ကိုဗစ်ကာကွယ်ဆေးထိုးတာက စစ်ဆေးမှုတွေလုပ်ပြီးတော့မှ ထိုးပေးတာဆိုတော့ အန္တရာယ်ကင်းတယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ကို မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်

ဒေါ်ဌေးကြည်

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဟန့်တားနိုင်ရန်၊ ပြည်သူလူထုကို ထိရောက်သည့်ကာကွယ်ကုသမှုများပေးနိုင်ရန်၊ အခြေခံဆေးဝါး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပြည်သူများ၏ အခြေခံကျန်းမာရေး ဗဟုသုတအသိပညာရရှိရန်နှင့် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရမည့်သူများကို အမြန်ဆုံးကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

 


မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးနှံနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထက်ကို ကာကွယ်ဆေးထိုးနှံနိုင်ရန် နိုင်ငံတော်အနေဖြင့် အလေးပေးဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေး၏ အကျိုးများကို သိရှိနိုင်စေရန် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကာ ပျောက်ကင်းလာသူတို့၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။

 

ဦးဇော်ဇော်နိုင် (ဉာဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)


ကျွန်တော်က ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးတာကြာပါပြီ။ အခုကိုဗစ် တတိယလှိုင်းမှာ ကျွန်တော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရ တယ်။ ကိုဗစ်-၁၉ ရောဂါ စဖြစ်တဲ့ပုံစံက နှာစေး၊ ချောင်းဆိုးပြီး နှစ်ရက် မြောက်နေ့မှာ အနံ့စပျောက်ပါတယ်။   အနံ့ပျောက်တာက    ရှစ်ရက် ကြာပါတယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ အဖျားနည်းနည်းတက် ပါတယ်။ ရောဂါကူးစက်ခံရတဲ့အချိန်မှာ သောက်ရမယ့်ဆေးတွေကို နေ့စဉ်ပုံမှန်သောက်တယ်။ အိပ်ရေးဝအောင် အိပ်တယ်။ လေကောင်း လေသန့်ရရှိတဲ့နေရာတွေမှာ  နေထိုင်တယ်။    နေ့စဉ်   အသက်ရှူ လေ့ကျင့်ခန်းလုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားတယ်။  သင့်တင့်တဲ့   ကိုယ်လက်လှုပ်ရှား  လေ့ကျင့်ခန်းတွေကို လုပ်ပါတယ်။ ကူးစက်ခံရပြီဆိုရင် စိုးရိမ်စိတ်တွေကိုလျှော့ပါ။ အဲဒီလို စိုးရိမ်စိတ်ကို လျှော့ထားခြင်းကလည်း  ရောဂါကို  တွန်းလှန်ရာမှာ အဓိကကျပါတယ်။ ရောဂါကူးစက်ခံရပြီဆိုပြီး စိတ်ဓာတ်ကျနေလို့ လုံးဝမဖြစ်ပါဘူး။ ဒီလိုနည်းတွေနဲ့ ကျွန်တော် ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်လာခဲ့တာပါ။


အကောင်းဆုံးနည်းလမ်း


ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး သွားလာနေထိုင် တဲ့အပြင် ကာကွယ်ဆေးထိုးပြီး ကာကွယ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ရောဂါဖြစ်ပွားပြီဆိုရင်လည်း  ကာကွယ်ဆေး ထိုးထားတဲ့သူတွေက ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ ယှဉ်ရင် ရောဂါ ပြင်းထန်စွာမခံစားရဘူး။ သာမန်လက္ခဏာလောက်ပဲ ခံစားရပါ တယ်။ ဆေးရုံလည်း မတက်ရဘူး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားခြင်းက မိမိရဲ့အသက်ကို  သေဆုံးခြင်းကနေ  အမှန်တကယ် ကာကွယ်ပေးတာကြောင့် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရရှိရင် ကာကွယ်ဆေးကို သွားရောက် ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်။


အရှင်တေဇိန္ဓ   (အနောက်ဆည်စု၊    ဂူနှစ်လုံးအောက်ကျောင်း၊ လယ်ဝေးမြို့နယ်)


ကိုဗစ်ကာကွယ်ဆေးကို   နှစ်ကြိမ်မြောက်လာထိုးနှံတာပါ။ ရွာကနေ ဆေးထိုးနှံပေးတဲ့နေရာအထိ ဆိုင်ကယ်နဲ့ တစ်နာရီခွဲလောက် မောင်းရတယ်။     ကိုဗစ်-၁၉ ရောဂါက    ကူးစက်နှုန်းမြန်တယ်၊ အသေမြန်တယ်၊ ပြီးတော့ ရောဂါပိုးက ချောင်းဆိုး၊ နှာချေရင် လေထု ထဲပျံ့နှံ့နိုင်တယ်လို့ သိထားပါတယ်။ ဘုန်းဘုန်းတို့က လူသူထူထပ်တဲ့ နေရာတွေကို ဆွမ်းခံကြွရတော့ ကာကွယ်ဆေးထိုးထားမှ သင့်တော် မယ်လို့ ယုံကြည်တယ်။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာဆိုတော့ အခုအချိန် မှာ တရားနာ၊ ဂါထာတော်တွေကို  အားတဲ့အချိန်တိုင်း  ပွားများပြီး နေထိုင်သင့်တယ်။ တီဗွီ၊ ရေဒီယိုတွေကလာတဲ့  ပရိတ်တရားတော် တွေကိုလည်း နာကြားသင့်တယ်၊ မေတ္တာပွားရမယ်။ ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးတဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို  ဟန့်တား နိုင်မယ်လို့ ထင်ပါတယ်။  တကယ်လို့  ကူးစက်ခဲ့ရင်တောင် သာမန် လက္ခဏာလောက်ပဲဖြစ်တဲ့အတွက် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အချိန်မှာ လာရောက် ထိုးနှံကြဖို့ ပြောချင်ပါတယ်။


ဒေါ်ယဉ်မွန်သက် (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့)


အခုလို   ကိုဗစ်ကာကွယ်ဆေးကို  အခမဲ့ထိုးနှံပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးနေ တယ်ဆိုတာကလည်း          မိမိကျန်းမာရေးအတွက်ပဲဖြစ်တယ်။ ဆေးနှစ်ကြိမ်ထိုးနှံပြီးပြီဆိုတော့ သွားတာ၊ လာတာကအစ လုံခြုံတယ် လို့ခံစားရတယ်။ ဆေးထိုးထားတော့ ရောဂါကူးစက်မှု နည်းလာမယ်။ အသက် ၁၈ နှစ်ပြည့်ပြီး ပြည်သူတွေတိုင်းကို နိုင်ငံတော်အနေနဲ့ ဆေးထိုးနှံပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကာကွယ်ဆေးထိုး ထားပြီးပြီဆိုပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုတော့ လိုက်နာသွားရမှာပါ။ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့လည်း ထိုးနှံ ခွင့်ရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဒေါ်ဌေးကြည် (အမှတ်-၄ ရပ်ကွက်၊ လယ်ဝေးမြို့)


အခုကာကွယ်ဆေးက ထိုးမှဖြစ်မယ်။ အခုက ဆေးထိုးပြီးပြီဆိုတဲ့ အသိစိတ်နဲ့ စိတ်ထဲမှာ  တော်တော်လေးပေါ့သွားသလို စိတ်လည်း ချမ်းသာသွားတယ်။ ဆေးထိုးထားသူတွေက ရောဂါဖြစ်ပွားမှုကို ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ  ကာကွယ်ပေးနိုင်တယ်ဆိုပြီး သိထားတယ်။ ဆေးမထိုးထားခင်တုန်းကနဲ့ စိတ်ခံစားမှုကွာတယ်။ ပထမတော့ မယုံကြည်လို့တော့မဟုတ်ဘူး၊ မထိုးဘူးဆိုပြီး နေလိုက် တာ။ အခုက ကိုဗစ်-၁၉ ရောဂါက ကူးစက်မှုတော်တော်များလာတော့ လာထိုးတာပါ။ ကိုဗစ်ကာကွယ်ဆေးထိုးတာက စစ်ဆေးမှုတွေလုပ်ပြီး တော့မှ ထိုးပေးတာဆိုတော့   အန္တရာယ်ကင်းတယ်။  ဒါကြောင့်  ကာကွယ်ဆေးထိုးဖို့ကို မကြောက်ကြပါနဲ့လို့  ပြောချင်ပါတယ်။ မထိုးရ သေးသူတွေအနေနဲ့လည်း   ကာကွယ်ဆေးကို   မဖြစ်မနေထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်တင်မေနွဲ့ (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့)


ကျွန်မက အသက် ၆၉ နှစ်ရှိပါပြီ။ ကိုဗစ်ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပြီးချိန်မှာ နာလည်းမနာပါဘူး။ ကျန်းမာရေးကလည်း ပုံမှန်ပဲကောင်းပါတယ်။ ဒုတိယအကြိမ်   ရက်ချိန်းဖြစ်တဲ့  ဒီနေ့မှာ ထပ်မံလာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ အိမ်ထဲကနေ ဘယ်မှ မထွက် ပါဘူး။  ကိုဗစ်ကူးစက်မှုမြင့်တက်နေတာ အခုအချိန်မှာ ကူးစက်မှု ပြန်ကျလာပြီဆိုတာကိုတော့ သတင်းတွေကြည့်လို့သိရပါတယ်။ အခု အချိန်မှာ ကိုဗစ်ကူးစက်မှုက အကျဘက်ရောက်နေပြီဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မရသေးပါဘူး။ အခုလို ကိုဗစ်ကာကွယ်ဆေးထိုးပြီး တဲ့အချိန်မှာ  ကိုဗစ်ရောဂါကူးစက်ခဲ့ရင်တောင် ရောဂါပြင်းထန်မှု နည်းတယ်ဆိုတာ သိထားပါတယ်။ အဲဒီအတွက် ယုံကြည်ချက်လည်း ရှိပါတယ်။ အခုလို ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေးထိုးနှံနိုင်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ 


ဦးကြည်ဆွေ (အမှတ်-၅ ရပ်ကွက်၊ လယ်ဝေးမြို့)


အဘက အသက် ၇၃ နှစ်ရှိပါပြီ။ အခုက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးပါပြီ။ စိတ်ထဲမှာ အားကိုးအားထားရှိလာသလို မျိုးပဲ လုံခြုံမှုကိုခံစားရတယ်။ ပတ်ဝန်းကျင်မှာ ကိုဗစ်ဖြစ်ပွားနေတာတွေ တွေ့ဖူးမြင်ဖူးတယ်။ ကာကွယ်ဆေးထိုးထားသူနဲ့ မထိုးရသေးတဲ့သူ ကတော့ ကွာခြားမယ်။ ဆေးထိုးပြီးသူတွေကတော့ ကာကွယ်မှု ရှိမယ်။ အဘတို့ကတော့ အသက်ကြီးပြီဆိုတော့ လူသူထူထပ်တဲ့ နေရာတွေ မသွားဖြစ်ဘူး။  ကာကွယ်ဆေးထိုးနှံပေးတဲ့သူတွေကို ကျေးဇူးတင် တယ်။


ဒေါ်ခင်ခင်နွယ် (အမှတ်-၄ ရပ်ကွက်၊ လယ်ဝေးမြို့)'


အဘွားအသက်က ၇၂ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပြီးသားသူတွေနဲ့ မထိုးရသေးတဲ့သူတွေက ရောဂါဖြစ်ပွားချိန် မှာ ကွာခြားမှု   အများကြီးရှိမယ်လို့ထင်တယ်။    ရောဂါကူးစက်ခံရရင် လည်း ကာကွယ်ဆေးထိုးပြီးသားသူတွေက ခံနိုင်ရည်အား ပိုကောင်း မယ်လို့ ယုံကြည်ပြီး ကာကွယ်ဆေးထိုးနှံခဲ့တာ အခုဆို နှစ်ကြိမ်မြောက် ထိုးနှံပြီးပါပြီ။ အခု  ကာကွယ်ဆေးထိုးပြီးပြီဆိုတော့  ကိုဗစ်ရောဂါ မကူးစက်နိုင်တော့ဘူးလို့ ထင်တာပဲ။ အသက် ၆၅ နှစ်ကျော်တွေက ကိုယ်ခံအားနည်းတယ်။  အဘွားတို့လို သက်ကြီးဘိုးဘွားတွေကို နိုင်ငံတော်က ဦးစားပေးအစီအစဉ်အနေနဲ့ ကာကွယ်ဆေးထိုးခွင့်ပေးတဲ့ အတွက် ဝမ်းမြောက်ရပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူ တွေအားလုံးကိုလည်း နိုင်ငံတော်အစီအစဉ်နဲ့ ဆေးထိုးပေးစေချင်တယ်။ ဒါမှလည်း   ရောဂါကူးစက်မှုကို  ဟန့်တားနိုင်ပြီး    ရောဂါလည်း ပျောက်ကင်းသွားနိုင်မယ်။ 

တွေ့ဆုံမေးမြန်း - ဟန်မင်း
ဓာတ်ပုံ - ကိုအေး