လီဗာပူးကွင်းလယ်ကစားသမား ရှာကွီရီ လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့

 

 

ဆွစ်ဇာလန်ကစားသမား ရှာကွီရီသည် လီဗာပူးအသင်းမှ လိုင်ယွန် အသင်းထံသို့ ပေါင် ၉ ဒသမ ၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့သွား ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၉ နှစ် အရွယ်ရှိ ရှာကွီရီသည် လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ 
ရှာကွီရီသည် ယခုနှစ် အပြောင်းအရွှေ့ကာလတွင် လီဗာပူးအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းထံသို့ ဝီလ်ဂျနေဒမ် ပြောင်းရွှေ့သွားပြီးနောက် လီဂူးဝမ်းကလပ်သို့ ပြောင်းရွှေ့သွားသည့် ဒုတိယမြောက် လီဗာပူးကစားသမားဖြစ်လာခဲ့သည်။ ရှာကွီရီသည် လီဗာပူးအသင်းသို့ ၂၀၁၈ ခုနှစ်တွင် စတုတ်အသင်းမှ ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်  ၉၂ ပွဲပါဝင်ကစားထားကာ ၁၅ ဂိုးသွင်းယူပေးထားသည်။ 
၎င်းသည်    ပြီးခဲ့သည့်ရာသီ   နည်းပြကလော့ပ်   လက်ထက်၌ ပရီမီယာလိဂ်ပြိုင်ပွဲတွင် ငါးပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင် ကစားခွင့်ရရှိခဲ့သည်။                    သို့သော်လည်း    ရှာကွီရီသည် ယခုနှစ်ရာသီ  လိဂ်ပြိုင်ပွဲတွင်  ပါဝင် ကစားခွင့်ရရှိထားခြင်းမရှိပေ။ ဘေဆယ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်အသင်း တို့တွင်  ကစားခဲ့ဖူးသည့်  ရှာကွီရီသည် ဘေဆယ်၊ ဘိုင်ယန်မြူးနှစ်နှင့် လီဗာပူး အသင်းတို့တွင် ဆုဖလားများစွာ ဆွတ်ခူး ရရှိထားသည်။ 
ထို့ကြောင့်       ရှာကွီရီအနေဖြင့် လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းတွင် အောင်မြင်မှုသရဖူ         စိုက်ထူသွားနိုင် မလား    စောင့်ကြည့်ရမည်ဖြစ်သည်။ ရှာကွီရီသည်         ဆွစ်ဇာလန်အသင်း အတွက် ၉၆ ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီး ၂၆ ဂိုး သွင်းယူပေးထားသည်။ 
လိုင်ယွန်အသင်းသည် ယခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲ   ပွဲစဉ်(၁)၌  ဘရက်စ် အသင်းနှင့် တစ်ဖက်တစ်ဂိုး စီသရေကျ ထားပြီး   ပွဲစဉ် (၂)   အိန်ဂျားအသင်းနှင့် ပွဲစဉ်တွင် သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထား သည်။ ထို့အပြင် ပြီးခဲ့သည့် ပွဲစဉ် (၃) တွင်လည်း ကလီမွန့်အသင်းကို တစ်ဖက် သုံးဂိုးစီ သရေကျထားသည်။ ထို့ကြောင့် လိုင်ယွန်အသင်းသည်  ယခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲ   ပွဲစဉ်(၃)အပြီးတွင် တစ်ပွဲရှုံးပြီး နှစ်ပွဲသရေကျထားသော ကြောင့် ရမှတ် နှစ်မှတ်သာ ရရှိထားသေး သည်။ လိုင်ယွန်အသင်းသည် လာမည့် ပွဲစဉ်အဖြစ်  ဩဂုတ်  ၂၈  ရက်တွင် နန့်တက်အသင်းနှင့်    ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။     
                             အောင်ဇော်