၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ယင်းက အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင် အထည်ဖော်ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။
၂။ အကြမ်းဖက်မှုများသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိပြီး စိုးရိမ် ကြောက်လန့်မှုများ ဖြစ်ပေါ်စေကာ၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာနိမ့်ကျစေသည်ဖြစ်၍ ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် အထူးလိုအပ်ပါသည်။
၃။ အကြမ်းဖက်မှုဆိုသည်မှာ မိမိကိုယ်တိုင် အကြမ်းဖက် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတို့နှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုလုပ် ပါက အကြမ်းဖက်မှု ကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်-
(က) အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊
( ခ ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုနိုင်စေရန်၊ လွတ်မြောက်စေရန် ထိမ်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံ ခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီ တည်းခိုနေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထားခြင်း၊
( ဂ ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန်၊ သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ၊
(ဃ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု တစ်ခုခု အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း။
၄။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရပါမည်။
၅။ အကြမ်းဖက်မှုများ တိုက်ဖျက်ရာတွင် သတင်းရရှိရေးသည် အလွန်အရေးကြီးပါသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက် သမား၊ အကြမ်းဖက်အုပ်စုများနှင့် စပ်လျဉ်း၍ သိရှိထားသည့် သတင်းများ၊ အကြမ်းဖက်မှုဖြစ်စေရန် အင်တာနက်၊ ဖေ့စ်ဘုတ် တို့တွင် လုပ်ကြံ ဖန်တီးထားသော သတင်းမှားများ ထုတ်လွှင့်နေသူ များကို သက်ဆိုင်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်း ပေးရန် လိုအပ်ပါသည်။ သတင်းပေးသည့် တာဝန်သိပြည်သူများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-
(က) သတင်းပေးသူသည် မိမိ၏ အမည်၊ နေရပ်တို့ကို ဖော်ပြခြင်းမပြုဘဲ သတင်းပေးနိုင်ပါသည်၊
( ခ ) သတင်းပေးသူအား အထူးလျှို့ဝှက်ထားမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်း၊ သက်သေခံစေခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ပါ၊
( ဂ ) သတင်းပေးသူ၏ လုံခြုံမှု၊ ၎င်းနှင့် ဆက်စပ်ပတ်သက် သူများ၏ လုံခြုံမှုတို့ကို တာဝန်ယူပေးမည် ဖြစ်ပါ သည်၊
(ဃ) သတင်းမှန်ကန်မှုနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုအပေါ် မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီးသူတို့အား ငွေပမာဏ ကန့်သတ်မထားဘဲ ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုဘဝလုံခြုံမှု အပြည့်အဝရရှိစေရန်နှင့် စိုးရိမ်ကြောက်လန့်မှုများမှ ကင်းဝေး စေရန် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၊ အကြမ်းဖက် အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်များမရှိစေရေး ဝိုင်းဝန်းဖော်ထုတ်ပေး ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
Type