ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်ကောင်စီ
အမိန့်အမှတ်(၁၃၅/၂၀၂၁)
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက်
အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID- 19) ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများ ပြည်သူများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြို ကျောင်းများ ဖွင့်လှစ်ခြင်း မပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီ၏ (၃၁-၇-၂၀၂၁) ရက်စွဲပါ အမိန့် အမှတ် (၁၂၅/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသော အမိန့်ကြေညာစာသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိ အတည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ယခုအခါ Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိပါ သဖြင့် အဆိုပါအမိန့်ကြေညာချက်ပါ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
ဒေါက်တာမောင်မောင်နိုင်
ဥက္ကဋ္ဌ
နေပြည်တော်ကောင်စီ
Type