
ရန်ကုန် ဩဂုတ် ၃၁
မြန်မာ မသန်စွမ်းအားကစား အဖွဲ့ ယှဉ်ပြိုင်မည့် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရပြီး ပါဝင်မည့် အားကစားနည်းများ မပြောင်းလဲ ကြောင်း သိရသည်။
၂၀၂၀ ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲနှစ်ခုစလုံးကို ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရထားပြီး ကပ်ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲနှစ်ခု စလုံးကို လာမည့်နှစ်သို့ ရွှေ့ဆိုင်း ထားရသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစား နည်း ၁၁ မျိုးသာ ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲရွှေ့ဆိုင်း သွားသော်လည်း ထည့်သွင်း ကျင်းပမည့် အားကစားနည်း ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ရေကူး၊ စားပွဲတင်တင်းနစ်၊ ပြေးခုန် ပစ်၊ မြားပစ်၊ ဂျူဒို၊ Boccia၊ အလေးမ၊ ကြက်တောင်၊ စစ်တုရင်၊ ဝှီးချဲတင်းနစ်နှင့် Goalball ပြိုင်ပွဲ များပါဝင်မည်ဖြစ်သည်။ ဗီယက် နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင် ပွဲကို ၂၀၂၂ ခုနှစ် ဧပြီလကုန်
သို့မဟုတ် မေလဆန်းတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး ဆီးဂိမ်းပြိုင်ပွဲကို ယင်းကာလ အတိုင်း ကျင်းပဖြစ်ပါက အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲ နောက်ပိုင်း နှစ်လယ်ပိုင်းတွင် ပြုလုပ်ဖွယ်ရှိနေသည်။ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ ပြီး ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် ဆက်လက်ကျင်းပကာ ဆီးဂိမ်း အိမ်ရှင်နိုင်ငံကပင် အိမ်ရှင်အဖြစ် ဆက်လက် လက်ခံကျင်းပခြင်း ဖြစ်သည်။ ၂၀၀၁ ပြိုင်ပွဲကို မလေးရှား၊ ၂၀၀၃ ပြိုင်ပွဲကို ဗီယက်နမ်၊ ၂၀၀၅ ပြိုင်ပွဲကို ဖိလစ်ပိုင်၊ ၂၀၀၈ ပြိုင်ပွဲကို ထိုင်း၊ ၂၀၀၉ ပြိုင်ပွဲကို မလေးရှား၊ ၂၀၁၁ ပြိုင်ပွဲကို အင်ဒိုနီးရှား၊ ၂၀၁၄ ပြိုင်ပွဲကို မြန်မာ၊ ၂၀၁၅ ပြိုင်ပွဲ ကို စင်ကာပူ၊ ၂၀၁၇ ပြိုင်ပွဲကို မလေးရှားနိုင်ငံတို့တွင် ကျင်းပ ခဲ့ပြီး ၂၀၂၀ ပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပရမည်ဖြစ် သော်လည်း ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ဖျက်သိမ်းခဲ့ရ သည်။
မြန်မာ မသန်စွမ်းအားကစား အဖွဲ့အနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်း ခုနစ်မျိုး၌ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
မြန်မာ မသန်စွမ်းအားကစား အဖွဲ့သည် ယင်းပြိုင်ပွဲတွင် အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ် ၁၈၁ ခု၊ ငွေတံဆိပ် ၁၃၂ ခု၊ ကြေးတံဆိပ် ၁၄၄ ခု ဆွတ်ခူး ရရှိထားကြောင်း မှတ်တမ်းများ အရ သိရသည်။
ရဲရင့်လွင်