
ရန်ကုန် ဩဂုတ် ၃၀
မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပရန် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင် ရွက်လျက်ရှိသည်။
အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ ပြည့် နှစ်တွင် ကျင်းပရမည်ဖြစ်သော် လည်း ကပ်ရောဂါကြောင့် ယခုနှစ် သို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင် နိုင်ငံအတည်ပြုခြင်းကို အုပ်စုမဲခွဲ ပွဲ ပြုလုပ်ရက်တွင် တစ်ပေါင်း တည်း ထုတ်ပြန်သွားဖွယ်ရှိနေ သည်။ ယခုပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲ ပုံစံအတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင် မပြေသဖြင့် Centralized Venue ပုံစံဖြင့် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲပုံစံအသစ် ပြောင်းလဲခဲ့ပြီး အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းမရှိတော့ဘဲ ပြိုင်ပွဲ ဝင် တစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို စက်တင်ဘာလ အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ ရွေးချယ်ပြုလုပ်ခဲ့သော် လည်း ၂၀၁၈ ခုနှစ်မှသာ ပြိုင်ပွဲပုံစံ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခု ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ကမ္ဘောဒီးယား၊ ထိုင်း အပါအဝင် နိုင်ငံအချို့ စိတ်ဝင်စား လျက်ရှိသည်။
မြန်မာအသင်းသည် ဆူဇူကီး ဖလားပြိုင်ပွဲတွင် အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၄ နှင့် ၂၀၁၆ ခုနှစ်တွင် ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။ ဆူဇူကီးဖလားပြိုင်ပွဲကို ၁၂ ကြိမ် ကျင်းပပြီးစီးထားပြီး ထိုင်းအသင်း က ချန်ပီယံဆု ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေသည်။
ရဲရင့်လွင်