ဝိုင်းမော်၊ ကမာရွတ်၊ မြောက်ဥက္ကလာပနှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂၁ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေး  ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဩဂုတ် ၂၀ ရက် နံနက်  ၈ နာရီ ၄၅ မိနစ်တွင် ဝိုင်းမော်မြို့  အမှတ်(၃)ရပ်ကွက်ရှိ မထွေးကြည်၏    နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ       ဘိန်းဖြူ သုည   ဒသမ   ၃၃     ကီလိုကို ဖမ်းဆီးရမိသည်။


အလားတူ  ယင်းနေ့     နံနက် ၁၁ နာရီတွင်   မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်း အဖွဲ့သည်     ကမာရွတ်မြို့နယ်    အမှတ်(၃)ရပ်ကွက်    ဦးလှော်ခြံ လမ်း အိမ်အမှတ်- ၁၇ ရှိ   ကိုမောင် ၏ နေအိမ်သို့     ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား     ၁၅၄ ပြား၊   အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့်    ဆေးခြောက် သုည ဒသမ  ၀၁၅  ကီလိုကိုလည်းကောင်း၊ ဆက်လက်၍     မွန်းလွဲ ၂ နာရီတွင် အဆိုပါ  နေအိမ်ရှေ့သို့   သက်စိုး ဟိန်း(ခ)မွန်ကြီး     မောင်းနှင်ပြီး ပိုင်စိုးဦး(ခ) ပိုင်စိုးနှင့်   အောင်ဝေ ဖြိုးတို့လိုက်ပါလာသည့် မော်တော် ယာဉ်ရောက်ရှိလာသဖြင့် စစ်ဆေး ရှာဖွေရာ  ပိုင်စိုးဦး (ခ)ပိုင်စိုးထံမှ    စိတ်ကြွရူးသွပ်ဆေးပြား    ၂၈၀၊  စိတ်ကြွရူးသွပ်ဆေးပြား    ၂၁၆၀  တို့ကို လည်းကောင်း၊     ဆက်လက် ၍ ညနေပိုင်းတွင်    ပိုင်စိုးဦး(ခ)ပိုင်စိုးနေထိုင်သည့်      မြောက် ဥက္ကလာပမြို့နယ်  (ဃ) ရပ်ကွက် နွယ်နီ-၄ လမ်း တိုက်အမှတ်(၅၀၅) ခြောက်လွှာရှိ      တိုက်ခန်းသို့    ဝင်ရောက်ရှာဖွေရာ       စိတ်ကြွ ရူးသွပ်ဆေးပြား    ၁၈၀၀   ကို လည်းကောင်း။


ထို့အတူ     ယင်းနေ့ မွန်းလွဲ ၂  နာရီတွင်     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်        ရွာငံမြို့နယ် အောင်ပန်း-  ရွာငံသွားကားလမ်း မိုင်တိုင်အမှတ်(၄၇/၄) အနီးတွင် စိုးမိုးဝင်း(ခ)ဖိုးလုံး  မောင်းနှင်လာ သည့်      ဆိုင်ကယ်ကို    ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား     ၁၀၀၀၀     ကို လည်းကောင်း   သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါး  နှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား