
ကျွန်တော်မောင်အေးချမ်းတို့ ရွာသာယာမှာတော့ ဘကြီးမှန်က ဗဟုသုတနှံ့စပ်သည်။ နှိုင်းနှိုင်းချိန်ချိန် သုံးသပ်ပြောဆိုနိုင်သည်။ ဘကြီးမှန်က အသက် ၇၀ ကျော်ပြီဖြစ်ပေမယ့် သန်တုန်းမြန်တုန်း၊ စာဖတ်နိုင်တုန်းရှိသေးသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးနှံ့စပ်သည်။ ကျွန်တော်တို့လူငယ်များက နိုင်ငံရေးနှင့်ပတ်သက်ပြီး သိလိုလျှင် သူ့ထံ သွားရောက်မေးမြန်းဆွေးနွေးကြသည်။ သူ့ကို ဘကြီးမှန်ဟုခေါ်ရခြင်းသည် ဘယ်သူ့မှအားမနာတတ်ဘဲ မှန်မှန်ကန်ကန် တုတ်ထိုးအိုးပေါက် ပြောတတ်သလို သူတပ်ထားရသည့် မျက်မှန်ထူထူကြီးကြောင့်လည်းပါသည်။ လူငယ်များကို တန်ဖိုးထားပြီး ဆုံးမသွန်သင်တတ်သည်။ သူ့အိမ်လာလည်သည့် လူငယ်များအတွက် လက်ဖက်၊ အကြော်စုံနှင့်ရေနွေးကြမ်း မပြတ်စေရ။ ယခုလည်း ရွာထဲမှ လူငယ်တစ်စုက မြန်မာနိုင်ငံမှာဖြစ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး မတင်မကျ ဖြစ်နေသည့် ကိစ္စများရှိသည်။ အထူးသဖြင့်တော့ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိ၍ တပ်မတော်က အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရသည်နှင့်ပတ်သက်ပြီး ဂဃနဏ သိလိုလှသည်။ ယခုလည်း မဲရုံမှူးဆောင်ရွက်ခဲ့သူများက သူတို့အနေဖြင့် မဲမသမာမှု မလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုရေးသားနေကြသည်ကို မြင်ရဖတ်ရသည်။ ယခုလည်း ဤကိစ္စနှင့်ပတ်သက်ပြီး မျက်မှန်ထူထူကြီးနှင့် ဘကြီးမှန်၏သဘောထား ဘယ်လိုရှိမည်လဲဆိုသည်ကို လက်ဖက်စား၊ ရေနွေးကြမ်းလေးသောက်ရင်း မေးရမြန်းရပါဦးမည်။
မောင်အေးချမ်း ။ ။ဘကြီးမှန်ရေ။ ၂၀၂၀
ရွေးကောက်ပွဲရဲ့ရလဒ်တွေ ကို ပယ်ဖျက်လိုက်ပြီဆိုတော့ မဲမသမာမှုဖြစ်တဲ့ ကိစ္စတွေကိုတော့ လူပြောများလာကြပြီ။ သို့ပေမယ့် မဲရုံမှူးဆိုသူတွေကလည်း သူတို့တာဝန်ယူခဲ့တဲ့ မဲရုံမှာ မဲမသမာမှုမဖြစ်ခဲ့ဘူးဆိုပြီး ဆိုရှယ်မီဒီယာ ပေါ်မှာ ရေးနေပြောနေကြတာ တွေ့ရတယ်။ ဘကြီးမှန်ကော ဘယ်လိုထင်သတုံးဗျ။
ဘကြီးမှန်။ ။ အေး။ မင်းမေးတဲ့မေးခွန်းကို
