
နေပြည်တော် ဩဂုတ် ၂၆
အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် တိုက်ကြီး မြို့နယ် မင်္ဂလာရပ်ကွက် တရားရုံး လမ်းရှိနေအိမ်သို့ လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ (NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) အပါ အဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ငါးဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိခဲ့သူ ထိန်ဝင်း၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၂ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွား ရေးရပ်ကွက် မင်းရဲကျော်စွာလမ်း အမှတ်(၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုး မိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး (အသေး) တစ်ထုပ်နှင့် လက်လုပ် မိုင်းပြုလုပ်ရာတွင် အသုံးပြုသော အခြား ဆက်စပ်ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင်ကျောင်း သားများ သပိတ်စစ်ကြောင်း စာသားပါ ဗီနိုင်းတို့ကို ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဆက်စပ်သူများ ဖြစ်သည့် စံပယ် (မင်္ဂလာဒုံ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ဆေးဘက် ဆိုင်ရာ တာဝန်ခံ) ကို ဩဂုတ် ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္ဇူသက လမ်း အမှတ်(၁၂၇)၌ လည်း ကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ထွန်းထွန်းကို ထောက်ကြန့်မြို့ လမ်းဆုံရပ်ကွက် ပြည်လမ်း အမှတ်(၅၃)၌ လည်းကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ် (၃၀)ရပ်ကွက် ထွန်းသီရိ (၁)လမ်း အမှတ် (၅၂၄/ က) ၌ လည်းကောင်း၊ အေးငြိမ်းမိုး နှင့် အောင်သူထက် တို့ကို ဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက် ခိုင်ရွှေဝါလမ်း အမှတ် (၃၂၆)တွင် လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် ခင်စန္ဒာဝင်း (နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ ဇနီး)ကို အင်းစိန်မြို့နယ် ရွာမ အရှေ့ရပ်ကွက် လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်းထောင် (အင်းစိန်)အနီးတွင်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ခင်မြတ်သူ (NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) သည် ဖြူဖြူသင်း(CRPH အဖွဲ့ဝင်၊ ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)၏စေခိုင်းချက်အရ NLD ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်းအများစုဖြင့် ဖွဲ့စည်း ထားသော CDM Supporting အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ပါဝင်ခဲ့ကြောင်း၊ CDM ဝန်ထမ်းများ၏ အချက် အလက်များအား နီနီမေမြင့် (NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)မှတစ်ဆင့် ဖြူဖြူ သင်းထံ ပေးပို့ခဲ့သဖြင့် မတ်လတွင် CDM ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀၊ နေ့စားဝန်ထမ်း တစ်ဦး လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်း ၄၀၀ အတွက် လည်း ကောင်း၊ မေလမှစတင်၍ တစ်ဦး လျှင် ၅၀၀၀၀ ကျပ်ဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်း ၁၀၀၀ အတွက် ထောက်ပံ့ ပေးခဲ့ကြောင်း၊ ၎င်းငွေများအား ဖြူဖြူသင်းမှ ပေးပို့ခြင်းဖြစ် ကြောင်း။
ထို့ပြင် ဖြူဖြူသင်း က PDF များအတွက် ထောက်ပံ့ရန် ဖြူဖြူ ခိုင် (နှင်းဆီအပ်ချုပ်ဆိုင်၊ မုဒိတာ အိမ်ရာ၊ သမိုင်း) အား ငွေကျပ် ၁၅၀၀၀၀၀၊ ခင်စိုးစိုးကြည်(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)က ကျော့မေအောင် ထံ ငွေကျပ် ၃၀၀၀၀၀ ကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူ ထိန်ဝင်း (ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ပြန်ကြားရေးအဖွဲ့ဝင် ဟောင်း) သည် ဝေဖြိုးဟန် (ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း) က မင်္ဂလာဒုံ မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အား ဖွဲ့စည်းရန် တာဝန်ပေးသဖြင့် မင်္ဂလာဒုံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဒုတိယခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်မြို့တို့တွင် PDF သင်တန်းများ ဖွင့်လှစ်ခဲ့သော ညီညီမင်းနှင့် မင်းမင်း(ခ)ဘစိုင်း တို့ထံ လက်နက်ဝယ်ယူရန်နှင့် PDF များအတွက် ငွေကျပ် ၆၅၀၀၀၀၀ ကို ထောက်ပံ့ခဲ့ ကြောင်း၊ တိုက်ကြီးမြို့ မင်္ဂလာ ရပ်ကွက် တရားရုံးလမ်းရှိ နေအိမ် တွင် PDF သင်တန်းများဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြောင်း။
ဖမ်းဆီးရမိသူ အေးမင်းစိုး (မင်္ဂလာဒုံမြို့နယ်၊ PDF ရိက္ခာ တာဝန်ခံ၊ မင်္ဂလာဒုံမြို့နယ်၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဟောင်း) သည် ဝေဖြိုးဟန် (ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း)၏ စေခိုင်းမှုအရ PDF များအတွက် ရိက္ခာတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လခန့်မှ စတင်၍ ခင်စန္ဒာဝင်း (နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ ဇနီး)က လစဉ် ဆန်နှင့် ဆီများအား PDF အဖွဲ့များအတွက် ထောက်ပံ့ ပေးခဲ့ကြောင်း၊ ညီညီမင်း၏ စေခိုင်းမှုကြောင့် သန်လျင်၊ လှည်းကူး၊ တိုက်ကြီးမြို့တို့ရှိ PDF သင်တန်းများသို့ ရိက္ခာပစ္စည်း များ ပေးပို့ခဲ့ကြောင်း၊ တရားခံ ထွန်းထွန်းသည်လည်း KNU နယ်မြေတွင် ရောက်ရှိနေသော PDF များအတွက် ငွေကျပ် ၁၀၃၀၀၀၀၀ ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ NUG နှင့် ဆက်သွယ်၍ CDM ဝန်ထမ်းများအား ငွေကြေး ထောက်ပံ့ခြင်းနှင့် PDF အဖွဲ့များ ထံ ငွေကြေး၊ ရိက္ခာ၊ လက်နက် ခဲယမ်း ထောက်ပံ့ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် အခြား ဆက်စပ်တရားခံများအား အမြန် ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားကြပါရန်နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
သတင်းစဉ်