊ စိမ်းလဲ့မေလမ်းသွယ်၊   ကမ္ဘာအေးဘုရားလမ်း၊  ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန  (ရန်ကုန်တိုင်းရုံးခွဲ)၌   ဖွင့်လှစ်ထားသည့် One Stop Services - OSS ရုံးတွင်လည်းကောင်း  ရုံးချိန်အတွင်း   လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန