မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)သို့ အလှူငွေများ၊ ကလေးအဝတ်အထည်နှင့် ကစားစရာများ လှူဒါန်း

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)သို့
အလှူငွေများ၊ ကလေးအဝတ်အထည်နှင့် ကစားစရာများ လှူဒါန်း
=======================================================
 
နေပြည်တော် ဇန်နဝါရီ ၅
 
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း(ဗဟို)မှ ဆောင်ရွက်လျက် ရှိသော ရင်ခွင်မဲ့ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် Diplomatic and International Golfer’s Affiliation of Yangon က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၀၀၀၊ ကလေးများအတွက် အဝတ် အထည်နှင့် ကစားစရာများကို စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စဗန်နက် ဆာချန်ယွမ်ရင်က လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီဂုဏ်ထူး ဆောင်ကောင်စစ်ဝန် ဒေါ်တင့်တင့် လွင်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်ဂုဏ်ထူး ဆောင်ကောင်စစ်ဝန် ဒေါ်လှလှဝေနှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူး ဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင် ဦးနှင့်ဇနီးတို့က ငွေကျပ် သုံးသိန်းစီကို လည်းကောင်း ယနေ့နံနက်ပိုင်းတွင် လာရောက် ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ပြီး စင်ကာပူနိုင်ငံ သံအမတ်ကြီးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
 
ဆက်လက်၍ အသင်းဥက္ကဋ္ဌက အလှူငွေနှင့် ပစ္စည်းများလက်ခံ၍ ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်