တည့်တည့်ဖြေရရင်တော့ မဲရုံမှူးတိုင်း မဲမခိုးပါဘူးကွာ။ တချို့ NLD အမာခံ မဲရုံမှူးတွေ မသမာမှုလုပ်တာရှိနိုင်ပေမယ့် ရိုးရိုး သားသား တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ မဲရုံမှူးတွေ အများစုပါ။ မဲရုံမှူးတိုင်း မဲခိုးခဲ့တယ်လို့ ပြောလို့မရ ပါဘူး။ ပြည်သူကလည်း မဲမခိုးခဲ့ပါဘူး။ လူအများစု ထောက်ခံတယ်ပြောနေတဲ့ NLD အစိုးရနဲ့ ယခင် UEC အဖွဲ့ပေါင်းပြီးတော့ မဲလိမ်မဲခိုးခဲ့တာပါ။ အခုတော့ မဲရုံမှူးတွေကို ခုတုံးလုပ်ပြီး မဲလိမ်မဲခိုးမှု ကို ကာကွယ်နေကြတာတွေ မြင်ရကြားရပြန်တယ်။
လူတွေအတော်များများက မဲခိုးတယ်ဆိုရင် ပြည်သူတွေက မဲတွေ အထပ်ထပ်အခါခါလာပေး တယ်လို့ စွပ်စွဲနေတယ်ပဲထင်ကြတာကွ။ တကယ် တော့ မဲခိုးတယ်ဆိုတာ မဲစာရင်းတွေ ဖောင်းပွ အောင်လုပ်၊ မဲလက်မှတ်အပိုတွေ ရိုက်ထုတ်ပြီး မဲအရေအတွက် ပိုရအောင် စာရင်းလှည့်တာပါ။ လူတွေ အထပ်ထပ်အခါခါမဲပေးကြတာကို ဆိုလို တာ မဟုတ်ဘူး။ အခုမဲရုံတစ်ရုံမှာ ရှိရမယ့် မဲလက်မှတ်အရေအတွက်ထက် ပိုနေတာတွေ၊ လိုနေတာတွေက ဒါကြောင့်ပေါ့။ အလွန်အကျွံ ဖြစ်ကုန်တော့ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး စစ်တပ်က ဝင်စစ်ရတဲ့အခြေအနေကို ဆိုက်ရတာပဲမောင်ရေ။
မောင်အေးချမ်း။ ။ သို့ပေမယ့်လည်း မဲစာရင်း
ပြုစုတာတို့၊ စာရင်းကောက် တာတို့က ရပ်/ကျေး ရွေးကောက် ကော်မရှင်တွေ၊ ဥက္ကဋ္ဌတွေက ပေါင်းပြီးလုပ်ရတာမို့လား ဘကြီးမှန်ရ။ ဘယ်လိုမဲခိုးမတုံးဗျ။
ဘကြီးမှန်။ ။NLD အစိုးရက သူ့လူတွေနဲ့
အမာခံတွေကို ရပ်/ကျေး ဥက္ကဋ္ဌတွေ၊ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင် အစားထိုးခဲ့တယ်မဟုတ်လား မောင်ရင်ရဲ့။ မောင်ရင်တို့ရွာအဖြစ်ကိုပဲကြည့်လေ။ ပါတီ အားကိုးနဲ့ ထောင်ထောင်ထောင်ထောင်လုပ်နေတဲ့ ဟိုဥက္ကဋ္ဌတစ်ယောက်ဘယ်ရောက်။ အဲဒါက တကယ့်အခြေခံပြင်ဆင်မှုပေါ့။ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေက ဦးစီးပြီးလုပ်တာပေါ့။ သူတို့ကို မဲစာရင်းမှန်ဖို့ ကူညီရေးအဖွဲ့ဆိုပြီး ဖွဲ့တာသိတယ်မဟုတ်လား။ အမှန်က မဲစာရင်း ပြုစုတာကိုချုပ်ကိုင်ဖို့ ဖွဲ့ထားလိုက်တာပါ။ NLD ကို ထောက်ခံတဲ့သူတွေကတော့ ကိုယ့်လူတွေ ရပ်/ကျေးဥက္ကဋ္ဌတွေ၊ မြို့နယ်/ရပ်ကွက် ရွေးကော်အဖွဲ့ ဝင်တွေဖြစ်လာတော့ ကျေနပ်ကြတာပေါ့။ ထင်ထင်ရှားရှားဖြစ်သွားတာက ပဲခူးဝန်ကြီးချုပ် ဦးဝင်းသိန်းက NLD က သူ့တူမ စန်းစန်းမြတ်ကို ယခင် UEC မှာ ထည့်ဖွဲ့ထားသလိုမျိုးပေါ့ကွာ။
မောင်အေးချမ်း ။ ။ မဲစာရင်း ဖောင်းပွတာနဲ့
မဲခိုးတာ ဘယ်လိုသက်ဆိုင် လို့လဲ ဘကြီးမှန်ရ။ ကျွန်တော်တို့ ပြည်သူ တစ်ယောက်ကို မဲတစ်ခါပဲ ပေးခဲ့ကြတာလေ။
ဘကြီးမှန်။ ။ အေး… အတော်များများ
မျက်စိလည်နေကြတာ ဒီကိစ္စပဲ။ မဲစာရင်းဖောင်းပွအောင် လုပ်ထားလို့ မဲလက်မှတ်တွေ အပိုရိုက်ထုတ်လို့ရတာပေါ့။ မဲလက်မှတ်ဆိုတာက မဲပေးပိုင်ခွင့်ရှိသူ အရေ အတွက်ပေါ်မှာ မူတည်ပြီး ရိုက်ထုတ်ရတာ။ ဒီလို မဲလက်မှတ်အပိုတွေရိုက်ထုတ်ပြီး ကြိုတင်မဲတွေ၊ အခြားနည်းလမ်းတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ လိုသလိုဖြည့်လို့၊ လှည့်လို့ရအောင် လုပ်ထားကြ တာပေါ့ကွာ။ တချို့နေရာတွေမှာ NLD ပါတီရုံးတွေ ကနေ ကိုယ့်ပါတီကိုမဲပေးတဲ့ မဲလက်မှတ်တွေကို ချိတ်ဆက်ပြီး ပို့ပေးတာပေါ့။ ဒါကလည်း အောက်က လုပ်တဲ့လူတွေ မပိရိတော့ ပါတီတံဆိပ်နဲ့ ချိပ်ပိတ် ထားတဲ့ မဲလက်မှတ်ဆာလာအိတ်တွေ အထုပ်လိုက် တွေ့နေရတာမဟုတ်လား။ မဲရုံမှူးတွေက ဒီလိုကိစ္စ တွေကို ဘယ်သိပါ့မလဲ။ သူတို့က မဲရုံလေးတစ်ရုံရဲ့ မဲစာရင်းလောက်ပဲမြင်ရတာပါ။ သူတို့လက်ထဲက ထွက်သွားတဲ့ စာရင်းတွေ ဘာဖြစ်သွားသလဲဆိုတာ သူတို့မသိကြပါဘူး။
မောင်အေးချမ်း ။ ။ နည်းနည်းတော့ ဇာတ်ရည်
လည်သလိုလို ရှိလာပြီ ဘကြီးမှန်ရေ။ ဆက်ပါဦးဗျ။
ဘကြီးမှန်။ ။ အေးကွ။ ရပ်/ကျေးဥက္ကဋ္ဌ
