
နေပြည်တော် ဩဂုတ် ၂၁
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း၂၉၀၀ ကျော် တန်ဖိုး ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် ည ၁၁ နာရီ တွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေး သွားကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီး၌ ကျောက်မဲမှ မန္တလေးသို့ ဝေမင်းဟန်(၂၅ နှစ်)မောင်းနှင်ပြီး ငြိမ်းချမ်း(၂၄ နှစ်)လိုက်ပါလာသည့် ISUZU ခြောက် ဘီး ကွန်တိန်နာမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၂၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၅၄၀၀၀၊ ဘိန်းကီလို ၃၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားရှိပြီး ကွင်း ဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်