
နေပြည်တော် ဩဂုတ် ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာ တွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိမ်သုံးအောက်ဆီဂျင် စက် ၆၀၆ ခု၊ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံ ၅၀၀ နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အရည်)အိုး ၁၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၄၀၊ Oxygen (အရည်) Storage Container/Tank တစ်ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် တစ်လုံးအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် နှစ်စီးဖြင့် ၃၉ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၃၆ တန်၊ Oxygen(အရည်) Storage Container/Tank တစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၆၉၀၃ ခု၊ အောက်ဆီဂျင် Plant ခုနစ်ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် ခြောက်ခု၊ အိမ်သုံးအောက်ဆီဂျင် စက် ၁၁၁၃ ခု၊ Test Kit ၂၄၀၀၀၊ တစ်ကိုယ်ရည်သုံး ကာကွယ်ရေး ဝတ်စုံ ၁၁၂၅၀၀၊ လက်အိတ် ၁၃ တန် နှင့် နှာခေါင်းစည်း ၆၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၉ ခုမှ ယာဉ်စီးရေ ၅၄ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
တင်သွင်းခွင့်ပြုခဲ့
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ယာဉ်စီးရေ ၁၉၃၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် တန် ၁၉၃၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၈၇၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(Bowser) ယာဉ်ဖြင့် ကိုးတန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၁၈၇ တန်၊ Storage Container ၁၃ ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၈၃၁၅၁ ခု၊ Oxygen Plant ၄၈ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် ခြောက်ခု၊ အောက်ဆီဂျင် ဖြည့်ကိရိယာ နှစ်စုံ၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် ၂၈ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၅၂၆၂၅ ခု၊ Test Kit ၅၀၈၆၈၆ ခု၊ တစ်ကိုယ်ရည်သုံး ကာကွယ်ရေး ဝတ်စုံ ၈၅၅၄၀၀၊ လက်အိတ် ၁၁၃ တန်နှင့် နှာခေါင်းစည်း ၂၇၁၂ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၉၅ စီးမှာ ရန်ကုန်မြို့သို့ အစီး ၇၀၊ မန္တလေးမြို့သို့ ၁၅စီး၊ မော်လမြိုင်မြို့သို့ လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး၊ သံဖြူဇရပ် မြို့သို့ တစ်စီး၊ မုံရွာမြို့သို့ တစ်စီး၊ နေပြည်တော်သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၄၈ ခုမှာ ရန်ကုန်မြို့သို့ ၁၅ ခု၊ လားရှိုးမြို့သို့ ငါးခု၊ မန္တလေးမြို့သို့ ငါးခု၊ ပဲခူးမြို့သို့ လေးခု၊ ကျောက်ပန်းတောင်းမြို့သို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ မုံရွာ မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါး မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန် သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ယနေ့ရက်စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
ဆောင်ရွက်ပေးထား
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ(Contact Person)များနှင့် အသိပေးကြေညာချက်များကို လည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်