တွေက မြို့နယ်ရွေးကော်နဲ့ လက်ဝါးချင်းရိုက်ပြီး ထောက်ခံချက်တွေလိုသလို ရိုက်ထုတ်ပေးခဲ့ကြတာ ရှိသေးတယ်။ ဒါတွေကို လည်း မဲရုံမှူးတွေ မသိရှာဘူးလေ။ မဲပေးတဲ့ မဲလက်မှတ်အရေအတွက်ဆိုတာ လက်ခံဖြတ်ပိုင်းနဲ့ ကိုက်ညီနေရတယ်။ မဲလက်မှတ်တွေ ၄၃ သန်းကျော် ထုတ်ထားပြီး ၂၇ သန်းကျော်ပဲ အသုံးပြုခဲ့ရတော့ ၁၅ သန်းကျော် ပိုရမှာပေါ့။ မဲရုံမှာ ပျောက်နေတဲ့ ဆန္ဒမဲပေးထားတဲ့ မဲလက်မှတ်ပေါင်း ၁၄ သိန်းကျော် ရှိတယ်။ NLD ပါတီမဟုတ်တဲ့ အခြားပါတီတွေကို ပေးတဲ့ မဲလက်မှတ်တွေကို ဖျောက်ဖျက်ခဲ့ကြပုံရ တယ်။ မဲရုံတွေမှာ စာရင်းမပါဘဲ ပိုနေတဲ့မဲလက်မှတ် တွေက လေးသိန်းကျော်ရှိပါတယ်။ ဒါကလည်း မဲလက်မှတ်အပိုတွေနဲ့ NLD ထောက်ခံမဲတွေရအောင် ဖြည့်ခဲ့ကြတာပေါ့။ NLD အမတ် ဇေယျာသော်တို့ ဝမ်းသာအားရနဲ့ မောင်ရင်တို့ ပြောပြောနေတဲ့ ဖွဘုတ်ပေါ်တင်လိုက်တဲ့ မဲရလဒ်တွေက မဲပေးခွင့် ရှိသူအရေအတွက်ထက် များနေတဲ့ကိစ္စမျိုးတွေ၊ PPP ကို ရောက်သွားတဲ့ မောင်ကျော်ဇေယျတို့ဆိုရင် သူ့မိသားစုပေးတဲ့မဲတွေတောင် မပါတော့ဘဲ ဖြစ်နေ တာမျိုးတွေ၊ သူ့ရဲ့ မဲဆန္ဒနယ်ကပဲ လူမနေတဲ့ ခြံလိပ်စာနဲ့ လူ ၃၀ ကျော်လောက် မဲပေးခဲ့တဲ့ ကိစ္စမျိုးတွေ၊ သဲကုန်းမှာ စာအုပ်နံပါတ်တပ်မထားတဲ့ မဲစာအုပ်အသစ် ကိုးအုပ်မိတယ်ဆိုတဲ့ ကိစ္စလိုမျိုး ပေါ့။ NLD အစိုးရဟာ ခိုးချင်လိုက်တာလည်းပြာလို့၊ နုံလိုက်တာလည်း ချာလို့ဆိုသလိုပါပဲ။ ဖုံးမရ ဖိမရ ကိစ္စတွေ များခဲ့တယ်ဆိုပါတော့။
မောင်အေးချမ်း ။ ။ ဒါတော့ဟုတ်တယ်ဗျ။ ဒီလို
ကိစ္စတွေက ဖွဘုတ်ပေါ်မှာ မမြင်ချင်မှအဆုံးပါပဲ။ NLD အမာခံတွေ၊ ပါတီဝင် တွေက ရပ်/ကျေးဥက္ကဋ္ဌတွေနဲ့ပေါင်းပြီး ရွေးကောက် ပွဲကိစ္စမှန်သမျှ ဝင်ရောက်လုပ်ကိုင်တာတွေတော့ ကျွန်တော်တို့သိပါတယ်။ ပါတီအလံတွေ၊ တံဆိပ် တွေသုံးပြီး ကြိုတင်မဲကောက်ကြသေးတယ်။ ဒါက တော့ မျက်စိရှေ့တင်ဖြစ်နေတာတွေပဲ။ ကြိုတင်မဲ ပေးရတဲ့ အဘိုးအဘွားတွေက မျက်စိမကောင်းကြ တော့ဘူးလေ။ NLD ကိုယ်စားလှယ်နေရာမှာ တံဆိပ်တုံးထုဖို့ ပြလိုက်ရုံပါပဲ။ ရွာမှာ ကြိုတင်မဲ ကောက်ကြတော့ NLD ပါတီက မဲလာကောက်တယ် လို့ ထင်နေကြသူတွေ အတော်များတယ်။
ဘကြီးမှန်။ ။ အေး…ဒါတင်မကသေးဘူး။
UEC အမှတ်တံဆိပ်မပါ၊ တံဆိပ်တုံးမထုဘဲ ဘောပင်နဲ့အမှန်ခြစ်ထားလည်း ခိုင်လုံမဲထည့်ရေတွက်လို့ရအောင် ညွှန်ကြားချက် တွေထုတ်ထားတာက ရှိသေးတယ်။ NLD မဲမှန်သမျှ ခိုင်လုံမဲဖြစ်အောင် လုပ်နိုင်တာပေါ့ကွာ။ အကြောင်း ပြချက်ကတော့ တံဆိပ်တုံးအတုထွက်တယ်ဆိုပြီး ပြောထားတာပေါ့။ အမှန်တော့ ကိုယ့်ဖဲကိုယ်ချိုး ထားတာမောင်ရေ။ ကိုဗစ်ကြောင့် ကြိုတင်မဲပေး ထားပြီးသူတွေလည်း မဲထပ်ပေးလို့ရအောင် တစ်ဖက် လှည့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ထားသေးတယ်။ အရင်က အဝေးရောက်နေတဲ့သူတွေ ကိုယ်ရောက်နေ တဲ့နေရာမှာ ပေးကြလို့ဆိုတယ်။ နောက်တော့ မဟုတ်တော့ပြန်ဘူး။ ကိုယ့်နယ်ကိုယ်ပြန်ပေးကြဆို တာ ဖြစ်ပြန်တယ်။ တချို့ကတော့ သတိမထားမိကြ ပါဘူး။ အမှန်တော့ မဲထပ်ပေးလို့ရအောင်ဆိုတာထက် ပိုနေတဲ့မဲအရေအတွက်တွေကို တရားဝင် အောင်လုပ်တာ။
မဲပေးဖို့အတွက် အချက်အလက်မခိုင်လုံဘဲ ကြိုတင်/မဲပေးဖို့ ခွင့်ပြုတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ ဥပမာ လက်ဗွေ/ လက်မှတ်မပါဘဲ မဲလက်မှတ်ထုတ်ပေးထားတဲ့ ကိစ္စတွေလိုမျိုးပေါ့။ အပြင်ကရောက်လာတဲ့မဲတွေ၊ အပိုထည့်ထားတဲ့ မဲတွေအတွက် စာရင်းကိုက်အောင် လုပ်ထားတာ။ သို့ပေမယ့်လို့ ပမာဏများပြားလွန်းတော့ ကိုက်ညီ အောင်မလုပ်နိုင်ခဲ့ကြပါဘူး။ ကြို့ပင်ကောက်က NLD အမတ် နော်ပွယ်စေးရဲ့မဲတွေမှာ ၂၀၁၅ က မဲလက်မှတ်တွေ ထည့်ရေတွက်ထားခဲ့တာတွေ ပေါ်လာရော။ ရေစကြိုမှာ မဲပေးရမယ့် အမတ်စာရင်းနဲ့ မကွေးကအမတ်တွေရဲ့စာရင်း လွဲနေတာတွေ သတိထားမိကြမှာပေါ့။ အမှန်တော့ မဲစာရင်းဖောင်းပွအောင်လုပ်ပြီး အပိုရိုက်ထုတ်ထား တဲ့ မဲလက်မှတ်အပိုတွေနဲ့ရောပြီး မှားပေးလိုက်မိ ကြပုံရတယ်။ အဲဒီမဲစာရင်းပြုစုဖို့အတွက် တစ်နိုင်ငံ လုံးက မြို့နယ်တွေမှာ ကွန်ပျူတာကျွမ်းကျင် ဆိုသူတွေကို သီးခြားခန့်ခဲ့ကြသေးတယ်ကွ။ နိုင်ငံခြားကဝင်ပြီး ရှုပ်ရှုပ်ရှုပ်ရှုပ်လုပ်တဲ့ကိစ္စတွေကိုတော့ ပေရှည်နေမှာစိုးလို့ ပြောမနေတော့ ပါဘူး။
မောင်အေးချမ်း ။ ။ ဒါဆို ကျွန်တော်တို့ပြည်သူ
