ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

ဒုတိယသမ္မတ ဦးမြင့်ဆွေ၏
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

==============================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-

၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါ သမယမှာ အမိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနှင့် တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး ဘေးဘယာကင်းဝေး ကြပါစေ၊ အားလုံးမျှော်လင့် တောင့်တနေကြသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးကို အမြန်ဆုံးရရှိပြီး သာယာ ဝပြောသည့် နိုင်ငံတော်ကြီး တည်ဆောက် နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်။

နှစ်သစ်မှာ တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။