တွေလည်း မဲမခိုးခဲ့သလို မဲရုံမှူးတွေ အများစုကလည်း ရိုးသားပြီး ကိုယ့်တာဝန်ကိုယ်ကျေအောင် ထမ်းဆောင်ခဲ့ကြ မှာပါပဲ။ တကယ်မရိုးသားခဲ့တာက NLD အစိုးရနဲ့ ပါတီပဲ။ ရွေးကောက်ပွဲမှာ လိုအပ်တာထက် ပိုနိုင် ချင်တဲ့ မတော်လောဘကြောင့် ဖြစ်ရတာပါဗျာ။ ရိုးရိုးသားသားနဲ့ ပြည်သူကပေးတဲ့ မဲအရေအတွက် ကို ဘယ်လောက်ပဲရရ လက်ခံမယ်ဆိုတဲ့ စိတ်မျိုး မွေးခဲ့ရင် ကျွန်တော်တို့နိုင်ငံကြီး ဒီအခြေအနေကို ဆိုက်မယ်မထင်ပါဘူးဗျာ။ တပ်မတော်ဘက် ကလည်း ဖြေရှင်းသင့်တဲ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အကြိမ်ကြိမ်ပြောနေခဲ့တာပဲလေ။
ဘကြီးမှန်။ ။ အေး .. အဖြစ်ကတော့ အဲဒါပဲ
မောင်အေးချမ်းရာ။ ဒီနေ့ ငါတို့ အားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေဟာ NLD ပါတီက အခြားပါတီအဖွဲ့အစည်းတွေနဲ့ မညှိနှိုင်းဘဲ တစ်ပါတီတည်း အစိုးရဖွဲ့လို့ရအောင် လွဲမှားတဲ့နည်းလမ်းနဲ့ လုပ်ကိုင်ခဲ့တဲ့ အကျိုးဆက် ပဲ။ ဒီမိုကရေစီနဲ့ မဲဆန္ဒရှင်တွေကို အလွဲသုံးစား လုပ်တာပေါ့ကွာ။ ဒီမိုကရေစီဆိုတဲ့စကားကို ရေပက်မဝင်ပြောတာတော့ ဒီပါတီကထိပ်ဆုံးကပဲ မောင်ရေ။ မင်းမေးတာကို အားလုံးပြန်ခြုံဖြေရရင် တော့ မဲရုံတိုင်း ဆန္ဒမဲလက်မှတ်တွေ လျော့နည်း တာ၊ တရားမဝင် အပိုဆန္ဒမဲလက်မှတ်တွေ ရှိနေတာ၊ မဲပေးနိုင်သူအရေအတွက်နဲ့ မဲလက်မှတ် အရေအတွက် မကိုက်ညီမှုတွေဟာ ရိုးရိုးသားသား မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ တာဝန် သိသိမဲပေးခဲ့တဲ့ ငါတို့မဲဆန္ဒရှင်ပြည်သူတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ဘယ်သူတွေတာဝန်ရှိလဲဆို တာကိုတော့ သက်ဆိုင်ရာက ဖော်ထုတ်ပြီး ဥပဒေ အရ ဆက်လုပ်သွားမယ်လို့ထင်တာပဲ။
မောင်အေးချမ်း။ ။ ကျေးဇူးပဲ ဘကြီးမှန်ရေ။
ကျွန်တော်လည်း အခုမှပဲ ဇာတ်ရည်လည်သွားတော့တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ရတော့မှာပဲ။ နောက်တစ်ခါတော့ ကျွန်တော်တို့ ပြည်သူတွေ လူရွေးမမှားကြဖို့ လိုမယ်ထင်တယ်ဗျာ။ ကျွန်တော် ကတော့ မြန်မာပြည်ကြီး အမြန်ပြန်လည် တည်ငြိမ် အေးချမ်းစေချင်တာပဲ သိတော့တယ်။ သွားလိုက်ဦး မယ် ဘကြီးမှန်ရေ။ ။
- Log in to post comments